ဦးအောင်သန်းဦး
အခြေခံပညာ ညွန်ချုပ် . . အင်တာဗျုး The Voice
Oct 4, 2016
ပညာရေးဘတ်ဂျတ် တိုးရှိလို့ . . ရတဲ့ဘတ်ဂျတ်ငွေရဲ့ ၈၅% ကို ဆရာဆရာမဦးရေ သိန်းချီပါတယ်။ သူတို့အတွက် အများကြီးသုံးနေပေမဲ့ ပိုပြီးလစာတိုးပေးဖို့ တင်ပြထားပါတယ်။

အထူးသဖြင့် မူလတန်းဆရာများကို ဦးစားပေး အဆင့်သတ်မှတ်ထားကြောင်း။ ဆရာများ အရည်အချင်း မြှင့်တင်နေကြောင်း ဖြေကြားသွားပါတယ်။
ရမှတ်ပညာရေးကနေ တကယ်တတ်မြောက်တဲ့ ရလဒ်ပညာရေး ပြောင်းနေပေမဲ့ အောင်ဖို့လောက် အဓိကထားတဲ့ လက်ရှိ အခြေခံပညာရေးအကြောင်းပါ။
မှတ်ချက်
ကိုယ်ပိုင်ကျောင်းများ ခေတ်စားလာတော့ ဆရာ ဆရာမ များလည်း ကိုယ်ပိုင်ကျောင်းနဲ့ ပေါင်းပြီး စာတတ်အောင် သင်ပေးနေတဲ့ ပညာရေးစနစ်ပါ။ ကိုယ်ပိုင်ကျောင်း မတတ်နိုင်တဲ့ ဆင်းရဲကျောင်သူကျောင်းသားများရဲ့ ကျောင်းထွက်နှုန်း အလွန်မြင့်နေလို့ ကလေးကျောင်းမလာရင် ကျောင်းအုပ် ထုချေလွှာ ရှင်းပေးနေရတဲ့ တဲ့ ခေတ်ပါ။ တက်နိုင်သူများ အမှတ်ကောင်း . နေပြီး မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးကို ပညာရေးနဲ့ စတင်နေပါတယ်။

အမျိုးသားစည်းကမ်း (ဥပဒေစိုးမိုးရေး) အစ စာသင်ကျောင်းက။
အခြေခံပညာ ဆရာဆရာမများ အထူးသဖြင့် ကျောင်းအုပ်များကို Good Attitude အဖြစ် ဂုဏ်ပြုရမှာပါ။
ဆရာမမြင့်မြင်ဇော်
မကွေးတိုင်း ပေါက်မြို့နယ် ရွှေဘုံသာ အလယ်တန်းကျောင်ခွဲ အား ပညာတန်ဆောင်မှ ထူချွန်ဆရာဆု ပေးမည်။
မကွေးတိုင်း ပေါက်မြို့နယ် ရွှေဘုံသာ အလယ်တန်းကျောင်ခွဲ အား ပညာတန်ဆောင်မှ ထူချွန်ဆရာဆု ပေးမည်။
၂၅ ဒီဇင်ဘာလ ၂၀၁၆ ရန်ကုန်မြို့သို့ ဖိတ်ထားပါသည်။ သူ၏ ကောင်းမွန်သော အဆိုပညာနှင့် ကျောင်းသုံးကဗျာ များကို ခက်ခဲစွာ ကြိုးစားသွားရောက် သင်ကြားပေးအတွက် ထူးချွန်ဆုပေးသည် ဟုဆိုသည်။
ဆရာမ၏ ဗွီဒီယိုဖိုင်ကို လူမှုကွန်ယက်တွင် ကြည့်ရှုသူများ မေတ္တာနှင့်သစ္စာ ရသ ခံစားမှုများစွာ ဖြစ်စေပါသည်။
ပဲခူးတိုင်း ပြည်မြိုရပ် အသင်း နွမ်းပါးသူများအတွက် ပညာသင်ထောက်ပံ့မှာဖြစ်ပါတယ်။
အကောင်းဆုံး အထိရောက်ဆုံးရင်းနှီးမြှတ်နှံမှု ကတော့ ''ပညာရေး'' ဖြစ်ပါတယ်။ စစ်အာဏာရှင်ခေတ်က ပညာတတ်ဆို နိုင်ငံခြားသွားလုပ်ရုံမှတပါး အခြားမရှိပါ။ အခုခေတ်မှာ ပညာကြိုးစား ကျောင်းအားချိန်အလုပ်လုပ်သူ အမြောက်အများ ပေါ်ပေါက်နေပါတယ်။ မြန်မာပြည်တွင်းမှာလဲ လစာဒေါ်လာထောင်ဂဏန်းအထက် အလုပ်များစွာ ရှိနေပါပြီ။
၂၀၁၆ မြန်မာပညာရေး
အစိုးရသစ်က မြန်မာကုန်ထုတ်လုပ်မှု ဂျီဒီပီရဲ့ ၇.၉% အမေရိကန်ဒေါ်လာသန်းပေါင်း ၁၃၃၃ (~ USD 1333 millions) ပညာရေး Budget အတွက် ဒီနှစ်အသုံးပြုပါမယ်။ USD 1 million ဆိုတာ သိန်းပေါင်း ၁သောင်း၃ထောင် ရှိပါတယ်။ အလွန်များပြားတယ် ဆိုပေမဲ့ ၇၅% ငွေတွေက ဆရာဆရာမပေါင်း ၄သိန်း၇သောင်း အတွက် လစာအဖြစ် သုံးရလို့ ဆရာအရည်သွေးတက်လာဖို့ သိပ်မသုံးနိုင်ပါဘူး။ အဆောက်အဦ ကုန်ကျစရိတ် အဂတိလိုက်စားမှု။ ဆရာများလည်း. . ပုဂ္ဂလိကကျောင်းများမှာ. စာသင်. . ကျူရှင် အချိန်ပေးနေမှုများကတော့ တဖြေးဖြေးနည်းလာမှာပါ။

