ကဗျာ၏ မူလဟန်အတိုင်း သီဆိုသင်ကြားခြင်းကြောင့် နာမည်ကြီးနေသော ဆရာမ ဒေါ်မြင့်မြင့်ဇော်နှင့် တွေ့ဆုံမေးမြန်းခြင်း
ဆရာမ ဒေါ်မြင့်မြင့်ဇော် . .
ကဗျာ၏ မူလဟန်အတိုင်း သီဆိုသင်ကြားခြင်းကြောင့် နာမည်ကြီးနေပြီး၊ ပညာတန်ဆောင်မှ ပေးသော ထူးချွန်ဆရာဆု ရရှိခဲ့သည့် ပေါက်မြို့နယ်၊ ရွှေဘုံသာအလယ်တန်းကျောင်းခွဲမှ ကျောင်းဆရာမ။
ပြီးခဲ့တဲ့ ရက်အနည်းငယ်က မြန်မာပြည်မှ ဖေ့စ်ဘွတ်လူမှုကွန်ရက် အင်တာနက် သုံးစွဲသူတွေကြားမှာ ဗေဒါလမ်းကဗျာ၊ ဗြောသံကဗျာ၊ ဘယ်မြို့ပုံသာပါလိမ့် (လွမ်းချင်း) ကဗျာ၊ မန်းတောင်ရိပ်ခို (လေးချိုး)၊ နေ၀င်စ ချိုးမရယ်ကူ (ရုပ်သေးသီချင်း ) စသည်တို့ကို သီချင်းဟန်ဖြင့် သီဆိုပြီး ကျောင်းသား ကလေးငယ်များကို စာသင်ကြားနေတဲ့ ဆရာမတစ်ယောက်ရဲ့ ရုပ်သံဖိုင်ဟာ နာမည်ကြီးခဲ့ပါတယ်။ ကျောင်းသား ကလေးငယ်များအား ကဗျာများ သင်ကြားရာတွင် ပုံမှန်သင်ကြားပုံ မဟုတ်ဘဲ ကဗျာ၏ မူလဟန်အတိုင်း သီဆိုသင်ကြား ခဲ့ခြင်းကြောင့် ယနေ့လူမှုကွန်ရက် စာမျက်နှာ သုံးစွဲသူများ၏ အားပေးမှု၊ ချီးကျူးမှု ရရှိထားသည့် ပေါက်မြို့နယ်၊ ရွှေဘုံသာ အလယ်တန်းကျောင်းခွဲတွင် မြန်မာစာဆရာမအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဆရာမ ဒေါ်မြင့်မြင့်ဇော်နှင့် တွေ့ဆုံမေးမြန်းခြင်းအား ဖော်ပြအပ်ပါသည်။
ကဗျာ၏ မူလဟန်အတိုင်း သီဆိုသင်ကြားခြင်းကြောင့် နာမည်ကြီးနေပြီး၊ ပညာတန်ဆောင်မှ ပေးသော ထူးချွန်ဆရာဆု ရရှိခဲ့သည့် ပေါက်မြို့နယ်၊ ရွှေဘုံသာအလယ်တန်းကျောင်းခွဲမှ ကျောင်းဆရာမ။
ပြီးခဲ့တဲ့ ရက်အနည်းငယ်က မြန်မာပြည်မှ ဖေ့စ်ဘွတ်လူမှုကွန်ရက် အင်တာနက် သုံးစွဲသူတွေကြားမှာ ဗေဒါလမ်းကဗျာ၊ ဗြောသံကဗျာ၊ ဘယ်မြို့ပုံသာပါလိမ့် (လွမ်းချင်း) ကဗျာ၊ မန်းတောင်ရိပ်ခို (လေးချိုး)၊ နေ၀င်စ ချိုးမရယ်ကူ (ရုပ်သေးသီချင်း ) စသည်တို့ကို သီချင်းဟန်ဖြင့် သီဆိုပြီး ကျောင်းသား ကလေးငယ်များကို စာသင်ကြားနေတဲ့ ဆရာမတစ်ယောက်ရဲ့ ရုပ်သံဖိုင်ဟာ နာမည်ကြီးခဲ့ပါတယ်။ ကျောင်းသား ကလေးငယ်များအား ကဗျာများ သင်ကြားရာတွင် ပုံမှန်သင်ကြားပုံ မဟုတ်ဘဲ ကဗျာ၏ မူလဟန်အတိုင်း သီဆိုသင်ကြား ခဲ့ခြင်းကြောင့် ယနေ့လူမှုကွန်ရက် စာမျက်နှာ သုံးစွဲသူများ၏ အားပေးမှု၊ ချီးကျူးမှု ရရှိထားသည့် ပေါက်မြို့နယ်၊ ရွှေဘုံသာ အလယ်တန်းကျောင်းခွဲတွင် မြန်မာစာဆရာမအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဆရာမ ဒေါ်မြင့်မြင့်ဇော်နှင့် တွေ့ဆုံမေးမြန်းခြင်းအား ဖော်ပြအပ်ပါသည်။
