Wednesday, February 15, 2017

ရွမ္းျပည္ထြက္ကုန္ ''ဥာဏ္ျကီးရွင္ေကာ္ဖီ'' လုပ္ငန္းရွင္ ဦးေငြထြန္းနဲ႕ ေတြ႕ဆံုျခင္း (မိုးမခ)

အစေ့မှသည် ထုတ်ကုန်ဖြစ်သည်အထိ လုပ်ဆောင်နေသော ဩဂဲနစ်လက်မှတ်ရ ဉာဏ်ကြီးရှင်ကော်ဖီ တည်ထောင်သူ ဦးငွေထွန်း အား ရှမ်းပြည် ရွာငံ ဒေသခံ ကော်ဖီစိုက်ပျိုးသူများနှင့် အတူ တွေ့ရစဉ်

ရှမ်းပြည်ထွက်ကုန် ''ဉာဏ်ကြီးရှင်ကော်ဖီ'' လုပ်ငန်းရှင် ဦးငွေထွန်းနဲ့ တွေ့ဆုံခြင်း (မိုးမခ). . အခြေခံလူတန်းစားတွေအတွက် ဈေးအများဆုံးဝယ်တယ် . . အကောင်းဆုံးနည်းပညာနဲ့ ထုတ်လုပ်မယ်။ အသင့်လျှော်ဆုံးဈေးနဲ့ ရောင်းတဲ့ အာစီယံနိုင်ငံများမျာ ဒုတိယအကောင်းဆုံးကောဖီ . . သြဂဲနစ်လက်မှတ်ရကော်ဖီ . .
.
လွန်ခဲ့တဲ့ ၇နှစ်ကတည်းက မြန်မာပြည်လည်း အဆင့်မြင့်ကော်ဖီ ရနိုင်တယ် လေ့လာပြီး အခြေခံစိုက်ပျိုး စီးပွားရေးလုပ်လုပ်ဖို့

* ကိုယ်တိုင် သွားရောက် လေ့လာဝယ်ယူတယ်။

* အိမ်မှာ ကော်ဖီကြိတ်ပြီး လူမှုဟောပြောပွဲတွေကို စပွန်စာလုပ် မြည်းစမ်းစေခဲ့တယ်။

* မိုးရွာတာတောင် ခွက်မှောက်ရေခံတတ်တဲ့ ဒေသတောင်ယာသမားများကို သင်တန်းပို့ချ သူတို့ဆီက ကောင်းတဲ့ကော်ဖီ ဈေးပိုပေးဝယ်တယ်။ သူတို့ဖာသာ အချင်းချင်း ပညာယူစေတယ်။

* သင်တန်းပို့ချမှု သိပ်မထိရောက်ပါ။ On Job Training လက်တွေ့သင်တန်းနည်းကြ စိုက်ခင်းမှာ လက်တွေ့ ဘယ်လိုလုပ်တယ်ဆိုတာ ပြမှ အတုယူကြတယ်။

* ကော်ဖီစိုက်ခင်းများစွာ စနစ်တကျစိုက် ထိန်းသိမ်းနည်းတွေ လိုက်နာလေလေ ဈေးကောင်းရလေလေ သိလာကြတယ်။

* ဒီလုပ်ငန်းလုပ်ပြီး သုံးနှစ်အတွင်းမှာတော့ သေချာတာတခုပြောနိုင်တာက
နံပါတ်(၁) မြန်မာကော်ဖီဆိုတာကို လူသိများလာတယ်။
နံပါတ်(၂) ရှမ်းပြည်ကထွက်တယ်ဆိုတာကို လူသိလာတယ်။
နံပါတ်(၃) အနေနဲ့ ဈေးကွက်တခုရလာတယ်။

* နိုင်ငံတကာ အသိမှတ်ပြု လက်မှတ်များစွာ . .

ခင်စန္တာမြင့် (မိုးမခ)

Reference link
http://moemaka.com/archives/53936

 ခင်စန္ဒာမြင့် ● တကယ်လိုအပ်တဲ့နေရာတွေမှာ မိုးရွာပေးနေတဲ့

လူမှုစီးပွား စွန့်ဦးတီထွင်သူ ဉာဏ်ကြီးရှင်နှင့် တွေ့ဆုံခြင်း အပိုင်း(၁)
(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၁၆

ကုန်ပစ္စည်းတခုကို အနည်းဆုံးဈေးနဲ့ဝယ်၊ ကိုယ်ကတန်ဖိုးမြှင့်ထုတ်ကုန်လုပ်၊ ပြီးတော့ ဈေးကွက်မှာ ဈေးအကြီးဆုံးရောင်းတဲ့ အခြားလုပ်ငန်းတွေရဲ့ ပုံစံမျိုးမလုပ်ဘူး။ အမြတ်ရအောင်တော့လုပ်တယ်၊ ဒါပေမယ့် တောင်သူတွေကို ဘယ်လိုထုတ်ရမယ်ဆိုတာကို သင်ပေးတယ်။ ပြီးတော့မှ သူတို့ဆီကနေ ဈေးနှုန်းအမြင့်ဆုံးနဲ့ ပြန်ဝယ်တယ်။ ပြီးရင် ဈေးကွက်ကို လူတိုင်းစားသုံးနိုင်တဲ့ ဈေးနှုန်းနဲ့ ပြန်ရောင်းတယ်။ အခု အပြင်မှာ ကော်ဖီတခွက်ကို ဆိုင်ကြီးတွေပေါ်မှာ ၄၀၀၀ နဲ့ရောင်းတယ်။ ကျွန်တော်မရောင်းဘူး Expresso တခွက်မှ ၁၈၀၀နဲ့ပဲရောင်းတယ်။ ဆိုလိုချင်တာက တောင်သူတွေကို တတ်အာင်သင်တယ်။ ပြီးရင် သူတို့ဆီကနေ ဈေးနှုန်းအမြင့်ဆုံးနဲ့ ဝယ်တယ်။ ဈေးကွက်မှာ လူတိုင်းစားသုံးနိုင်တဲ့ဈေးနှုန်းနဲ့ရောင်းတယ်။ တကယ်တော့ ကျွန်တော်တို့ လုပ်တဲ့ Process တခုလုံးက ကိုယ်တိုင်လုပ်တာဖြစ်တဲ့အတွက် ထိုက်သင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းနိုင်တယ်။ ကမ္ဘာ့အဆင့်မီတဲ့ အရည်အသွေးကောင်းတဲ့ ကော်ဖီထုတ်နိုင်တယ်။

