သူ့လိုလူစား ရှားလှတယ်
================
================
အနောက်ကြို့ကုန်းရိပ်သာ တိုက်အမှတ် (၄)ကို မျက်နှာမူလိုက်ပါ ... တိုက်အမှတ်(၄) ဘယ်ဖက်မှာရှိတဲ့တိုက်ရဲ့ တိုက်ခန်း ( မြေညီ) တိုက်ခန်းလေးသည်
ဦးတင်အောင်ဟိန်း ( ပြည်သူ့တရားသူကြီးအဖွဲ့ချုပ်
ဥက္ကဌ (ငြိမ်း) ၏ အခန်းလေးသာဖြစ်ပေတော့သည် ...
တိုက် ၁၁ အခန်း ၄ သည် ကျွန်တော်တို့အခန်းဖြစ်ပြီး
ကျွန်တော်တို့အိပ်ခန်းပြတင်းပေါက်မှ လှမ်းကြည့်ရင်
ဦတင်အောင်ဟိန်းတို့ရဲ့ အိမ်ခန်းကိုမြင်ရသည် ...

အပေါ်ထပ်မှာ ဦးလွန်းမောင် (ဗိုလ်မှူး) တို့အခန်းဖြစ်ပြီး အရှေ့တိုက်မှာတော့ ဒေါ်နုနုစံ သူဇာခိုင် (မိမာ)
တို့အခန်းဖြစ်၏ ...
တို့အခန်းဖြစ်၏ ...
ကျွန်တော်တို့တိုက်ခန်းနားမှာ ဆောက်လုပ်ရေး ရုံးဝင်းရှိ၏ ... အကျယ်ကြီးပါ ...
ကျွန်တော်တို့ကလေးဘဝက ကစားကွင်းဖြစ်သည် ...
ရွယ်တူတွေများတယ် ...တော်တော်လည်းဆော့နိုင်ကြတယ် ..
ညနေပိုင်းတွေမှာဆော့လို့ကောင်းတဲ့အချိန်
929 ကားဝင်လာပြီး ဆောက်လုပ်ရေးဝင်းကားဂိုဒေါင်ထဲမှာ ညသိပ်၏ ...
ဤကားသည် ဦးတင်အောင်ဟိန်းရဲ့ကားဖြစ်ပေသည် ...
ရုံးကားပီသလှသည် ...
929ကားကို ရုံးသွားချိန်သုံးသည် ...
ရုံးချိန် ရုံးမှာထား၏ ...
ရုံးဆင်းချိန်သုံး၏ ..
ပြန်လာသည် ...ဂိုဒေါင်ထဲမှာညသိပ်သည် ...
တကယ့် ရုံးကားစစ်စစ်လို့ပြောလို့ရသည် ...
ဒါဆိုရင် စနေ တနင်္ဂနွေမှာဆိုရင်တော့ ဈေးဝယ်ထွက်တာတို့ သားသမီးတွေကို အပြင်သွားရင်လိုက်ပို့တာတို့ရှိမှာပေါ့လို့ မေးကြမည် ...
အဲဒီလိုမရှိပါခင်ဗျာ ...
ရုံးပိတ်ရက်တွေမှာလည်း ကိုးနှစ်ကိုး အမည်ရှိကားသည် ဂိုဒေါင်ထဲမှာဘဲရှိသည် ...
ဆေးတက္ကသိုလ်တက်တဲ့သား အာအိုင်တီမှာကျောင်းတက်တဲ့ သူရဲ့သမီးလည်းရှိတယ် ..
သူ့သားသမီးတွေကျောင်းသွားရင်လည်းဘတ်စ်ကားနဲ့ဘဲ ...

ရုံးပိတ်ရက်တွေမှာ ဦးတင်အောင်ဟိန်းကားစီးထွက်ပါတယ် ...
မြို့ထဲ (ဆူးလေ) ကိုရောက်သော နံပတ် ၈ လိုင်း
ဘီအမ်ဘတ်စ်ရဲ့ ( ဒရိုင်ဘာဘေးဖက်ကခုံ) မှာ ဦးတင်အောင်ဟိန်းကိုတွေ့ရမှာဖြစ်ပါတယ် ...