မေး - ဆရာမ ဘယ်အချိန်ကနေ ၀န်ထမ်းအလုပ်ဝင်ခဲ့ တယ်ဆိုတာ သိပါရစေ။
ဖြေ - ဆရာမ စလုပ်တာတော့ ၂၀၀၃ ခုနှစ်ကပါ။ စအလုပ် ၀င်ဝင်ချင်းကတော့ ဆွဲခန့်အနေနဲ့ပါ။ ၂၀၀၄ ခုနှစ်မှ အစိုးရ၀န်ထမ်း (ပါမစ်) ဖြစ်ပါတယ်။
မေး - ဆရာမ ခုလို မြန်မာကဗျာတွေကို သီချင်းဆိုပြီး ဘယ်အချိန်က စတင်သင်ကြား ခဲ့တယ်ဆိုတာ ပြောပြပါ။
ဖြေ - ဆရာမ စဖြစ်ဖြစ်ချင်းက မူလတန်းမှာပဲ သင်ရတယ်။ မူလတန်းတွေ သင်တုန်းကတော့ မြန်မာစာ မသင်ခဲ့ရဘူး။ ၂၀၁၀ ပြည့်နှစ်ကမှ အလယ်တန်းနည်းပြဖြစ်ပြီး မြန်မာစာ စသင်ရတယ်။ အဲဒီမှာပဲ ကဗျာတွေကို သီချင်းလိုဆိုပြီး သင်ပေးတာပါ။ သီချင်းပုံစံမျိုးဆိုပြီး သင်ဖြစ်တာ သိပ်မကြာသေးပါဘူး။
မေး - ဆရာမအနေနဲ့ ကဗျာတွေကို သီချင်းပုံစံမျိုးဆိုပြီး သင်ဖို့ ဘယ်လိုစိတ်ကူးရခဲ့လဲ။ ဒီလိုသင်ကြားနိုင်အောင် ဘယ်လိုလေ့လာခဲ့လဲဆိုတာ သိချင်ပါတယ်။
ဖြေ - ကဗျာတွေကို အရင်က စာသင်သလိုမျိုး မသင်ဘဲနဲ့ သီချင်းဆိုပြီးသင်ရင် ကလေးတွေ ပိုစိတ်ဝင်စားမယ်ဆိုပြီး အတွေးဝင်ခဲ့တာပါ။ ကျွန်မကိုယ်တိုင်က ၀ါသနာပါတာလည်း ပါ ပါတယ်။ ပညာရေးကောလိပ် သင်တန်းတုန်းကလည်း တချို့ကဗျာတွေကို သီချင်းအနေနဲ့ သင်ခဲ့ရပါတယ်။ အဲဒါတွေကို ပြန်လေ့ကျင့်တယ်။ နောက်ပြီး သီချင်းခွေတွေ နားထောင်တယ်။ ပြန်ဆိုကြည့်တယ်။ သီချင်းတွေ နားထောင်လိုက် ပြန်ဆိုလိုက်နဲ့ လေ့ကျင့်ခဲ့တာပါ။ သင်တဲ့အခါမှာလည်း ဆရာမက ဆိုလိုက် သူတို့ကို လိုက်ဆိုခိုင်းလိုက် သင်ပါတယ်။
မေး - ကျောင်းသားတွေကို ကဗျာသင်တဲ့အခါ သီချင်းပုံစံ နဲ့ ဆရာမ သင်ကြားတော့ ကလေးတွေက စိတ်ဝင်စားမှု ရှိရဲ့လား။ အဲဒီအခြေအနေကို ပြောပြပေးပါ။
ဖြေ - ကျောင်းသား ကျောင်းသူတွေ အားလုံးက သဘောကျကြတယ်။ ဆရာမ အနေနဲ့လည်း ကလေးတွေကို ပြန်မေးပါတယ်။ ခုလို သီချင်းဆိုပြီး သင်တာနဲ့ အရင်ကလို စာလိုက်ဆိုခိုင်းပြီး သင်တာနဲ့ ဘယ်ဟာက ပိုမှတ်မိလဲ မေးပါတယ်။ သူတို့က သီချင်းဆိုပြီး သင်တာက ပျော်လည်း ပျော်တယ်။ ပိုပြီးလည်း မှတ်မိတယ်။ ပိုလည်း သဘောကျတယ်။ သူတို့လည်း ရလွယ်တယ်လို့ ဖြေပါတယ်။ အိမ်ပြန်ရင်လည်း အဲဒီကဗျာတွေကိုဆိုပြီး ပြန်ကြတယ်။ ကျောင်းလာရင်လည်း ကဗျာတွေကိုဆိုပြီး လာကြတယ်။ ပထမတစ်ရက်မှာ ကဗျာသင်တယ်။ နောက်ရက် မဟော်သဓာ သင်ရမယ့်အချိန် ရောက်ရင်တောင် ကလေးတွေက ဒီနေ့ ကဗျာသင်ပါ ဆရာမလို့ ပြောကြတယ်။ ကလေးတွေက ကဗျာကို သီချင်းလိုဆိုပြီး သင်တာကို ပိုသဘောကျတယ်။