±±±±± ±±±±± ±±±±±

■ တွေ့ဆုံမေးမြန်းရေးသားသူ – ခင်စန္ဒာမြင့်
■ တည်းဖြတ်ပြင်ဆင်သူ – ငြိမ်းချမ်းအေး

ဓာတ်ပုံ – ဉာဏ်ကြီးရှင် ကော်ဖီ

စီးပွားရေးလုပ်ငန်းတခုကို ကိုယ်တိုင်ကိုယ်ကျ ဦးစီးလုပ်ဆောင်တယ်ဆိုတဲ့နေရာမှာ များသောအားဖြင့် ကိုယ်ကျိုးစီးပွား အမြတ်အစွန်း ရရှိရေးအတွက်ကိုသာ ရှေ့တန်းတင်ပြီး လုပ်ဆောင်ကြတာများပါတယ်။ အတ္တနဲ့ ပရကိုမျှတအောင် လုပ်ဆောင်နိုင်တဲ့ စီးပွားရေး၊ အများရဲ့အောင်မြင်မှုကိုရှေးရှုပြီး စီးပွားရှာကြတဲ့ စီးပွားရေးသမား လုပ်ငန်းရှင်က နည်းပါးပါတယ်။ အဲ့ဒီထဲမှာမှ လူမှုရေးအခြေပြုစီးပွားလုပ်ကိုင်ခြင်းလို့ခေါ်တဲ့ အောက်ခြေမှာ တကယ်အလုပ်လုပ်နေရတဲ့ အခြေခံလူတန်းစားတွေရဲ့ ဘဝကိုမြှင့်တင်ပေးရင်း ကမ္ဘာ့အဆင့်မီတဲ့လုပ်ငန်းတခုကို ဖော်ဆောင်လုပ်ကိုင်နိုင်ဖို့ဆိုတာ ခဲယဉ်းလှပါတယ်။ ဒီလိုခက်ခဲတဲ့ လူမှုအကျိုးစီးပွားတိုးတက်ရေးကို ရှေးရှုပြီး ကိုယ့်အတွက်ရော အများအတွက်ပါ လမ်းသစ်ဖောက်ပေးခဲ့သူကတော့ ဉာဏ်ကြီးရှင်(Genius) ကော်ဖီရယ်လို့ လူသိများလာတဲ့ ရှမ်းတောင်တန်းက ကော်ဖီကို ပြည်တွင်း ထုတ်ကုန် စစ်စစ်အဖြစ် အာဆီယံဒေသတွင်းမှာ ဒုတိယအကောင်းဆုံး ကော်ဖီနှင့် နိုင်ငံတကာ အဆင့် သြဂဲနစ်လက်မှတ်ရ ကော်ဖီ ကြိုးစားဆောင်ရွက်ခဲ့သူ ဦးငွေထွန်းပဲဖြစ်ပါတယ်။

သမားရိုးကျကော်ဖီစိုက်ပျိုးနေတဲ့ ရှမ်းတောင်တန်းက တိုင်းရင်းသားတောင်သူတွေရဲ့ လူမှုစီးပွားအကျိုး တိုးတက်ရေးအတွက်ရှေးရှုပြီး ကော်ဖီလုပ်ငန်းကို လူမှုစီးပွားလုပ်ငန်းတခုအဖြစ် လမ်းသစ်ဖောက်ပေးခဲ့သော ကိုငွေထွန်းနဲ့ သူ့ရဲ့ကြိုးစားမှုကြောင့် လူသိများလာတဲ့ ဉာဏ်ကြီးရှင်ကော်ဖီအကြောင်းကို သူ့ရဲ့ ဆိုင်ခွဲ တခု ဖြစ်တဲ့ Café Genius ၃၁ လမ်း အပေါ် ဘလောက်၊ Central Hotel နောက်ကျောဘက်က ဆိုင်မှာ အခုလိုပဲ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

၃၁ လမ်းက Genius Café ဉာဏ်ကြီးရှင်ကော်ဖီဆိုင်
ဓာတ်ပုံ – ငြိမ်းချမ်းအေး

မေး) – ပထမဦးဆုံးအနေနဲ့ ဒီကော်ဖီလုပ်ငန်းကို ဘယ်အချိန်ကတည်းက စပြီး လုပ်ခဲ့တယ်ဆိုတာကို ပြောပြပေးစေချင်ပါတယ်။

ဖြေ) – လွန်ခဲ့တဲ့ ၇ နှစ် ၈နှစ်လောက်ကတည်းက ကျွန်တော်နိုင်ငံခြားသွားတဲ့အခါတိုင်း ကော်ဖီဆိုင်တွေထိုင်ဖြစ်တယ်။ လေဆိပ်ရောက်ရင်လည်း ကော်ဖီဆိုင်မှာ ထိုင်ရင်း လေယာဉ်စောင့်တယ်။ အစည်းအဝေးတွေလုပ်တော့လည်း ကော်ဖီဆိုင်တွေမှာ လုပ်ဖြစ်တော့ အဲ့ဒီဓလေ့ကို မြင်တွေနေရတော့ ကျွန်တော် မြန်မာပြည်ပြန်လာတိုင်း ကော်ဖီဆိုင်ထိုင်ချင်တယ်။ ဒ ါပေမယ့် ဒီမှာက ကော်ဖီဆိုင်ကောင်းကောင်းဆိုရင် လူတိုင်းသောက်နိုင်လောက်တဲ့ ဈေးမျိုးမဟုတ်ဘူး။ မေးလိုက်ရင်လည်း နိုင်ငံခြားကကော်ဖီတွေကိုပဲ သုံးတယ်ဆိုတာချည်းတွေ့ရတယ်။ နောက် ကျွန်တော် အမေရိကားဘက်သွားတော့လည်း အဲ့ဒီမှာ ကျွန်တော် ကော်ဖီဆိုင် တော်တော်များများကို တွေ့ခဲ့ရတယ်။ ငါတို့ရော ကော်ဖီထုတ်ရင်မဖြစ်နိုင်ဘူးလားဆိုတဲ့ အတွေးလည်းဝင်လာတယ်။ အဲ့ဒီအချိန်မှာပဲ ကျွန်တော့် မိတ်ဆွေတယောက်က မြန်မာပြည်မှာလည်း ကော်ဖီထုတ်ရင် ရနိုင်တယ် စုံစမ်းကြည့်ပါလားဆိုပြီး ကျွန်တော့်ကို Assignment တခုပေးလာတယ်။