ဝတ်စားဆင်ယင်တာမြန်မာသိပ်ဆန်ပါတယ် ...
တိုက်ပုံအင်္ကျီ ချည်ပုဆိုးအဝတ်များတယ် ...
ထီးကောက်ကြီးနဲ့လမ်းလျောက်နေသောသူ့ကိုတွေ့ရမှာဖြစ်ပါတယ် ...
တံစိုးလက်ဆောင် အာတကေကိစ္စ
အရှူပ်အရှင်း ဘာသံမှမကြားရသော အကြီးအကဲ တစ်ယောက်ပါ ...
ရပ်ရေး ရွာရေး အမူ့ကိစ္စမှန်သမျှ ကောင်းသောအကြံဥာဏ်လည်းပေးတယ် ..
ဖြေလည်းဖြေရှင်းနိုင်သူတစ်ယောက်ပါ ....

သဘောကောင်းသော်လည်း အလုပ်ကိစ္စနဲ့ပတ်သက်လာရင်တိကျပြတ်သားတယ် ...
လေးစားစရာလည်းကောင်းတယ်လို့ ကျွန်တော့်ဖေဖေက ခဏခဏပြောဖူးပါတယ် ...
လေးစားစရာလည်းကောင်းတယ်လို့ ကျွန်တော့်ဖေဖေက ခဏခဏပြောဖူးပါတယ် ...
အခြားလေးစားစရာကောင်းတဲ့စိတ်ဓါတ်တွေ ပြောရင်ပြီးမယ်မထင် ....
၈၈အရေးအခင်းဖြစ်တယ် ...
အထက်ပိုင်း ( ကြီးကြီးမားမား) လူကြီးတွေအပြင်ကိုမထွက်ရဲကြဖူးး
ဦးတင်အောင်ဟိန်းကိုတော့ ကျောင်းသားများအကြား ပြည်သူလူထုအကြား လမ်းမပေါ်မှာတွေ့နိုင်ပါတယ် ...
အထက်ပိုင်း ( ကြီးကြီးမားမား) လူကြီးတွေအပြင်ကိုမထွက်ရဲကြဖူးး
ဦးတင်အောင်ဟိန်းကိုတော့ ကျောင်းသားများအကြား ပြည်သူလူထုအကြား လမ်းမပေါ်မှာတွေ့နိုင်ပါတယ် ...
သူ့ခေတ် သူ့အခါကိုမီတဲ့သူတွေရဲ့ရင်ထဲမှာ သူအမြဲရှိနေပါတယ် ...
အဓိကကတော့ သူ့ရဲ့ရိုးသားတဲ့ဂုဏ်
ဖြူစင်တဲ့စေတနာ
မော်ကြွားမူ့မရှိခြင်းတွေကို အမှတ်ရနေကြမှာပါ ...
အဓိကကတော့ သူ့ရဲ့ရိုးသားတဲ့ဂုဏ်
ဖြူစင်တဲ့စေတနာ
မော်ကြွားမူ့မရှိခြင်းတွေကို အမှတ်ရနေကြမှာပါ ...
သူ့လိုလူစား ရှာမှရှားဆိုပြီးကျွန်တော်ကတော့ အမြဲအမှတ်ရနေအုံးမှာပါ ...
စာကြွင်း ...ကျွန်တော်ဒီလိုမျိုးရေးချင်တာကြာပါပြီ ...
လူတစ်ယောက်ရဲ့ရိုးသားမူ့ ဖြူစင်တဲ့စိတ်ဓါတ်
အတုယူဖို့ကောင်းတဲ့လုပ်ရပ်တွေကို ရေးချင်ပြောချင်ဆုံးပါဘဲ ...
လော်ဘီလုပ်ခြင်းလည်းမဟုတ်ပါ ...
အမှန်ရေးသားခြင်းဖြစ်၏ ...
ကျွန်တော်မဟုတ်မမှန်ရေးလို့မရ ...
ဘာကြောင့်လဲဆိုတော့ ဦးတင်အောင်ဟိန်းရဲ့ သမီးနှင့်မြေးသည်ကျွန်တော့်ရဲ့ Friend list ထဲမှာရှိပါတယ် ...
ဆွေမျိုးတွေ ကြို့ကုန်းသူ ကြို့ကုန်းသားတွေအများကြီးလည်းရှိပါတယ် ...

စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ ဘယ်သူ့ကိုမှ tag မတွဲလိုက်ပါ ...
ဟိုးအရင်ကဖြစ်ပါတယ် ...
အဲဒီလိုလူမျိုး အဲဒီလိုစိတ်ဓါတ်မျိုးရှိခဲ့ဖူးတယ်ပေါ့ခင်ဗျာ ...
သိန်းညွန့်ကြီး
၂၆.၀၅.၂၀၁၇
၂၆.၀၅.၂၀၁၇
Chitmyat Shwebo ဦးတင်အောင်ဟိန်းအရေးအခင်း
ပြီးတဲ့အခါ ၁၉၈၈တွင်စစ်ကိုင်းတိုင်း
ရွှေဘိုခရိုင်ခင်ဦးမြို့ငယ်လေးမှာ
လာရောက်နေထိုင်ပါသည်။
ဦးတင်အောင်ဟိန်းက ဆရာဟုခေါ်
သည့်အဂ္ဂိယပညာရှင်ကြီး
ဦးတင်မောင် တိုက်တွင်နေထိုင်ပါသည်။
ဦးတင်မောင်မှာမဆလခေတ်က
ခင်ဦးလာရောက်အခြေချနေထိုင်
ပါသည်။
ဦးတင်မောင်ထံသို့မဆလခေတ်
ဒုဝန်ကြီးများဖြစ်သည့်Drဗိုလ်လေး
Drမောင်ရှိန့်စသည်တို့လာကြ
သည်ကိုမှတ်မိပါသည်။
ဦးတင်အောင်ဟိန်းအားကျွန်တော်က
လေးစားကြည်ညိုသဖြင့်သွားရောက်
မိတ်ဆက်၍စကားပြောဖြစ်ပါသည်။
ခင်ဦးတွင်၁၀နှစ်ခန့်နေထိုင်သွား
ခဲ့ပါသည်။
နောင် အဂ္ဂိယဆရာကြီးကွယ်လွန်
သည့်အခါ ကဗျာဆရာမောင်နေသစ်
(ရေဦး)အိမ်တွင်ဆက်လက်နေထိုင်
ပါသည်။
ပြီးတဲ့အခါ ၁၉၈၈တွင်စစ်ကိုင်းတိုင်း
ရွှေဘိုခရိုင်ခင်ဦးမြို့ငယ်လေးမှာ
လာရောက်နေထိုင်ပါသည်။
ဦးတင်အောင်ဟိန်းက ဆရာဟုခေါ်
သည့်အဂ္ဂိယပညာရှင်ကြီး
ဦးတင်မောင် တိုက်တွင်နေထိုင်ပါသည်။
ဦးတင်မောင်မှာမဆလခေတ်က
ခင်ဦးလာရောက်အခြေချနေထိုင်
ပါသည်။
ဦးတင်မောင်ထံသို့မဆလခေတ်
ဒုဝန်ကြီးများဖြစ်သည့်Drဗိုလ်လေး
Drမောင်ရှိန့်စသည်တို့လာကြ
သည်ကိုမှတ်မိပါသည်။
ဦးတင်အောင်ဟိန်းအားကျွန်တော်က
လေးစားကြည်ညိုသဖြင့်သွားရောက်
မိတ်ဆက်၍စကားပြောဖြစ်ပါသည်။
ခင်ဦးတွင်၁၀နှစ်ခန့်နေထိုင်သွား
ခဲ့ပါသည်။
နောင် အဂ္ဂိယဆရာကြီးကွယ်လွန်
သည့်အခါ ကဗျာဆရာမောင်နေသစ်
(ရေဦး)အိမ်တွင်ဆက်လက်နေထိုင်
ပါသည်။
Kyi Win Absolutely correct.
လူကြီးတယောက်အနေနဲ..ပဒုမ္မာအရောင်းဆိုင်မှာ..ရွှေဝါဆပ်ပြာဘဲ..လိုအပ်သလောက်ဘဲဝယ်ယူတဲ့ပုဂ္ဂိုလ်ကြီး ..
