ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရွေးချယ်ခဲ့သည့် ကိုရာဇာဟိန်း
“ကျွန်တော်ကတော့ မကြောက်ခဲ့ဘူး။ သေရမှာပဲ လုပ်လည်း လုပ်ရဲတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ မွေးထားတဲ့ သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက်ရှိတယ်။ ကျွန်တော့်မိန်းမ ကျွန်တော့်မိသားစုပေါ့”
.
ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းက ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ညောင်ဂျိုး (လ.၀.က) ဂိတ် တွင် WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄ သန်း ဖမ်းဆီးရမိမှုတွင် တောတွင်းတစ်နေရာက စုံစမ်းဖော်ထုတ်ပေးမှုဖြင့် ဥသျှစ်ပင်မြို့နေ ဆိုင်ကယ်ပြင်လုပ်ငန်း လုပ်ကိုင်နေသူ ကိုရာဇာဟိန်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ပြည်သူသို့ကျေးဇူးတင်လွှာအဖြစ် ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုး ထုတ်ပြန်ပေးခဲ့သည်။ ယင်းသို့ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိရေးအတွက် တောတွင်း၌ ရှစ်ရက်ကြာနေထိုင်စုံစမ်းခဲ့ပုံနှင့် ဖမ်းဆီးပြီးနောက်ပိုင်း ၎င်းတို့မိသားစု လုံခြုံရေးအခြေအနေတို့ကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
■ မေး- အစ်ကိုအနေနဲ့ ဒီကိစ္စကို စသိတဲ့အခြေအနေလေး ပြောပြပေးပါဦး။
ဖြေ- ဒီဇင်ဘာ ၁ ရက်က ဘုန်းကြီးကျောင်း ဝေယျဝစ္စသွားလုပ်ရင်းကနေ ဆီဘောက်ဆာ တစ်စီးက တဲနောက်ကိုဝင်လာတယ်။ ကျွန်တော်ကလည်း သွားကြည့်မိတယ်။ ဆီဘောက်ဆာထဲက ဆီတွေမထွက်ဘဲနဲ့ အထုပ်ဖြူတွေထွက်တော့ စိတ်တော့စိတ်ဝင်စားဖို့ကောင်းတယ်။ အစအဆုံး လိုက်ကြည့်ဖြစ်တယ်။ စဦးဆုံး သံသယဖြစ်မိတာက ဆီဘောက်ဆာကားထဲမှာ ဆီမပါဘဲ အထုပ်တွေ ထုပ်နေကြတယ်ဆိုကတည်းက ကျွန်တော် သံသယဖြစ်မိသွားတယ်။
■ မေး- အဲဒီနောက်ပိုင်းမှာ အစ်ကိုဘယ်လိုဖြစ်ပြီး ဒီကိစ္စကို စုံစမ်းဖြစ်သွားလဲ။
ဖြေ- အဲဒါကို ကျွန်တော့်ယောက်ဖကို ဖုန်းနဲ့ လှမ်းပြောလိုက်တယ်။ ကျွန်တော့်အစ်ကို ခိုင်းစေချက်လည်း ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း လုပ်ချင်စိတ်တွေပါတယ်။ အဲဒီအချိန်မှာ အရမ်းကို သိချင်စိတ်၊ ကြိုးစားချင်စိတ်တွေဖြစ်နေပြီး ဒီဇင်ဘာ၂ ရက်နဲ့ ၄ ရက် မှာ ဘာတွေလုပ်ရှားမှုရှိလဲဆိုတော့ ဆီပီပါကို ဥသျှစ်ပင်ဈေးမှာ ဖောကားနဲ့လာဝယ်တယ်။ တောထဲမှာချပြီး အဖုံးတွေဖွင့်တယ်။ အဲဒီအတောအတွင်းမှာ ကျွန်တော်က ဘာတွေလုပ်ရလဲဆိုတော့ လူဝင်လူထွက်၊ ပါဝင်သူတွေ နေအိမ်ကို သွားရတယ်။ ကား ရှိ မရှိ စစ်ရတယ်။