အဲ့ဒီထဲက ကျွန်တော်က ကော်ဖီထွက်နိုင်တဲ့ နေရာတွေလိုက်ပြီးကြည့်တယ်။ တကယ်တော့ အဲ့ဒီအချိန်တုန်းက ကော်ဖီအကြောင်းကို ကျွန်တော် ဘာမှ မသိဘူး။ ကျွန်တော်သိတာက ကော်ဖီဆိုင်မှာ ကော်ဖီမှာလိုက်ရင် သောက်ရမယ်ဆိုတာပဲသိတယ်။ ကျွန်တော်သိတာ ဒီလောက်ပဲ။ ဒီထက်ပိုပြီးဘာမှမသိဘူး။ ဒါပေမယ့် ကျွန်တော် ပြင်ဦးလွင်၊ နောင်ချို၊ ရပ်စောက် စတဲ့ နေရာတွေကို လိုက်ကြည့်တယ်။ ပြဿနာက ဘာလဲဆိုတော့ အဲ့ဒီနေရာတွေမှာ ကော်ဖီကို ကောင်းကောင်းသောက်တဲ့ လူမရှိဘူး။ သူတို့ ကျေးရွာတွေမှာရှိတဲ့ ကော်ဖီဆိုင်တွေမှာ သွားထိုင်တယ်၊ လာချပေးတဲ့ ကော်ဖီမစ်ကိုသောက်တယ်။ အဲ့တော့ ကော်ဖီဆိုတဲ့ဟာက ကျွန်တော်တို့နိုင်ငံမှာထုတ်ပြီး၊ ကျွန်တော်တို့ကောင်းကောင်း မသောက်ရဘူး။ စူပါမားကတ်တွေမှာသွားကြည့်တော့လည်း ကျွန်တော်တွေ့တဲ့ ကော်ဖီတွေက အကုန်လုံး ပြောင်ပြောင်လက်လက်တွေချည်းပဲ။ နောက်ပြီး ပုံတွေအများကြီးထည့်ထားပြီး ကော်ဖီအကြောင်း တခုမှမပါဘူး။ ဘယ်မှာစိုက်တယ် ဆိုတာလည်းမပါဘူး။ ကော်ဖီစိုက်တဲ့ တောင်သူတွေ အကြောင်းလည်းမပါဘူး။ အဲ့ဒီမှာ ကျွန်တော်ဆုံးဖြတ်လိုက်တယ် ငါတော့ ကော်ဖီလုပ်ငန်းလုပ်သင့်ပြီလို့။

အခု အချိန်မှာ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရ သြဂဲနစ် ကော်ဖီ အဖြစ် တက်လှမ်းနေပါပြီ၊
ဓာတ်ပုံ – ဉာဏ်ကြီးရှင် ကော်ဖီ

ပထမ စတာကတော့ အိမ်တွင်းမှုအနေနဲ့စတာပါ။ ကျွန်တော့်အိမ်မှာ ကော်ဖီလှော်တဲ့ စက်လေးတခုရှိတော့ အဲ့ဒီစက်လေးနဲ့လှော်၊ ပြီးတော့ အသိတွေပေး။ ပညာရေးကွန်ရက်က လုပ်တဲ့ပွဲလိုမျိုး ပွဲတွေရှိရင် အဲ့ဒီမှာ လူနှစ်ထောင်ကျော်လောက် သွားတိုက်။ အဲ့ဒီ လူတွေဆီကနေ Feedback တွေရ။ အခုဒီဆိုင်က အရင်တုန်းက ရှမ်းရိုးရာပစ္စည်းတွေရောင်းတာ၊ နောက်တော့ ကော်ဖီပါတွဲရောင်းမယ်ဆိုပြီး လုပ်လိုက်တယ်။

အဲ့ဒီကနေပြီးလုပ်ငန်းစလိုက်တယ်။ ဒီကော်ဖီဆိုင်မှာရောင်းရင်းနဲ့ လူတော်တော်များများက ပြည်တွင်းကော်ဖီလည်း ကောင်းပါလားဆိုတာကို သိလာတယ်။ ပြီးတော့ ကျွန်တော်တို့က လူမှုစီးပွား( Social Enterprise) ပုံစံလုပ်တာဆိုတော့လူတွေက ပိုစိတ်ဝင်စားတယ်။ ကျွန်တော်တို့က ကုန်သွယ်(Trading) လုပ်ငန်းပဲ ဒါပေမယ့် ကျွန်တော်တို့က ကုန်ပစ္စည်းကို အရောင်းအဝယ်လုပ်တာထက် လူမှုရေးတွေလုပ်ရင်း စီးပွားလုပ်တာ။