စနေ/တနင်္ဂနွေရက်များ..အင်းစိန်ဈေးသွားရင်..နံပါတ် ၈ ဘတ်စ်ကါးစီးသွားသူ.. ( မဆလခေတ်နဲ့..လုံးဝ..မအပ်စပ်..မထိုက်တန်သော..လူမျိုး ..တိကျမှန်ကန်လွန်သည် ) မောင်မောင်သွင် . ( Civil ) ဘကြီး ပါ

Kyawthet Kyi ဦးတင်အောင်ဟိန်းနဲ့ပတ်သက်
၍ကျွန်တော်ကြားဘူးတာတခုရှိ
ပါတယ်။ဒီဇတ်လမ်းကိုပြောပြ
သူကတော့ဆရာဦးခင်မောင်အေး(ဆရာKMA)ဖြစ်ပါတယ်
ဦးတင်အောင်ဟိန်းဟာပါလီမန်
ခေတ်မှာတောမြို့လေးတခုမှာဝန်ထောက်ကလေးအဖြစ်တာဝန်ကျခဲ့ပါတယ်။ဒီမြို့လေးရဲ့မျက်နှာ
ဖုံးတယောက်ကနတ်ကန္ဒားပေး
တော့ဝန်ထောက်လေးကိုဖိတ်ပါတယ်။ဒီတုန်းကဝန်ကြီးချုပ်ဦး
နုကိုယ်တိုင်ပုပ္ပါးမှာဗာလိနတ်
စာကျွေးပွဲတွေလုပ်နေတော့နတ်ကတော်တွေမန်တက်နေတဲ့
အချိန်ပေါ့။ဒီတော့ဝန်ထောက်
လေးလောက်ကိုအရေးစိုက်စရာမလိုဘူးဆိုတဲ့သဘောနဲ့
ကြက်ပေါင်ကြော်သေးသေး
တခုရယ်နိုင်ငံခြားအရက်
sampleပုလင်းသေးသေး
လေးတလုံးရယ်လာချပေးပါ
တယ်။ဝန်ထောက်ကလေးက
ဒါတွေကိုမထိမတို့ပဲစင်ပေါ်မှာ
ရှိတဲ့နတ်ရုပ်တွေနဲ့အရက်ပုလင်းတွေကိုလက်ညှိးထိုးပြီးရေ
တော့တာပဲ။မြို့မျက်နှာဖုံးသူ
ဌေးလှုတဲ့ကန္ဒားတိုတော့အရက်
ပုလင်းတွေကအလျှံပယ်ပေါ့။
ဝန်ထောက်လေးကဌာနကိုအကြောင်းကြားပြီးယစ်မျိုးဥပဒေအရလူတဦးတွင်ပိုင်ဆိုင်ခွင့်ရှိသည့်အရက်ပုလင်းအရေအတွက်
ထက်အလွန်ပိုနေသည်ဟုဆို
ကာနတ်ရုပ်အားလုံးကိုဌာန(ရဲ
စခန်)သို့ပို့လိုက်ပါတယ်။ရဲဌာန
ကပုလိပ်တွေရော။တမြို့လုံးက
လူတွေကရောဒီဝန်ထောက်လေးတော့ပြုတ်တော့မှာဘဲ။ဝန်
ကြီးချုပ်ကိုယ်တိုင်နတ်ပွဲပေးနေ
တာဆိုပြီးဒီကိစ္စကိုစိတ်ဝင်စား
နေကြပါတယ်။ဥပဒေကိုလေးစားတဲ့ဝန်ကြီးချုပ်
လက်ထက်မို့လားမသိ။ဦးတင်
အောင်ဟိန်းဝန်ထောက်ပေါက်စလေးကဘာမှမဖြစ်ပဲနတ်ရုပ်
တွေအတွက်နတ်ကတော်ကဒဏ်ငွေဆောင်ရပြီးအရက်ပုလင်းများသိမ်းခံရပါတယ်။
ဥပဒေမျက်နှာကိုသာကြည့်ပြီး
နောက်ခံအုပ်စုကိုဂရုမစိုက်ပဲ
ရဲရဲလုပ်ခဲ့နာပါ

Martin Swe added 2 new photos — with Aung Kyaw Moe.