ဆရာများ လူနေမှု အဆင့်မြင့်လာဖို့ နိုင်ငံတော်တာဝန်ပါ။ အစိုးရဆိုတာ အခွန်ငွေမှန်ကန်စွာ ကောက်ဖနု့ပါပဲ။ စနစ်ကျတဲ့ နိုင်ငံများ အနီးနားက ထိုင်း တရုပ်နိုင်ငံတွေမှာ အခွန် 40% per GDP ကောက်နိုင်ပြီး မြန်မာကတော့ 4% ပဲကောက်နိုင်ပါတယ်။ သူဌေးကြီးများ အခွန်မပေး . . သူဌေးကြီးများကို အခွန်ကောက်နိုင်တဲ့စနစ်မရှိသေးလို့ပါ။ ၂၀၁၆ မှာတော့ 7.9% အခွန်ကောက်နိုင်လာလို့ ဝမ်းသာစရာပါ။
နိုင်ငံတော်ထောက်ပံ့မှု ကတော့ အများအားဖြင့် ပညာထူးချွန်သူများကို ပညာချွန်ဆု ပေးပါတယ်။ ဆင်းရဲနွမ်းပါးသူများအတွက် လစဉ် ကျောင်းလခလွတ် အဆောင်နေထိုင်ခလွတ် ပညာသင်ဆုများစွာ (ယခင် ၁၉၇၀ မတိုင်မီကလို) ပေါ်လာပါတော့မယ်။ THS GTI HA Nurse စတဲ့ သက်မွေးပညာကျောင်းများစွာ အစိုးရထောက်ပံ့နဲ့ စတင်ခေါ်ယူနေပြီဖြစ်ပါတယ်။
ထောက်ပံ့မှု သဘောသဘာဝက တလုံးတည်း မပေးပဲ ''လစဉ်ပေးနည်း'' တကမ္ဘာလုံးမှာ သုံးကြပါတယ်။ နိုင်ငံခြားပညာသင်ဆု ရပြီး မိဘကိုတောင် တလ၁သိန်း ၂သိန်း ထောက်ပံ့နေသူ ကျောင်းသားများစွာ ရှိကြပါတယ်။ ဒီလိုကလေးများဟာ အလွန်ကောင်းစားမှာဖြစ်ပါတယ်။
အခု ကျောင်းသားအရည်အချင်း မြင့်မားလာဖို့ကတော့
* ကျောင်းပျော်လာရေး
* ရပ်ရွာထောက်ပံ့ရေး . . တွေအတွက် တနိုင်ငံလုံး ရပ်ရွာများပံ့ပိုးမှု လုပ်နေကြပါတယ်။ အခု ပြည်မြို့ ထောက်ပံ့ခြင်းက နမူနာတခုပါ။
* ကျောင်းပျော်လာရေး
* ရပ်ရွာထောက်ပံ့ရေး . . တွေအတွက် တနိုင်ငံလုံး ရပ်ရွာများပံ့ပိုးမှု လုပ်နေကြပါတယ်။ အခု ပြည်မြို့ ထောက်ပံ့ခြင်းက နမူနာတခုပါ။
သူတော်စင် မာသာထရီစာ Mother Teresa ပြောပါတယ်။ သင်လူ၁၀ယောက်ကို မကြွေးနိုင်ရင် တယောက်ကိုပဲ ကြွေးပါ . . တဲ့။
No comments:
Post a Comment