■ မေး-စုံစမ်းထောက်လှမ်းနေတုန်းမှာ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲနဲ့ အတွေ့အကြုံလေးကို ပြောပြပေးပါဦး။
ဖြေ-တောထဲမှာ အခက်အခဲ အများကြီး ရှိခဲ့တယ်။ ဆောင်းတွင်းဆိုတော့ တအားချမ်းတယ်။ တောထဲမှာ တောင်ပေါ်ပြန်တက် တောင်အောက်ပြန်ဆင်း။ ကျွန်တော်တို့နောက်မှာ တောင်အကြီးကြီးရှိတယ်။ တက်ရတာ တော်တော်လေးတက်ယူရတယ်။ ဆင်းတာကတော့ တွယ်ကပ်ပြီး ဆင်းရတယ်။ တာလမ်းနဲ့ ကျွန်တော်တို့အိမ်နဲ့ဆို နှစ်ဖာလုံ လောက်ဝေးတယ်။ ကျွန်တော်တို့တဲနဲ့ သူတို့ ပစ္စည်းထားတဲ့နေရာက နည်းနည်းလေးပဲ လှမ်းတယ်။ ဒီဇင်ဘာ ၆ ရက်မှာ ကျွန်တော်နဲ့ ကျွန်တော့်ယောက်ဖနှစ်ယောက်က နံနက် ၆ နာရီလောက် သတင်းအတိအကျ သွားယူကြတယ်။ ဖောကားအပြာနဲ့ လူသုံးယောက်ကိုတွေ့တယ်။ သူတို့တွေဘာလုပ်နေလဲဆိုတာကို ကျွန်တော့်ယောက်ဖက အနီးကပ်စုံ စမ်းခိုင်းတယ်။ ကွမ်းဝယ်ရင်း လှမ်းချောင်းတယ်။ အစ်ကိုရေ ဒီနားကကြည့်ရင်တော့ အဆင်မပြေဘူးဆိုတော့ သူတို့တဲကိုသွား အစ်ကိုက သတိရတယ်လို့ ပြောဆိုပြီး စကားပြောခိုင်းတယ်။ ကျွန်တော်သွားခဲ့တယ်။ သူတို့ခြံထဲကိုဝင်တယ်။ ပထမတော့ ညီလေး လာဆိုပြီးခေါ်ပြီး နောက်ကျတော့ သူတို့ဟာတွေ သိမှာစိုးလို့နဲ့တူတယ်။ အပြင်သွားရအောင်ဆိုပြီး တာလမ်းကို ထုတ်လာတယ်။ ကွမ်းဆိုင် တစ်ခါထပ်ထိုင်ကြတယ်။ စကားပြောကြပြီး ပြန်ဝင်သွားတယ်။ ကျွန်တော် သတင်းပြန်ပို့တယ်။ ကျွန်တော်ပြောလိုက်တယ်။ ကို....ကတော့ အမူအရာတွေပျက်နေတယ်။ တစ်ခါထပ်ကြည့်ကြတဲ့အချိန်မှာ ဖောကားက မရှိတော့ဘူး။ ပီပါခွံတွေချခဲ့ပြီး တာလမ်းပေါ်ကိုတက်သွားပြီ။ ဆက်လိုက်ကြတော့ နယ်ခြားအထိလိုက်တယ်။ မတွေ့တော့ဘူး။ ပျောက်သွားတယ်။ အဲဒီအချိန်မှာ အစ်ကိုက မင်းဒီနေ့ကနေပြီးတော့ ဘယ်မှမသွားနဲ့တော့ ကို....တို့ ဘာလုပ်တယ်ဆိုတာ စုံစမ်းတော့ဆိုပြီး ကျွန်တော်စုံစမ်းခဲ့တယ်။ ဒီဇင်ဘာ ၇ ရက် ၈ ရက်ကြားမှာ ကျွန်တော်ရယ်၊ ရဲအုပ်ကျော်စိုးဦးရယ်၊ သူ့တပည့်လေးရယ် သုံးယောက် ပစ္စည်းတွေထားတဲ့နေရာကို သတင်း အတိအကျသွားယူတယ်။ မနည်းသွား ရတယ်။ ခွေးသွား ၀က်သွားသွားရတာ။ ဖိနပ်တွေချွတ်၊ လေးဘက်ထောက် ကျောက်ခဲတွေ စူးလည်းမတတ်နိုင်ဘူး။ ဖြစ်ချင်တော့ ခါးမှာ ထိုးထားတဲ့ဓာတ်မီးက လင်းနေလို့ ပြန်ပိတ်ထား။ တော်တော်ကြီးသွားရတယ်။ ပီပါတွေထားတဲ့နေရာကို ၈ နာရီကသွားတာ ၁၁ နာရီလောက်မှ ရောက်တယ်။ ပီပါတွေပေါ်မှာ မိုးကာတွေအုပ်ထားတယ်။ ကြည့်ပြီး ပြန်လှည့်လာခဲ့ရတယ်။ ကျွန်တော့်ယောက်ဖကလည်း ဒါတွေက ဥပဒေနဲ့မလွတ်ကင်းတဲ့ပစ္စည်းတွေ ဆိုတာ သတင်းအတိအကျ သိခဲ့ရတယ်။
■ မေး- သတင်းရပြီးနောက်ပိုင်း အခြေအနေလေးကို ထပ်ပြောပြပါဦး။
ဖြေ- နောက်ရက်မှာ ကို.....အိမ်မှာ မီးစက်ရှိတော့ ညဘက်တွေမှာ ဆီပီပါတွေကို ကျောက်စက်နဲ့ဖွင့်နေတဲ့ အသံတွေကို ကြားရတယ်။ မီးတ၀င်းဝင်းနဲ့တွေ့နေရတယ်။ တောင်ပေါ်ကပဲကြည့်ခဲ့ရတယ်။ ကို....အဖွဲ့ သားတွေက ပစ္စည်းတွေထည့်တာကို ရိုးတိုး ရိပ်တိတ်မြင်ရတယ်။ ၀ရိန်ဆော်တယ်။ ပိတ်တယ်။ ဒီဇင်ဘာ ၇ ရက်မှာတော့ ပျောက်သွားတဲ့ဖောကားက ညောင်ခြေထောက်က ကို....အိမ်မှာ ရပ်ထားတာတွေ့ရတယ်။ သတင်းပြန်ပို့ပြီး လူစိမ်း ရှိ မရှိ ပြန်ချောင်း၊ လူဝင်လူထွက်တွေရှိနေတယ်။ ဒီဇင်ဘာ ၉ ရက်မှာ ညောင် ခြေထောက်မှာရပ်ထားတဲ့ ဖောကားက တောင်ပေါ်က ကို....တို့အိမ်ကို လူတွေနဲ့ ညနေ ၄ နာရီလောက်မှာရောက်လာတယ်။ ကျွန်တော်ချောင်းနေရင်းနဲ့ ဒီညတော့ လှုပ်ရှားမယ်ထင်တာပဲ အစ်ကိုရေဆိုပြီး အကြောင်းကြားတော့ ဆက်ကြည့်ထားဆိုတော့ ကျွန်တော်ကလည်း အဲဒီအချိန်မှာ အရမ်းပင်ပန်းနေပြီ။ ကျွန်တော့်ညီအငယ်ကောင်ကို ဖုန်းဆက်ပြီး ငါ့ကိုတော့ တစ်ညလောက်လာပြီး အိပ်ပေးစမ်းပါလို့ပြောရတယ်။ အိပ်ပျော်သွားတဲ့အချိန်မှာ လွတ်သွားမှာစိုးလို့ ညီရောက်လာတဲ့အချိန်မှာ တစ်ညလုံးစောင်ကြည့်ကြတယ်။ ည ၉ နာရီလောက်မှာ မျောခုတ်တာ ဆီပီပါတွေကို စီထားတယ်တွေ့တယ်။ ဖောကားဖင်ထိုးပြီး ဆီပီပါတွေကိုတင်ဖို့ အဆင်သင့်ပြင်ထားတယ်။ နံနက်ကြီး ၃ နာရီလောက်မှာ ဆီပီပါတွေကို လှိမ့်တင်နေတဲ့အသံကို ကြားရတော့ အစ်ကို့ကိုဖုန်းဆက်ပြီး လုပ်ငန်းတော့ စနေပြီပြောတော့ ကားကိုမျက်ခြည် မပြတ်ကြည့်ထား။ အပေါ်တက်လား အောက်ဆင်းလား အကုန်ပြန်ပြောဆိုတော့ ဆက်ကြည့်ရင်း နံနက်ကြီး ၅ နာရီလောက်မှာ ဖောကားပေါ်ကို အကုန်တင်ပြီးသွားပြီ။ နောက် လူလေးယောက်တက်ပြီး ညကြီးဆိုတော့ မီးထိုးပြီး တာလမ်းပေါ်ကို ကားကတက်နေပြီ။ ကျွန်တော်နဲ့ ညီလေးကလည်း ဆိုင်ကယ်ဝှက် ထားတဲ့နေရာကိုသွား ဆိုင်ကယ်စက်နှိုး မီးပိတ်၊ ကျွန်တော့်ညီက စောင်ကြီးခြုံ၊ ကျွန်တော်လည်း စောင်ကြီးခြုံပြီးလိုက်ကြတာမှာ အဲဒီကားက တောင်ပေါ်ကိုမတက်ဘဲ ဥသျှစ်ပင်ဘက်ကို မောင်းပြတယ်။ တောင်သုံးလုံးလောက်လည်းကျရော ဖောကားက ပြန်လှည့်လိုက်တာကို မထင်လိုက်ဘူး။ အဲဒီကားမှန်း လည်း မထင်လိုက်ဘူး။ အောက်ကိုဆက်လိုက်ကြတယ်။ မီးရောင်ကလည်းမမြင်ရတော့ ကားကတော့ တို့ကိုမျက်စိလှည့်သွားပြီ ညီလေးဆိုပြီး ပြန်လိုက်တာမှာ ဆင်လယ်နားမှာ အဲဒီကားကို ခြေရာခံမိတယ်။ တောက်လျှောက်လိုက်ရင်း ဆင်လည်လည်းကျော်ရော ကားကို ကျွန်တော်တို့ကျော်လိုက်တယ်။ တောင်အတက်တွေကွေ့တော့ ပုန်းပြီး ကားကိုပြန်ကြည့်။ ပီပါ ၁၈ လုံးဆိုတော့ သတင်းကတော့ အမှန်အကန်ဖြစ်နေပြီ။ အဲဒါနဲ့ အစ်ကိုအောက်ကနေ အပေါ်ကိုပြန်တက်လာခဲ့တော့ အောက်မှာ ဖမ်းလို့မရတော့ဘူး။ တောင်ပေါ်ကိုပြန်တက်နေပြီဆိုတော့ အစ်ကိုက ညီလေး အဲဒီကားကိုကျော်၊ ညောင်ကျိုးမှာ ရဲတွေနဲ့ပူးပေါင်းပြီး အဲဒီကားကိုတားလိုက်ဆိုပြောတော့ ကျွန်တော်တို့က ဆိုင်ကယ်ကို လှည့်ပြီးပုန်း၊ ကားကိုပြန်ကျော်တက် စိတ်ကလည်း လောနေပြီ။ လ၀က ညောင်ကျိုးဂိတ်ကို ရောက်ချင်နေပြီလေ။
■ မေး- ဂိတ်ကိုရောက်ပြီးတော့ ဘာဆက်ဖြစ်ကြလဲ။
ဖြေ- ညောင်ကျိုး ဂိတ်ကိုရောက်တော့ သတင်းပို့။ ဖောကားပေါ်မှာ ပါလာတဲ့ လူလေးယောက်လုံးကို လက်ထိပ်ခတ်ဖမ်းပါလို့ ပြောလိုက်တယ်။ ရဲတွေကလည်း စောင့်နေကြတယ်။ ဖောကားက မောင်းတံဂိတ်နားကို ရောက်လာတော့ စက်သတ်တယ်။ ရဲတွေက ၀ိုင်းဖမ်းကြတယ်။ ကျွန်တော့်အစ်ကိုလည်း ရောက်လာကြတယ်။
■မေး- ဖမ်းဆီးရမိလိုက်တဲ့အပေါ်မှာ အစ်ကို့လုံခြုံရေး၊ မိသားစုလုံခြုံရေး တစ်စုံတစ်ရာ ဖိအားပေးခံရတာမျိုး ကြုံခဲ့ရလား။
ဖြေ- ကျွန်တော်လိုက်ဖမ်းပေးခဲ့တဲ့ကိစ္စအတွက် စိုးရိမ်ပူပန်မှုသိပ်မရှိခဲ့ပါဘူး။ ဒီလုပ်ကွက်တွေကလည်း ကိုယ့်ကို ဒီလောက်ကြီး လုပ်တယ်လို့ထင်မထားပါဘူး။ ကျွန်တော်ကတော့ မကြောက်ခဲ့ဘူး။ သေရမှာပဲ လုပ်လည်း လုပ်ရဲတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ မွေးထား တဲ့ သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက်ရှိတယ်။ ကျွန်တော့်မိန်းမ ကျွန်တော့်မိသားစုပေါ့။ သူတို့ကအဖွဲ့လိုက်တွေဆိုတော့ တစ်နည်းနည်း တစ်ဥာဏ်ဥာဏ်နဲ့ ကြံမှာကိုတော့ စိုးရိမ်ခဲ့တယ်။ အခုနောက်ပိုင်းမှာတော့ တာဝန်ထမ်းဆောင်နေတဲ့ ရဲတွေက ကြည့်ပေးပါတယ်။