၁၉၈၈ ခုနှစ်ကာလကပါ။ ထိုအချိန်က ရှေ့နေချူ ပ်သည် ဒေါက်တာမောင်မောင် (နောင် မြန်မာနိုင်ငံ သမ္မတ) ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က `ကျောင်းသားများအပေါ် အစိုးရ၏ အရေးယူဆောင်ရွက်ပုံမှာ ဘာတွေမှားယွင်းခဲ့သည်ကို စုံစမ်းစစ်ဆေးသည့်ကော်မရှင်တစ်ရပ် နိုင်ငံတော်ကောင်စီက ဖွဲ့စည်းပေးရန်အတွက်´ နိုင်ငံတော်ရှေ့နေချူ ပ်ဖြစ်သူ ဒေါက်တာမောင်မောင် (Attorney General) နှင့် လာရောက်တွေ့ဆုံခဲ့ပါတယ်။ (သခင်တင်မြက တစ်ဆင့် ဦးတင်အောင်ဟိန်း- ပြည်သူ့တရားသူကြီးအဖွဲ့ဥက္ကဋ္ဌ ဟောင်း မှတစ်ဆင့် ဒေါက်တာမောင်မောင်နှင့် ဆက်သွယ်သည်ဟု ယူဆပါတယ်)
လူကြီးပါပဲ ရာထူးအတိအကျမမှတ်မိတော့ပါ) က ပြည်သူ့ဆန္ဒဖော်ထုတ်ရေးကော်
မီတီအမြန်ဖွဲ့ကာ မည်သူမဆို မိမိ၏ဆန္ဒကိုစာဖြင့်တင်ပြပေးပို့နိုင်သည်ဆိုပြီး
အင်ဗွိုင်း (ယခု တပ်မတော်ခမ်းမ)တွင် ၂၄-၈-၈၈ နံနက် ၉နာရီမှစ၍
ရုံးဖွင့်လိုက်သည်။ ထိုအခွင့်အရေးကို တရားဝင်အသုံးချလျက် မြန်မာ့အသံ-
တီဗွီ မှကြေငြာနေသော သတင်းများသည် သတင်းအမှန်များမဟုတ်ဘဲ
တပ်မတော်ထောက်လှမ်းရေးမှ တည်းဖြတ်ပြင်ဆင်ထားသော သတင်းများ
ကိုသာ ဖတ်နေရကြောင်း အများ ပြည်သူသိစေအပ်ပါသည်ဟူသော
စာတစောင်ရေးထုတ်ကာ ရေဒီယို-ရုပ်မြင် သတင်းဖတ်သူများအား
လက်မှတ်ထိုးစေလျက် (၈၀%လောက်ကလိုလိုလားလား ထိုးပေး
ခဲ့ပါသည်) ၂၄ရက်နေ့လည်ပိုင်းတွင် တရားဝင် သွားရောက် တင်သွင်း
ခဲ့ပါသည်။ ထိုစာကိုလည်း အများသိရအောင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး
စသည့်နေရာများတွင် ကပ်ထားပေးခဲ့ပါသည်။ ပြည်သူ့ဆန္ဒတွေတောင်းပြီး
နောက်တော့လည်းေ ရွးကောက်ပွဲရလာဒ်ကိုချောင်ထိုး သေနတ်နဲ့မိုး
အုပ်ချုပ်လိုက်တာ (၂၇)နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။ ထိုလုပ်ရပ်တွေကြောင့်
လည်း မောင်အောင်ခိုင်ဆွေ သူအလွန်မြတ်နိုးသော အလုပ်ဌာနကြီးမှ
လွင့်ကာ (ဆက်ရှိနေလျှင် ခုနေခါ ဂီတ ညွှန်ကြားရေးမှူးလောက်တော့
အေးအေးဆေးဆေး ဟဲဟဲ) ဆင်ဂါပူရ ကျွန်းပိစိလေးမှာ
ဇာတ်မြှုပ်နေရပါတော့သည်။
ကျနော် ကိုယ်တွေ့  ကြုံ ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ တရားသူကြီးချုပ် ဦးတင်အောင်ဟိန်း အကြောင်း