မေး - ဆရာမ လက်ရှိဘယ်အတန်းတွေ သင်ကြားပေးနေရလဲဆိုတာ ပြောပြပါဦး။
ဖြေ - ပဉ္စမတန်းကနေ အဋ္ဌမတန်းအထိ သင်ပေးနေရပါတယ်။ အတန်းအားလုံးကို မြန်မာစာပဲ သင်တာပါ။ ကဗျာတိုင်းကိုတော့ သီချင်းဆိုပြီး မသင်နိုင်သေးပါဘူး။ လေ့လာပြီးသမျှ လေ့ကျင့်ပြီးသမျှကိုပဲ သင်ပေးနိုင်ပါသေးတယ်။ ထပ်ပြီး ကြိုးစားလေ့လာ နေတုန်းပါပဲ။
မေး - ယခုအောက်တိုဘာ ၅ ရက် ပေါက်မြို့မှာရှိတဲ့ ဌာနဆိုင်ရာ ၀န်ထမ်းတွေနဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဦးအောင်မိုးညိုတို့ တွေ့ဆုံပွဲမှာ ဆရာမကို ဆုချီးမြှင့်တယ်လို့ သိရပါတယ်။ အဲဒီအခြေအနေလေးရော ပြောပြပေးပါတယ်။
ဖြေ - ၀န်ကြီးချုပ်က ဆုချီးမြှင့်တာ မှန်ပါတယ်။ အခုလို ကလေးတွေကို ကဗျာတွေကို သီချင်းပုံစံ သင်ပေးလို့ ဆုချီးမြှင့်တာပါ။ ဆုယူရတော့ အသိအမှတ်ပြုတဲ့အတွက် ၀မ်းလည်းသာပါတယ်။ ကြောက်လည်း ကြောက်တယ် (ရယ်လျက်)။ ဂုဏ်ပြုဆုပေးတာပါ။
မေး - ဆရာမကို ထူးချွန်ဆရာဆု ချီးမြှင့်မယ်လို့ ကြားနေရပါတယ်။ ဆရာမများ သိပြီလားခင်ဗျ။
ဖြေ - ထူးချွန်ဆရာဆု ချီးမြှင့်မယ် ဆိုတာနဲ့ ပတ်သက်လို့ မသိသေးပါဘူး။ ဆရာမဆီကို အကြောင်းကြားတာ အသိပေးတာတော့ လတ်တလော မရှိသေးပါဘူး။
မေး - ကဗျာတွေကို သီချင်းပုံစံဆိုပြီး သင်တာနဲ့ ပတ်သက်လို့ ဘာများပြောချင်ပါသေးလဲ။ ဘာများ အကြံပြုချင်ပါသေးလဲခင်ဗျ။
ဖြေ - တခြားဆရာမတွေလည်း သူတို့ ကလေးတွေကို ကဗျာတွေကို ဒီလိုမျိုး သီချင်းဆိုပြီး သင်ရင် မှတ်မိတယ်လို့။ ကလေးတွေလည်း ပိုပြီးစိတ်ဝင်စားတယ်လို့ ပြောချင်ပါတယ်။
Writer:
သက်ထိန်ဝင်း (ပခုက္ကူ )
ဆရာမ ဗေဒါလမ်း
-2:26
5,230 Views
Maung Maung
"ဒေါ်မြင့်မြင့်ဇော်"
❖ ဗြောသံ ကဗျာ ဖြင့် Facebook စာမျက်နှာများတွင် လူသိများလာသော ပညာရှင် ဆရာမ ဒေါ်မြင့်မြင့်ဇော်
● ၎င်း သီဆိုထားသော ဆရာဇော်ဂျီ ၏ ဗေဒါလမ်း ကဗျာ
● ယခင်က ရုပ်ရှင် မင်းသမီးကြီး ဒေါ်ကြည်ကြည်ဌေး သီဆိုခဲ့၏
"ဗေဒါလမ်း"
■ ညိုပြာပြာ လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်
လှိုင်းသက်ရာဆင်း ...