ဓာတ်ပုံ – ဉာဏ်ကြီးရှင် ကော်ဖီ

ဆိုလိုတာက ကုန်ပစ္စည်းတခုကို အနည်းဆုံးဈေးနဲ့ဝယ်၊ ကိုယ်ကတန်ဖိုးမြှင့်ထုတ်ကုန်လုပ်၊ ပြီးတော့ ဈေးကွက်မှာ ဈေးအကြီးဆုံးရောင်းတဲ့ အခြားလုပ်ငန်းတွေရဲ့ ပုံစံမျိုးမလုပ်ဘူး။ အမြတ်ရအောင်တော့လုပ်တယ်၊ ဒါပေမယ့် တောင်သူတွေကို ဘယ်လိုထုတ်ရမယ်ဆိုတာကို သင်ပေးတယ်။ ပြီးတော့မှ သူတို့ဆီကနေ ဈေးနှုန်းအမြင့်ဆုံးနဲ့ ပြန်ဝယ်တယ်။ ပြီးရင် ဈေးကွက်ကို လူတိုင်းစားသုံးနိုင်တဲ့ ဈေးနှုန်းနဲ့ ပြန်ရောင်းတယ်။ အခု အပြင်မှာ ကော်ဖီတခွက်ကို ဆိုင်ကြီးတွေပေါ်မှာ ၄၀၀၀ နဲ့ရောင်းတယ်။ ကျွန်တော်မရောင်းဘူး Expresso တခွက်မှ ၁၈၀၀နဲ့ပဲရောင်းတယ်။ ဆိုလိုချင်တာက တောင်သူတွေကို တတ်အာင်သင်တယ်။ ပြီးရင် သူတို့ဆီကနေ ဈေးနှုန်းအမြင့်ဆုံးနဲ့ ဝယ်တယ်။ ဈေးကွက်မှာ လူတိုင်းစားသုံးနိုင်တဲ့ဈေးနှုန်းနဲ့ရောင်းတယ်။ တကယ်တော့ ကျွန်တော်တို့ လုပ်တဲ့ Process တခုလုံးက ကိုယ်တိုင်လုပ်တာဖြစ်တဲ့အတွက် ထိုက်သင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းနိုင်တယ်။ ကမ္ဘာ့အဆင့်မီတဲ့ အရည်အသွေးကောင်းတဲ့ ကော်ဖီထုတ်နိုင်တယ်။

ဉာဏ်ကြီးရှင် က နိုင်ငံတကာက ကျွမ်းကျင်သူများကို ခေါ်ယူပြီး ကော်ဖီသင်တန်းလည်း ပို့ချပါတယ်၊ တာမွေ ဈေးဟောင်းနဲ့ မျက်စောင်းထိုး အမှတ် ၄၅၅၊ မြေညီထပ်၊ ကျိုက္ကဆံလမ်းမှာ ရှိတဲ့ ဆိုင်ခွဲက သင်တန်း အတွက် အဓိက ထားပါတယ်။
Genius Lab Café/Coffee Training
ဓာတ်ပုံ – ဉာဏ်ကြီးရှင် ကော်ဖီ

မေး) – အရည်အသွေးကောင်းရင် ကောင်းသလို ဈေးလည်းကြီးတတ်ပေမယ့် အစ်ကိုတို့က ဘာဖြစ်လို့ လူတိုင်း သောက်နိုင်တဲ့ဈေးနှုန်းနဲ့ ရောင်းဖို့ ဆုံးဖြတ်ရတာပါလဲ။ 

ဖြေ) – ကိုယ်က အရည်အသွေး ဘယ်လောက်ကောင်းအောင် ထုတ်ထုတ် လူတိုင်းလက်လှမ်းမီနိုင်တဲ့ ဈေးနှုန်းမဟုတ်လို့ လူမသိတာထက်စာရင်၊ အရည်အသွေးကောင်းကောင်းနဲ့ လူတိုင်းသောက်နိုင်အောင်လုပ်ချင်တယ်။ ပြီးတော့ ဒီလို လူမှုစီးပွား (Social Enterprise) ကနေ ဒီလိုတွေ လုပ်လို့ရတယ်ဆိုတာကိုလည်း စံပြအနေနဲ့ လုပ်ပြချင်တယ်။ စီးပွားရေးလုပ်ငန်းအများစုကတော့ ဘယ်လို အမြတ်ရအောင်လုပ်မလဲပဲ စဉ်းစားတယ်။ ကျွန်တော်တို့ကတော့ အမြတ်ရအောင်လည်းလုပ်မယ်၊ အဲ့ဒီရလာတဲ့ အမြတ်ထဲကမှ ၁၀ ရာခိုင်နှုန်းကိုလည်း ပြန်လှူမယ်။ အဲ့လိုနဲ့ပဲ ဒီလုပ်ငန်းလေး စဖြစ်သွားတာပါ။

ရှမ်းတောင်တန်းမှာ ဉာဏ်ကြီးရှင်ကော်ဖီအတွက် စိုက်ပျိုးထားတဲ့ စိုက်ခင်းတခုက ကော်ဖီသီးချိန် မြင်ကွင်း တခု
ဓာတ်ပုံ – ဉာဏ်ကြီးရှင် ကော်ဖီ

မေး) – လူတော်တော်များများက လုပ်ငန်းလုပ်ပြီဆိုထဲက ကိုယ့်အမြတ်ကျန်မလားဆိုတာကို ဦးစားပေးတတ်ကြတယ်။ ဒါပေမယ့် အစ်ကိုက ကိုယ်အမြတ်ရဖို့တင်မဟုတ်ပဲ အခြားလူတွေပါ အကျိုးရှိစေတဲ့ လူမှုစီးပွားပုံစံမျိုး ဘာကြောင့် လုပ်ခဲ့ရတာပါလဲ။