-------------------------------------------
ဦးတင်အောင်ဟိန်း က ညနေ ညနေဆိုရင် သူနေတဲ့ အင်းစိန် ကြို့ ကုန်းတိုက်တန်းလျားကနေ သူ့ ရဲ့ ဇနီးနဲ့ အတူ အင်းစိန် မီးရထားဘူတာဈေးကို အင်းစိန်လမ်းမကြီးအတိုင်း လမ်းလျှောက်ပြီး ဟင်းသီးဟင်းရွက်တွေလာဝယ်လေ့ရှိတယ်.လေညှင်းလဲခံရင်းပေါ့ .မှတ်မိတာက သူဝတ်လေ့ရှိတဲ့.စွပ်ကျယ်အင်္ကျီ အဖြူ က အပေါက်တွေနဲ့ ..။ လူတိုင်းကသူတို့ ကိုသိတယ် လူကောင်ကြီးကြီး ခေါင်းဖြူဖြူ နှတ်ခမ်းမွှေးဖြူ ဖြူ ထူထူကားကား ကြီးနဲ့ ညနေညနေဆိုရင် လမ်းလျှောက်ဈေးဝယ်ထွက်တဲ့အတွဲ ဟာမြန်မာနိုင်ငံရဲ့ တရားသူကြီးချုပ်ဆိုတာ..။

ညနေပိုင်းတွေမှာ ကျနော်တို့ ကလေးတွေ အင်းစိန်လွတ်လပ်ရေးကွင်းထဲမှာဘောလုံးကန်ကစားနေရင် သူတို့ ဇနီးမောင်နှံကဘူတာဈေး အသွား အပြန် မှာ တစ်ခါတစ်လေ လာရပ်ကြည့်တတ်တယ် ကျနော်တို့ ကခေါင်းလေးငြိမ့်ပြ ပြုံးပြ အရိုသေပေးရင်ပြန်ပြုံးပြတတ်တယ်..။
တစ်ညနေမှာ.....
ကျနော်တို့ ဘောလုံးကန်ဘို့ အင်းစိန်ကားလမ်းမကြီးကိုကူးပြီး ကွင်းထဲအဆင်းမှာ မော်တော်ပီကယ်ရဲ တစ်ယောက်က ကုန်ကားတွေကိုတားပြီး ပိုက်ဆံတောင်းနေတာတွေ့ တယ် အဲဒီအချိန်မှာ ဦးတင်အောင်ဟိန်းတို့ ကလည်း ဘူတာဈေးကအပြန် အသီးအရွက်ဈေးခြင်းတောင်းလေးနဲ့ ။ အဲဒီမှာ ပိုက်ဆံတောင်းနေတဲ့မော်တော်ပီကယ်ရဲ က ဦးတင်အောင်ဟိန်းကို ဦးတင်အောင်ဟိန်းမှန်းမသိဘူး ..သူက ကုန်ကားတစ်စီးကိုတားပြီး အောက်ကနေ ဒရိုင်ဘာဆီကပိုက်ဆံတောင်းတယ်..သူ့ အနောက်မှာက ဦးတင်အောင်ဟိန်း ဈေးခြင်းတောင်းကြီးနဲ့ ( .ဟေ့ကောင် မင်းဒါဘာလုပ်နေတာလဲ ) လို့ အော်လိုက်တော့ ရဲက လှည့်ကြည့်ပြီး ..( အဘိုးကြီး ကိုယ်နဲ့ မဆိုင်တာဝင်မရုတ်နဲ့ ကိုယ့်လမ်းကိုယ်သွား)လို့ ပြန်အော်တယ်..ကျနော်တို့ 
့လည်း ရုတ်တရက်အံ့သြသွားပြီး ကြည့်နေတဲ့အချိန်မှာ ဦးတင်အောင်ဟိန်းကသူ့  ဈေးခြင်းတောင်းကိုဘေးချလိုက်ပြီး ငါ တင်အောင်ဟိန်းကွ ဆိုပြီး သူ့ လက်သီးကြီးနဲ့ တီးထည့်ပစ်လိုက်တာ ဂွပ်ကနဲပဲ..။
အဲဒီတော့မှ အဘ.. အဘ ..ကျနော်မသိလို့ ပါ.. ကျနော်မသိလို့ ပါ ဆိုပြီး ဒူးလေးထောက် လက်အုပ်လေးချီပြီး ကန်တော့တာ သူ့ ခေါင်းနဲ့ ကတ္တရာလမ်း တဒုတ်ဒုတ်ပဲ။ ကျနောတို့ ကလေးတွေလည်းတခွီးခွီးနဲ့ ဘေးက ခိုးရီကြတာပေါ့..