လှိုင်းတက်ရာ ဗေဒါတက်
လှိုင်းသက်ရာဆင်း ...
■ ဆင်းရလဲ မသက်သာ
အုန်းလက်ကြွေ ရေပေါလော
မျောစုန်လို့ လာ ...
အုန်းလက်ကြွေ ရေပေါလော
မျောစုန်လို့ လာ ...
■ အဆင်းနဲ့ အလာ ဗေဒါမအထွေး
အုန်းလက်ကြွေ သူ့ နံဘေး
ဆောင့်ခဲ့ရသေး ...
အုန်းလက်ကြွေ သူ့ နံဘေး
ဆောင့်ခဲ့ရသေး ...
■ ဆောင့်ခဲ့လဲ မသက်သာ
နောက်တစ်ချီ ဒီတစ်လုံးက
ဖုံးလိုက်ပြန်ပါ ...
နောက်တစ်ချီ ဒီတစ်လုံးက
ဖုံးလိုက်ပြန်ပါ ...
■ မြုပ်လေပေါ့ ပေါ်မလာ
မဗေဒါအလှ
တစ်လံကွာ လှိုင်းအကြွ
ပေါ်လိုက်ပြန်ရ ...
မဗေဒါအလှ
တစ်လံကွာ လှိုင်းအကြွ
ပေါ်လိုက်ပြန်ရ ...
■ ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့ လာ ...
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့ လာ ...
■ ဘဲအုပ်မှာ တစ်ရာနှစ်ရာ
ဗေဒါက တစ်ပင်တည်း
အယက် အကန် ခံလို့ 
ဗေဒါပျံ အံကိုခဲ
ပန်းပန်လျှက်ပဲ ...
ဗေဒါက တစ်ပင်တည်း
အယက် အကန် ခံလို့ 
ဗေဒါပျံ အံကိုခဲ
ပန်းပန်လျှက်ပဲ ...
- ဆရာ ဇော်ဂျီ ...
တကယ့်ပါရမီရှင်ပါပဲ ဆရာမ ..။
အဲဒီလို သံနေသံထား နဲ့ ဆို တတ်အောင်၊ အသဲထဲ စွဲသွားအောင် မြန်မာ့ ယဉ်ကျေးမှု ပြယုဂ် ..ကဗျာလေးတွေ သင်ခွင့် ရရင် ကျောင်းတောင် ပြန်တက်ချင် ရဲ့  ..။
အဲဒီလို သံနေသံထား နဲ့ ဆို တတ်အောင်၊ အသဲထဲ စွဲသွားအောင် မြန်မာ့ ယဉ်ကျေးမှု ပြယုဂ် ..ကဗျာလေးတွေ သင်ခွင့် ရရင် ကျောင်းတောင် ပြန်တက်ချင် ရဲ့  ..။
အပန်းပြေ ပျော်စရာ added 2 photos and 3 videos.
းတာတဲ့...
အသက်ပြန်ငယ်ပြီး သူ့တပည့်ဖြစ်ချင်လိုက်တာဗျာ...
အသက်ပြန်ငယ်ပြီး သူ့တပည့်ဖြစ်ချင်လိုက်တာဗျာ...
ဆရာမ ဒေါ်မြင့်မြင့်ဇော်
သူ ချစ်ရတဲ့ တပည့်တွေကို ဗြောသံ ကဗျာလေး
ရွတ်ပြနေတာပါ ။
သူ ချစ်ရတဲ့ တပည့်တွေကို ဗြောသံ ကဗျာလေး
ရွတ်ပြနေတာပါ ။
အသံသာယာလွန်းလို့ ...