ဖြေ) – ကျွန်တော် စီးပွားရေးလုပ်ငန်းတွေ အများကြီးလုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် စိုက်ပျိုးရေးနဲ့ ပတ်သက်တာတော့ ဘာမှ မလုပ်ခဲ့ဖူးပါဘူး။ ဘာမှလည်း မသိဘူး။ ဒါပေမယ့် ကျွန်တော်စဉ်းစားတယ် ကျွန်တော်တို့နိုင်ငံမှာ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းက နယ်မှာနေကြပြီး ၃၀ ရာခိုင်နှုန်းကသာ မြို့ပြမှာနေကြတာဆိုတော့ ဒီ ၇၀ရာခိုင်နှုန်းလုံးကို ကျွန်တော်တတ်သိ ကျွမ်းကျင်တဲ့ နည်းပညာနဲ့ မကူညီနိုင်ဘူး။ အဲ့တော့ ဒီလူတွေကို ဘယ်လိုကူညီနိုင်မလဲ တွေးတယ်။ ပြီးတော့ ကျွန်တော် နယ်တွေ သွားတဲ့ အခါမှာ အဲ့ဒီနယ်တွေမှာရှိတဲ့ လူတွေ အထူးသဖြင့် တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်တတ်တဲ့ လူတွေနဲ့ တွေ့ဆုံမေးမြန်းကြည့်တယ်။ သူတို့ကို မေးကြည့်တယ်။ ခင်ဗျားမှာ ပိုက်ဆံ သိန်း ၁၀၀ လောက်ရှိရင် ဘာလုပ်မလဲပေါ့။ လူလေးယောက်ကို မေးကြည့်တယ်။ တယောက်က အဲ့ဒီ သိန်း၁၀၀ကို ငွေးတိုးချပေးမယ်တဲ့။ အဲ့တော့ ကျွန်တော်ထပ်မေးတယ်။ အဲ့ဒီလူက အတိုးရောအရင်းကော ခင်ဗျားကို ပြန်မပေးဘူးဆိုရင် ဘယ်လိုလုပ်မလဲပေါ့။ ဒီတော့ သူမဖြေနိုင်ဘူးဖြစ်သွားတယ်။ နောက်တယောက်ကလည်း ဒီလိုပဲ သိန်း၁၀၀ကို ဆယ်ပုံ ပုံမယ် ဆင်းရဲတဲ့ လူတွေကိုပေးမယ်။ အဲ့လိုပေးလို့ ချမ်းသားသွားမလားမေးတယ်။ သူ မဖြေနိုင်ဘူး။ နောက်လူတွေကတော့ ဒီသိန်း ၁၀၀နဲ့ စီးပွားလုပ်မယ်တဲ့။ ရလာတဲ့ အမြတ်ကို ဆင်းရဲတဲ့ လူတွေပေးမယ်တဲ့။ ဒါတော့ မဆိုးဘူးပေါ့ ကျွန်တော်ဆက်မေးတယ်။ ဘာစီးပွားလုပ်မလဲပေါ့။ ကားဝယ်မယ်တဲ့။ ဆက်မေးတယ် ကားဝယ်ပြီးဘာလုပ်မလဲပေါ့။ ကိုယ်တိုင်ကားမမောင်းတတ်လို့ ကားမောင်းတဲ့လူရှာရမယ် အဲ့ဒီလူက မကောင်းရင် ဘာဆက်လုပ်မလဲပေါ့။ အဲ့ဒီတော့ သူဘာမှ ဆက်မပြောနိုင်တော့ဘူး။

ရှမ်းပြည် ရွာငံ ဒေသ နွားဘန်းကြီးကျေးရွာ ဉာဏ်ကြီးရှင် ကော်ဖီ စိုက်ခင်းတွင် ပနားမား ကော်ဖီပင်ပေါက် ၁,၂၀၀ စိုက်ပျိုးထားသည့် မြင်ကွင်း
ဓာတ်ပုံ – ဉာဏ်ကြီးရှင် ကော်ဖီ

ဉာဏ်ကြီးရှင် ကော်ဖီ ရရှိထားသည့် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များ
ဓာတ်ပုံ – ဉာဏ်ကြီးရှင် ကော်ဖီ

ဉာဏ်ကြီးရှင် သြဂဲနစ် ကော်ဖီ ဝယ်ယူရရှိနိုင်သည့် ရန်ကုန်က လိပ်စာများ
ဓာတ်ပုံ – ဉာဏ်ကြီးရှင် ကော်ဖီ

ဆိုလိုချင်တာက အဲ့ဒီဒေသတွေမှာရှိနေတဲ့ လူတွေက လက်ထဲမှာ ပိုက်ဆံရှိနေရင်တောင် ဘာလုပ်ရမယ်ဆိုတဲ့ ငွေကြေးကို ဘယ်လို စီမံခန့်ခွဲရမယ်ဆိုတဲ့ ဗဟုသုတနည်းကြတယ်။ ပြီးတော့ ကြုံတွေ့လာရမယ့် ပြသနာတွေအတွက် စဉ်းစားထားတာမရှိဘူး။ တခုခုလုပ်မယ်ဆိုရင် တယောက်တည်း ပဲလုပ်ချင်တယ်။ စုပေါင်းပြီးလုပ်ရမယ်ဆိုတာကို လက်မခံချင်ဘူး ဆိုတာကို တွေ့လာရတယ်။ အဲ့တော့ ကျွန်တော် လန့်သွားတယ်။ ငါက ကူညီချင်တယ်ဆိုရင်တောင် သူတို့မှာ ဘာမှ အဆင်သင့်မဖြစ်သေးဘူးဆိုပြီး လန့်သွားတယ်။ သဘောက မိုးသာရွာနေတာ သူတို့မှာ ခွက်ကို မှောက်ပြီးခံနေတာမျိုးဖြစ်နေတယ်။

အခု ကျွန်တော်တို့ စိုက်ပျိုးရေ လုပ်ငန်းကြီးတခုလုံးမှာ ဖြစ်နေတာက အစိုးရက ချေးငွေပေးတယ်။ အဲ့ဒီချေးငွေက တောင်သူတွေမှာ အိမ်တောင်မရောက်ဘူး ကုန်သွားတယ်။ ဘာဖြစ်လို့လဲမေးကြည့်တယ်။ ချေးငွေစပြီး ရကတည်းက ပုဆိုးဝယ်ရတယ်တဲ့။ ဓာတ်မြေသြဇာဝယ်ရတယ်တဲ့။ မျိုးစပါးဝယ်ရတယ်တဲ့။ အဲ့တော့ ပိုက်ဆံချေးတာ ဘာအတွက်လဲ။ အစကတည်းက ပိုက်ဆံချေးမယ့်အစား စိုက်ပျိုးဖို့လိုအပ်တာတွေ ပေးလိုက်ပါလား။