ဦးတင်အောင်ဟိန်းက( နောက် မင်းကိုငါဒီလို မမြင်ခြင်ဘူး)လို့ ပြောလိုက်တော့ မော်တော်ပီကယ်ရဲ လည်း ဟုတ်ကဲ့ပါ အဘ ..ဟုတ်ကဲ့ပါ အဘ ပြောပြီး တစ်ချိုးတည်းလစ်တော့တာပဲ....။
၈၈ ကျောင်းသား အရေးအခင်းဖြစ်တော့ ကျောင်းသားတွေသေတဲ့အမှုနဲ့ ပါတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မီတီမှာသူဦးဆောင်ပြီးတင်တဲ့အစီရင်ခံစာကို အစိုးရက လစ်လျူ ရှုလို့တရားသူကြီးချုပ်နေရာကနေသူနှတ်ထွက်သွားခဲ့တာ..နောက်ပိုင်း န ဝ တ အာဏာသိမ်းစစ်အစိုးရ က ပြန်ခေါ်ခန့် တာကို တောင် လက်မခံတော့ဘူး..။
အော်...........အခုခေတ် ရဲအရာရှိတွေ တရားသူကြီးတွေ အစိုးရအရာရှိကြီးတွေ ဝန်ကြီးတွေ လာဘ်စားနေတာကိုသူတွေ့ ပြီး သူ့ လက်သီးကြီးနဲ့ တစ်ဂွပ်ဂွပ် ထိုးတာ ထိုင်ကြည့်ချင်ပါရဲ့ ဗျာ..။
မောင်မောင်အေး ( မဲလ်ဘုန်း )
.
မှတ်ချက်။
ယခု ဒေါ်အောင်ဆန်းစုကြည် နှင့် အင်အယ်ဒီအစိုးရတွင် တပ်မတော်ခေါင်းဆောင်များအပါအ၀င်၊ ဦးတင်အောင်ဟိန်း ကဲ့သို့ ဖြောင့်မတ်တည်ကြည်သော အမြောက်အများ ခေါင်းဆောင်လျက်ရှိပါသည်။ နိုင်ငံတော်သမတ မှအစပြုပြီး ၀န်ကြီးများစွာ၊ ပြည်နယ်တိုင်းဝန်ကြီးချုပ်များစွာ ဖြောင့်မတ်၊ လာပ်မစား၊ ပညာတတ်များဖြစ်ကြသည်။ ယခုလိုအခြေအနေကောင်းတွင် လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်သူများ၊ ၀ိသမဘိန်းဘုရင်၊ ၀ိသမစီးပွားလုပ်ငန်းရှင်များမှာ ဘေးကြပ်နံကြပ် ဖြစ်ပြီး တဖြေးဖြေး နယ်မြေကျဉ်းနေပြီဖြစ်သည်။ ပြည်သူလူထုအားလုံး လက်ရှိအစိုးရနှင့် စစ်တပ်ခေါင်းဆောင်ကောင်းများကို ထောက်ခံ အပြုသဘော ဝေဖန်နိုင်ပြီး၊ ၀န်းရံထားကြရန် အလွန်အရေးကြီးပါကြောင်း။
ဇော်အောင် (မုံရွာ)
၂၈.၅.၂၀၁၇
.
.