See More
-3:06
ဒေါ်မြင့်မြင့်ဇော် ပညာတန်ဆောင်မှ ပေးသော ထူးချွန်ဆရာဆု ရရှိမည်
ရန်ကုန်၊ အောက်တိုဘာ ၁
ကဗျာများ ရွတ်ဆို သင်ကြားရာတွင် အသံ ကောင်းမွန် သောကြောင့် လူမှုကွန်ရက်တွင် နာမည် ကြီးနေသည့် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်မှ အလယ်တန်းပြ ဆရာမ ဒေါ်မြင့်မြင့်ဇော်ကို ထူးချွန်ဆရာဆု ပေးမည် ဖြစ်ကြောင်း ပညာတန်ဆောင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တင်ညိုက The Voice သို့ ပြောကြားသည်။
ပညာတန်ဆောင် အနေနှင့် ထူးချွန်ဆရာများ၊ ကျောင်းသား များကို နှစ်စဉ် ဂုဏ်ပြုချီးမြှင့်ဆုများ ပေးနေ ပြီး ယခုနှစ်တွင် ဒေါ်မြင့်မြင့်ဇော်ကိုပါ ချီးမြှင့်မည် ဖြစ်ကြောင်း ပညာတန်ဆောင်ထံမှ သိရှိရသည်။
“ဆရာမရဲ့ ဓာတ်ပုံတွေ တွေ့ရပါတယ်။ ချောင်းကူး၊ မြောင်းကူး ဖြတ်ပြီး ကြိုးကြိုးစားစား စာသင်ကြား နေတာ၊ သင်ကြားတာ ထူးချွန်တာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်း အစည်းအဝေးကနေ ဆုချီးမြှင့်ဖို့ အတည် ပြုလိုက်တာပါ”ဟု ဒေါက်တာတင်ညိုက ပြောကြားသည်။
ယခုဆုကို ပညာတန်ဆောင်က သီးသန့် ပေးခြင်းဖြစ်ပြီး ပညာတန်ဆောင်နှင့် တော်ဝင် ဖွံ့ဖြိုးမှု ဖောင်ဒေးရှင်းတို့ ပူးပေါင်း ပြုလုပ်သည့် တတိယအကြိမ်မြောက် ထူးချွန် ဆရာဆုနှင့် မသက်ဆိုင်ကြောင်း ရှင်းပြသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ အလယ်တန်းပြ ဆရာမ ဒေါ်မြင့်မြင့်ဇော်က
“မနေ့ကတော့ ဆရာကြီး ဒေါက်တာတင်ညိုက ဆက်သွယ် ပြီး ပြောကြားပါတယ်။ ဆုရတော့ ဘာပြော မလဲဆိုတော့ ဘာမှ ထွေထွေထူးထူး ပြောဖို့ မရှိသေးပါဘူး” ဟု ပြောကြားသည်။
“မနေ့ကတော့ ဆရာကြီး ဒေါက်တာတင်ညိုက ဆက်သွယ် ပြီး ပြောကြားပါတယ်။ ဆုရတော့ ဘာပြော မလဲဆိုတော့ ဘာမှ ထွေထွေထူးထူး ပြောဖို့ မရှိသေးပါဘူး” ဟု ပြောကြားသည်။
ထူးချွန်ဆရာဆု ရယူရန်အတွက် ဒီဇင်ဘာ ၂၅ ရက်တွင် ရန်ကုန်သို့ လာရောက်ရန်၊ ပညာရေးဝန်ထမ်း လုပ်သက် တစ်လျှောက် တက်ရောက်ခဲ့ဖူးသည့် သင်တန်းများ စာရင်း ပြုစုထားရန်နှင့် သီဆို သင်ကြားသည့် ဗီဒီယိုဖိုင် တစ်ခု ယူဆောင်လာရန် ပြောကြားကြောင်း ဒေါ်မြင့်မြင့်ဇော် က ဆိုသည်။
ဒေါ်မြင့်မြင့်ဇော်သည် လက်ရှိတွင် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၊ ရွှေဘုံသာ အလယ်တန်းကျောင်း(ခွဲ) အလယ်တန်းအဆင့်တွင် မြန်မာစာ သင်ကြားနေသည်။ ယင်းမတိုင်မီက ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၁၀ နှစ် ကျော်ကြာ ကျောင်းဆရာမအဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။
No comments:
Post a Comment