ဥပမာ ချေးငွေ သုံးသိန်းမှာ ၁သိန်းပဲ ပိုက်ဆံပေး။ ၂သိန်းက စိုက်ပျိုးဖို့ လိုအပ်တဲ့ ပစ္စည်းတွေပေးပေါ့။ အဲ့လို မဟုတ်ပဲ အစိုးရက သုံးသိန်းလုံးပေးတယ်။ ဒါပေမယ့် တကယ်လိုအပ်တဲ့ စိုက်ပျိုးရေးပစ္စည်းတွေကိုကျတော့ ပြန်ဝယ်ရတယ်။ အဲ့ဒါကလည်း အစိုးရက ရောင်းတာမဟုတ်ဘူး။ အဲ့ဒီဘဏ်နဲ့ ဆက်စပ်တဲ့ လူတွေက ပုဆိုးလည်းရောင်းတယ်။ မျိုးစေ့လည်းရောင်းတယ်။ ဓာတ်မြေသြဇာလည်းရောင်းတယ်။ အဲ့တော့ ဒီချေးငွေတွေက တောင်သူတွေကို ပိုပြီးဒုက္ခပေးနေသလိုဖြစ်နေတယ်။ သူတို့မှာချေးငွေ လက်ထဲရောက်တာနဲ့ ပိုက်ဆံက ကုန်တာပဲ။ အဲ့ဒီဘဏ်နားမှာ အရက်ဆိုင်ရှိတယ်။ လက်ထဲမှာငွေရတယ်။ စောစောက ပြောတဲ့ဟာတွေကို ဝယ်ရလို့ ငွေဖြတ်ခံရတယ်။ ပြီးတော့ အဲ့ဒီအရက်ဆိုင်မှာ စားသောက်ပြန်သွားကြတယ်။ အဲ့တော့ သူတို့လက်ထဲမှာ ဘာကျန်ခဲ့လဲ မေးတော့ အကြွေးရယ်၊ မျိုးစေ့ရယ်၊ ဓာတ်မြေသြဇာရယ်ပဲ ကျန်ခဲ့တယ်။

ကျွန်တော် ဒါတွေကို သိခဲ့ရတော့ တော်တော်လေးကို ထိတ်လန့်သွားတယ်။ ငါတို့စနစ်က လူတွေကို ပိုပြီးကောင်းအောင်လုပ်နေတာမျိုး မဟုတ်တော့ဘူးဆိုတာ သိလာတယ်။ ဒါက အစိုးရက ထုတ်ပေးတဲ့ ချေးငွေ အပိုင်း။

ပိုပြီးဆိုးတာက NGO တွေ။ သူတို့က အသေးစားချေးငွေပုံစံ (Micro Financing) နဲ့ငွေချေးပေးတယ်။ ဥပမာ လူငါးယောက်စုလိုက်တယ်။ အဲ့ဒီငါးယောက်က သူတို့ အမျိုးတွေချည်း ငါးယောက်စုလိုက်တာ။ ပြီးတော့ အဲ့လို ဟာတွေက တပတ်ဆပ်ရတာရှိတယ်။ တလနေမှ ပြန်ဆပ်ရတာရှိတယ်။ လုပ်ငန်းလေးတခု စလုပ်ပါတယ် ဆိုမှ ဘယ်လို တပတ်နဲ့ လုပ်နိုင်မှာလဲ၊ ခေါင်းရွက်ဗျက်ထိုးရောင်းရင်တောင်မှ အကြွေးရောင်းရတာ။ ဒီလိုနည်းနဲ့ ဘယ်လို ပြန်ဆပ်မလဲ။ ဒီလူတွေက ငွေပဲ ပေးလိုက်တာ ဒီငွေတွေကို ဘယ်လို သုံးရမယ်ဆိုတာကို သင်မပေးလိုက်ဘူး။ ဒီငွေတွေကို ပြန်ဆပ်ရမယ် ဆိုတဲ့ အသိပညာပေးမှု မပါဘူး။ ပြီးတော့ သူတို့နဲ့ အဆင်ပြေတဲ့သူဆို ပိုပေးမယ်။ အဆင်မပြေရင် မပေးဘူး။ နောက်ပြီး တပတ်ကို တခါ ပြန်ဆပ်ရမယ်ဆိုတဲ့ စနစ်ကြောင့် မဆပ်နိုင်တဲ့ လူတွေက အပြင်မှာ ၂ရက်ကို ၁၅ကျပ်တိုး ၂၀ကျပ်တိုးနဲ့ သွားယူပြီးဆပ်တယ်။ အဲ့တော့ တပတ်အတွင်းမှာ ဟိုဖက်အကြွေးအတွက် ဒီဘက်ကနေ အတိုးကြီးကြီးယူပြီး ပြန်ဆပ်နေရတယ်။ ဥပမာ ပိုက်ဆံ ၂သိန်းချေးယူထားတဲ့လူက တလမှာ ၆၀ရာခိုင်နှုန်း အတိုးတက်နေပြီ။ သူတို့မှာ ချေးငွေသာရလာတယ်။ ဘာလုပ်ရမယ်ဆိုတဲ့ Idea မရှိဘူး။ ဘယ်လိုကုန်အောင်သုံးမယ်ဆိုတာပဲရှိတယ်။

အဲ့ဒီလိုစနစ်တွေ အောက်ခြေမှာဖြစ်နေတဲ့ အကြောင်းတွေကို သိလာရတော့ ဒီလူတွေရဲ့ဘဝနဲ့ အသိဉာဏ်တွေကို တိုးတက်လာစေဖို့ စဉ်ဆက်မပြတ် ပြန်လည်ပြည့်ဖြိုးလာစေတဲ့ လုပ်ငန်းတခုလုပ်မှဖြစ်မယ်လို့ တွေးမိတယ်။ အဲ့ဒါဘာလဲဆိုတော့ တောင်သူတွေကိုကူညီတဲ့နည်းပဲ။ သူတို့ရဲ့ဘဝတွေကို မြှင့်တင်ပေးဖို့ပဲ။ သူတို့ကို ငွေဆိုတာ ဘယ်လို စီမံခန့်ခွဲပြီး သုံးရတယ်ဆိုတာကို အသိပညာပေးဖို့ပဲ။ ဒါကြောင့် ကျွန်တော် Social Enterprise လုပ်ငန်းကို လုပ်ဖြစ်ခဲ့တာပါပဲ။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် အောက်ခြေတောင်သူတွေမှာဖြစ်နေတဲ့ လူမှုရေးပြသနာတွေကိုပါ ဖြေရှင်းပြီးသားဖြစ်သွားနိုင်တာကြောင့် ကျွန်တော်ဒါကို လုပ်ဖို့ရွေးချယ်လိုက်တယ်။