■ မေး- အခုလို အစ်ကိုရဲ့လုပ်ရပ်အပေါ်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကနေပြီး အသိအမှတ်ပြုခဲ့တဲ့အပေါ် အစ်ကိုခံစားချက်လေးပြောပါဦး။
ဖြေ- ကျွန်တော် အမေစုလက်မှတ်ကိုရတဲ့အတွက် ပီတိလည်းဖြစ်တယ်။ ပျော်လည်းပျော်ပါတယ်။ ကျွန်တော် နိုင်ငံသားတစ်ယောက် အဖြစ်နဲ့ အမေစုကို တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်တယ်။ ဒါလေးပဲရှိပါတယ်။ ကျွန် တော့်မှာ…။
Writer:
ဝေလင်း (ပြည်)

။။။။။။။။။။။။။။။။။။။။။
ကရင်ပြည်နယ်ရဲတပ်ဖွဲ့နှင့်ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့တို့ပူးပေါင်း၍ WY ဆေးပြား (၂၃၀၀၀)ပြား ဖော်ထုတ်ဖမ်းဆီးရမိ
--------------------
ဘားအံ ဖေဖော်ဝါရီ ၆
ကရင်ပြည်နယ်ရဲတပ်ဖွဲ့၊ဘားအံခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ် သက်စိုးဦး ဦးစီးအဖွဲ့၊ ပြည်နယ်မှုခင်းအကူဌာနစုမှ ဒုရဲအုပ် အောင်ကျော်သူ ဦးစီးအဖွဲ့တို့သည်သက်သေ များနှင့်အတူ(၂-၂-၂၀၁၇)ရက်နေ့ နံနက်(၃)နာရီ အချိန် ခန့်တွင် မူးယစ်ဆေးဝါးသတင်းအရ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ကားကြီးဝင်းရှိ ယာဉ်ထွက်ပေါက်ဂိတ်တွင် စောင့်ဆိုင်း ဖမ်း...
See More--------------------

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Zarni Tike with Tike ZN.
"WY ဆေးပြား ၁၅ သန်း ဖမ်းမိရာမှာ အဓိကနေရာက ပါဝင်ခဲ့တဲ့
တာဝန်သိပြည်သူတစ်ဦး"
တာဝန်သိပြည်သူတစ်ဦး"
ပန်းတောင်းက မူးယစ်ကုန်ကူးမှုကြီးကို ဖော်ထုတ်ဖို့ ထမင်းထုပ် ကွမ်းထုပ်နဲ့ တောထဲမှာ (၈)ရက...
See More
မောင်တောမှာ WY ဆေးပြား ၇ သိန်းနီးပါး ဖမ်းမိ
ရခိုင်ပြည်နယ် မောင်တောမြို့နယ် သုံးမိုင်ကျေးရွာမှာ ကာလတန်ဖိုးငွေကျပ် သိန်းပေါင်း ၁ သောင်း ၃ ထောင်ကျော် တန်ဖိုးရှိတဲ့ WY စိတ်ကြွမူးယစ်ဆေးပြားအရေအတွက် ၇ သိန်းနီးပါးကို မောင်တောခရိုင် ရဲတပ်ဖွဲ့က ဒီနေ့ ဖမ်းဆီးရမိခဲ့ပါတယ်။
အဲ့ဒီမူးယစ်ဆေးဝါးတွေကို သဲတင်ကားပေါ်က သဲထဲမှာမြုပ်ထားတာကို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဉာဏ်ဝင်းဦးက ပြောပါတယ်။
...See More
မြဝတီမြို့အတွင်း ကာလတန်ဖိုး သိန်း(၃၀၀၀)ကျော်ခန့်
WY ဆေးပြား(၇၀၀၀၀)ကျော်နှင့် ICE ပုံဆောင်ခဲမူး
ယစ်ဆေးဝါးများနှင့်လက်နက်ခဲယမ်းများဖမ်းဆီးရမိ
မြဝတီ|စက်တင်ဘာ ၆ ၂၀၁၆
၆.၉.၂၀၁၆ ရက်နေ့(၁၅၃၀)အချိန်တွင် ကျုံဒိုးနယ်မြေရဲ...