တရားဥပဒေစိုးမိုးမှုအတွက်၊ ဆက်လက်ကိုးကားရန်
၁။ ဥပဒေစိုးမိုးရေး အားကောင်းလာခြင်းနှင့် အားနည်းချက်တချို့..၂၀၁၇မှတ်ချက်။
ယခု ဒေါ်အောင်ဆန်းစုကြည် နှင့် အင်အယ်ဒီအစိုးရတွင် တပ်မတော်ခေါင်းဆောင်များအပါအ၀င်၊ ဦးတင်အောင်ဟိန်း ကဲ့သို့ ဖြောင့်မတ်တည်ကြည်သော အမြောက်အများ ခေါင်းဆောင်လျက်ရှိပါသည်။ နိုင်ငံတော်သမတ မှအစပြုပြီး ၀န်ကြီးများစွာ၊ ပြည်နယ်တိုင်းဝန်ကြီးချုပ်များစွာ ဖြောင့်မတ်၊ လာပ်မစား၊ ပညာတတ်များဖြစ်ကြသည်။ ယခုလိုအခြေအနေကောင်းတွင် လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်သူများ၊ ၀ိသမဘိန်းဘုရင်၊ ၀ိသမစီးပွားလုပ်ငန်းရှင်များမှာ ဘေးကြပ်နံကြပ် ဖြစ်ပြီး တဖြေးဖြေး နယ်မြေကျဉ်းနေပြီဖြစ်သည်။ ပြည်သူလူထုအားလုံး လက်ရှိအစိုးရနှင့် စစ်တပ်ခေါင်းဆောင်ကောင်းများကို ထောက်ခံ အပြုသဘော ဝေဖန်နိုင်ပြီး၊ ၀န်းရံထားကြရန် အလွန်အရေးကြီးပါကြောင်း။
ဇော်အောင် (မုံရွာ)
၂၈.၅.၂၀၁၇
.
.
တရားဥပဒေစိုးမိုးမှုအတွက်၊ ဆက်လက်ကိုးကားရန်
http://myanmargood2016.blogspot.com/2017/06/blog-post_22.html
.
၂။ စာရိတ္တမဏ္ဍိုင် (တရားဥပဒေစိုးမိုးရေး) နှင့် ဦးကိုနီဟောပြော၊လုပ်ဆောင်ခဲ့မှုများ (မိုးမခ)
http://moemaka.com/archives/59070
.
၃။ အဂတိနှင့်မြန်မာ ၂၀၁၇ (အာဖက်အေ တင်ပြသည်)။
ဇွန်လအစီအစဉ်မှာ ၈မိနစ်အသံဖိုင်မှာ
* တရုပ်ပြည်မှာ ရဲချုပ်သားပါတဲ့ ကုမဏီ ခြစားပါမစ် ကိစ္စကြောင့် ဓါတုပစ္စည်းသိုလှောင်ရုံပေါက်ကွဲ လူ၂၀၀ သေဆုံးတဲ့အမှု နဲ့စတင်ပါမယ်။
* ဖွံဖြိုးဆဲနိုင်ငံ50က အရာရှိကြီးတွေက အကျင့်ပျက်မှုဟာ နံပါတ်၁ ဖြစ်တယ်ပြောပါတယ်။
* လွန်ခဲ့တဲ့၅နှစ်က Corruption Index အဂတိဘိတ်ဆုံးကနေ အဆင့်၁၃၁ ထိ အဆင့်၃၀လောက် တက်လာကြောင်း၊
* ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ ခေါင်မိုးလုံအောင် သန့်ရှင်းတဲ့အစိုးရကို ဖွဲ့ပေးမဲ့ စကား၊
* လုပ်ကြံခံရတဲ့ ဦးကိုနီရဲ့ ၂၀၁၃ သမတဦးသိန်းစိန် အတည်ပြုတဲ့ အဂတိဥပဒေက အကောင်းဆုံး၊ တိုင်သူမရှိလဲ ၀န်ထမ်းတယောက် မတရားချမ်းသာနေရင် ကော်မရှင်က တရားစွဲနိုင်ကြောင်း၊
အခြေနေကတော့ ဆိုးနေဆဲဖြစ်ကြောင်း ပေါ့ဗျာ...။
http://www.rfa.org/burmese/program_2/myanmar-and-corruption-06132017230218.html
.
ရဲတွေအကြောင်း အလွန်ဆိုးတဲ့ အဂတိတွေ ထောင်ချ၊ ပိုင်ဆိုင်မှုသိမ်း နည်းလမ်း (စစ်တပ်ကထောက်ခံရင်) မကြာခင်ဖြစ်လာမှာပါ။
No comments:
Post a Comment