မေး) – ဒီလိုလုပ်ခြင်းအားဖြင့်ဘယ်လို အကျိုးကျေးဇူးတွေရှိလာမယ်လို့ ထင်ပါသလဲ။

ဖြေ) – ကျွန်တော်တို့က တကယ်လိုအပ်တဲ့နေရာတွေမှာ မိုးရွာပေးတာပါပဲ။ အခုတောင်သူတွေတွေက မျိုးလိုချင်တယ်ပြောတယ်။ သူတို့လိုချင်တဲ့မျိုးနဲ့ ပတ်သက်တာတွေကို သေချာလေ့လာတယ်။ Analysis လုပ်တယ်။ ကျွန်တော်တို့မှာက နည်းပညာရှိတယ်။ Idea ရှိတယ်။ အဲ့တော့ သူတို့လိုအပ်တာကို ပံ့ပိုးပေးနိုင်တယ်။ အဲ့တော့ ကျွန်တော်တို့မှာ Impact က ၁၀၀ ရာခိုင်နှုန်း မဟုတ်တောင်၊ ၈၀ရာခိုင်နှုန်းတော့ကျော်တယ်။ ၂၀ ရာခိုင်နှုန်းကတော့ ကျွန်တော်တို့က မျိုးကောင်းပေးတယ်၊ သူတို့လိုအပ်ချက်တွေပေးတယ်။ ဒါပေမယ့် သူတို့က မစိုက်ဘဲ ရောင်းစားရင် ဘယ်လို လုပ်မလဲနော်။ ဒါတော့ ကျွန်တော်တို့ မတက်နိုင်တော့ဘူး။

ဒါပေမယ့် ဒီလုပ်ငန်းလုပ်ပြီး သုံးနှစ်အတွင်းမှာတော့ သေချာတာတခုပြောနိုင်တာက

နံပါတ်(၁) မြန်မာကော်ဖီဆိုတာကို လူသိများလာတယ်။
နံပါတ်(၂) ရှမ်းပြည်ကထွက်တယ်ဆိုတာကို လူသိလာတယ်။
နံပါတ်(၃) အနေနဲ့ ဈေးကွက်တခုရလာတယ်။

ဒါတွေကတော့ ဒီ သုံးနှစ်အတွက်မှာ တိုင်းတာလို့ရလာတဲ့ အကျိုးအမြတ်ပဲ။ တောင်သူတွေကို ကူညီပေးနိုင်တာ၊ လုပ်ငန်းတူတွေကို အကူအညီတွေပေးနိုင်တာကတော့ တိုင်းတာလို့ မရနိုင်တဲ့ အကျိုးအမြတ်တွေပါပဲ။

မေး) – အစ်ကိုပြောသလို တောင်သူတွေမှာက ပညာဗဟုသုတနည်းကြတော့ အစ်ကိုလိုချင်တဲ့ လူမှုစီးပွားပုံစံတခုဖြစ်လာအောင် သူတို့တွေနဲ့ ဘယ်လိုမျိုး ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ခဲ့ရပါသလဲ။

ဖြေ) – ကျွန်တော်က ကျောင်းဆရာတပိုင်းလည်းဖြစ်ခဲ့ဖူးသလို၊ အကြံပေးလုပ်ငန်းတွေလည်း လုပ်ငန်းဖူးတော့ အပြောင်းအလဲဆိုတဲ့ သဘောတရားကိုနားလည်တယ်။ ကျွန်တော်အပါအဝင် လူတော်တော်များများက အပြောင်အလဲလို့ ပြောလိုက်တာနဲ့ ဆန့်ကျင်တတ်ကြတာ သဘာဝပဲ။ ဒါကို သိဖို့လိုတယ်။ လူတိုင်းကို တွေ့တာနဲ့ ငါပြောတာမလုပ်ဖူးလားဆိုတာမျိုး လုပ်လို့မရဘူး။

အဲ့ဒီတော့ ကျွန်တော်တို့က ပုံစံသုံးမျိုးနဲ့ တောင်သူတွေကို ချဉ်းကပ်တယ်။

ပထမနည်းက ကျွန်တော်တို့ ရွေးချယ်ထားတဲ့ တောင်သူတွေကို သင်ပေးတယ်။ ဒုတိယအဆင့်က အဲ့လို သင်ပေးလိုက်တာကို လက်တွေ့လုပ်ကြည့်တယ်။ နောက်ဆုံးတခုက စံပြအနေနဲ့ဦးဆောင်လုပ်ပြတယ်။ အဲ့ဒါကအရေးကြီးတယ်။ နယ်တွေမှာက စာတွေပေးဖတ်တာထက်စာရင် အဲ့ဒီလူကဘာလုပ်နေလဲ ဆိုတာကိုကြည့်ပြီး လိုက်လုပ်တတ်ကြတယ်။ လိုက်ခေါ် သင်ပေးတာကို စိတ်မဝင်စားဘူး။ ဘာမှမပြော၊ ပြလည်းမပြဘဲ လုပ်ကြည့် အရမ်းစိတ်ဝင်စားကြတယ်။ လိုက်လုပ်ချင်ကြတယ်။ ကျွန်တော်တို့ လူမျိုးတွေရဲ့ စိတ်အခြေခံကိုက အဲ့ဒီလိုဖြစ်နေတာ။

ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့စာသင်ပေးနေတဲ့ လူတွေကို ကျွန်တော်တို့က တနေ့ကို ဘယ်လောက်ဆိုပြီးပေးခဲ့တယ်။ အဲ့ဒီမှာတောင်ကျွန်တော့်ကိုလိမ်ပြီးတင်သေးတယ်။ လူက ၂၀ ပဲလာတာကို ၂၄ ယောက်ဆိုပြီးလုပ်တာရှိသေးတယ်။ ကျွန်တော်က လေ့လာဖို့စာအုပ်တွေပေးလိုက်တယ်။ အဲ့စာအုပ်တွေကို မဖြန့်ဘူး။ သူတယောက်တည်း ယူထားတယ်။