See MoreWY ဆေးပြား(၇၀၀၀၀)ကျော်နှင့် ICE ပုံဆောင်ခဲမူး
ယစ်ဆေးဝါးများနှင့်လက်နက်ခဲယမ်းများဖမ်းဆီးရမိ
မြဝတီ|စက်တင်ဘာ ၆ ၂၀၁၆
၆.၉.၂၀၁၆ ရက်နေ့(၁၅၃၀)အချိန်တွင် ကျုံဒိုးနယ်မြေရဲ...
WY ဆေးပြား ၁၄ သန်းကျော် ပန်းတောင်းမှာ ဖမ်းဆီးရမိ
WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြားအရေအတွက် ၁၄သန်းကျော်ကို ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ညောင်ကျိုးစစ်ဆေးရေးဂိတ်မှာ မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ကာလတန်ဖိုး ကျပ်သန်းပေါင်း ၇ သောင်းကျော် တန်ဖိုးရှိတဲ့ WY စာတန်းပါ စိတ်ကြွဆေးပြားတွေကို စက်သုံးဆီပေပါ ၁၅ လုံးထဲမှာ ထည့်ပြီး သယ်ဆောင်လာတဲ့ ကားကို ဥသျှစ်ပင်မြို့ကနေ ရခိုင်ပြည်နယ် တောင်ကုတ်ဖက်ကို သွားရာလမ်းမှာ ဖမ်းဆီးရရှိခဲ့တာဖြစ်တယ်လို့ တပ်မတော်ပိုင် မြ၀တီဖေ့စ်ဘွတ်မှာ သတင်းထု...
See More
လှိုင်မြို့နယ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိ
**************************************
လှိုင်မြို့နယ် ၁၆ ရပ်ကွက် အနောက်ပေ ၅၀ နှင့် မာလာမြိုင် ၁ လမ်းထိပ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရာ တရားခံ ဦးအောင်ကျော် ( အဘ) ဦးကျော်စိန် ဇေယျသိဒ္ဓိလမ်း ၁ ရပ်ကွက် လှိုင်မြို့နယ်နေသူအား WY ဆေးပြား (၂၉၀) ပြား၊ ice ၂့၅ ဂရမ် နှင့် အတူ ဖမ်းဆီးရမိပါသည်။

Aung Kyaw Kyaw Oo
မှတ်ချက်။
မြန်မာတနိုင်ငံလုံးမှာ ပိုင်ရှင်မဲ့ မူးရစ်ဆေးဝါးများ စတင်ဖမ်းဆီးခြင်းကို သမတဦးသိန်းစိန်အစိုးရ နောက်ဆုံးနှစ်၂၀၁၅ ရန်ကုန်ဇေကမ္ဘာဝင်းထဲမှာ ကမ္ဘာ့ ဒုတိယအများဆုံးစံချိန်တင် ဒေါ်လာ၁၃၃သန်း စိတ်ကြွဆေးများ စတင်ခဲ့ပြီး ယခု၂၀၁၇ခု ဖေဖေါ်ဝါရီအထိ အဆက်မပြတ် ဖမ်းဆီးနေပါတယ်။
.
၂၀၁၆ ဒီဇင်ဘာလ ပြည်မြို့ဖမ်းဆီးမှုတခုမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မှ ကူညီဖမ်းဆီးပေးသူ ပြည်သူတစ်ဦး ကိုရာဇာဟိန်း ကို ဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်ဆုပေးခဲ့ပါတယ်။
.
မြန်မာနိုင်ငံမှာ မူးရစ်ဆေးလုပ်ငန်းများ ကင်းရှင်းပါစေ။
No comments:
Post a Comment