အဲ့တော့ သင်လို့ မဖြစ်တော့ဘူး ဆိုပြီး On Job Training လိုမျိုးလုပ်တယ်။ မျိုးတွေပျိုးထောင်မယ် ဒီလိုလုပ်ရမယ် သင်ပြတယ်။ အဲ့ဒါကို သူတို့ စိတ်ဝင်စားကြတယ်။ ပြောပြတယ် ခင်ဗျားတို့ အသက်မွေးဝမ်းကျောင်းဖို့လုပ်တဲ့ဟာ ကို ကျွန်တော်က လာသင်ပေးရတာ။ ရန်ကုန်ကနေလာတာ အနည်းဆုံး သုံးသိန်းကုန်တယ်။ တကယ်ပေးကြကြေးဆို ခင်ဗျားတို့ကနေတောင့် ကျွန်တော့်ကိုပြန်ပေးရမှာ လို့ပြောပြရတယ်။ ဒါပေမယ့် လာသင်တဲ့ ဆရာဆရာမတွေကိုတော့ ကျွန်တော်တို့က ထောက်ပံ့ပေးတယ်။

နောက်တဆင့်ဖြစ်တဲ့ စံပြအနေနဲ့ ဦးဆောင်လုပ်ပြတာမှာ ပစ္စည်းတွေကို ကောင်းကောင်းလုပ်တဲ့ လူတွေဆီက ဈေးပိုပေးပြီး ဝယ်တယ်။ ကောင်းကောင်း မလုပ်ရင် ဈေးလျှော့ပြီးဝယ်တယ်။ တော်တော်ဆိုးရင် လုံးဝမ၀ယ်ဘဲထားလိုက်တယ်။ အဲ့တော့ လူတွေက သူတို့အချင်းချင်း ဟာ မင်းသွားရောင်းတာ လယ်လောက်ရလဲ။ ငါကတော့ ဒီလောက်ပဲရတယ် ဆိုပြီး ယှဉ်ပြိုင်လာကြတယ်။ မင်း ဉာဏ်ကြီးရှင်မှာ သွားရောင်း သူတို့ပြောတဲ့အတိုင်း ငါ စိုက်တာ ဒီလောက်ရတယ် ဆိုပြီးဖြစ်လာကြတယ်။

တခုရှိတာက Domino Effect လိုပေါ့နော်၊ ရှေ့က ကောင်းကောင်းလုပ်ပြရင် အကုန်ကူးစက်သလို။ ရှေ့ကမှားရင်လည်း အကုန်မှားသွားနိုင်တယ်။ ဒါကြောင့်ကျွန်တော်တို့ သင်တန်းတွေလည်း လိုအပ်ပါတယ်။ အဲ့တော့ တောင်သူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ခက်ခဲလားမေးရင် ကျွန်တော်တို့အတွေ့အကြုံအရ ခက်ခဲတယ်တော့ မဟုတ်ဘူး။ သူတို့က အရိုးခံနဲ့ ဆက်ဆံကြတော့ တချို့ကိစ္စတွေမှာ သူတို့က မသိလို့ မလုပ်တာဘဲ ရှိတယ်။ သိရင်သူတို့လည်း လုပ်ကြမှာပါ။

(ဆက်လက်ဖော်ပြပါမည်။)
တွေ့ဆုံမေးမြန်းရေးသားသူ – ခင်စန္ဒာမြင့်
တည်းဖြတ်ပြင်ဆင်သူ – ငြိမ်းချမ်းအေး
(မိုးမခ)


 

အေစ့မွသည္ ထုတ္ကုန္ျဖစ္သည္အထိ လုပ္ေဆာင္ေနေသာ ဩဂဲနစ္လက္မွတ္ရ ဉာဏ္ႀကီးရွင္ေကာ္ဖီ တည္ေထာင္သူ ဦးေငြထြန္း အား ရွမ္းျပည္ ရြာငံ ေဒသခံ ေကာ္ဖီစိုက္ပ်ိဳးသူမ်ားႏွင့္ အတူ ေတြ႕ရစဥ္

ရွမ္းျပည္ထြက္ကုန္ ''ဥာဏ္ျကီးရွင္ေကာ္ဖီ'' လုပ္ငန္းရွင္ ဦးေငြထြန္းနဲ႕ ေတြ႕ဆံုျခင္း (မိုးမခ). . အေျခခံလူတန္းစားေတြအတြက္ ေစ်းအမ်ားဆံုးဝယ္တယ္ . . အေကာင္းဆံုးနည္းပညာနဲ႕ ထုတ္လုပ္မယ္။ အသင့္ေလွ်ာ္ဆံုးေစ်းနဲ႕ ေရာင္းတဲ႕ အာစီယံႏိုင္ငံမ်ားမ်ာ ဒုတိယအေကာင္းဆံုးေကာဖီ . . ျသဂဲနစ္လက္မွတ္ရေကာ္ဖီ . .
.
လြန္ခဲ႕တဲ႕ ၇ႏွစ္ကတည္းက ျမန္မာျပည္လည္း အဆင့္ျမင့္ေကာ္ဖီ ရႏိုင္တယ္ ေလ့လာျပီး အေျခခံစိုက္ပ်ိဳး စီးပြားေရးလုပ္လုပ္ဖို႕
* ကိုယ္တိုင္ သြားေရာက္ ေလ့လာဝယ္ယူတယ္။
* အိမ္မွာ ေကာ္ဖီျကိတ္ျပီး လူမႈေဟာေျပာပြဲေတြကို စပြန္စာလုပ္ ျမည္းစမ္းေစခဲ႕တယ္။
* မိုးရြာတာေတာင္ ခြက္ေမွာက္ေရခံတတ္တဲ႕ ေဒသေတာင္ယာသမားမ်ားကို သင္တန္းပို႕ခ် သူတို႕ဆီက ေကာင္းတဲ႕ေကာ္ဖီ ေစ်းပိုေပးဝယ္တယ္။ သူတို႕ဖာသာ အခ်င္းခ်င္း ပညာယူေစတယ္။
* သင္တန္းပို႕ခ်မႈ သိပ္မထိေရာက္ပါ။ On Job Training လက္ေတြ႕သင္တန္းနည္းျက စိုက္ခင္းမွာ လက္ေတြ႕ ဘယ္လိုလုပ္တယ္ဆိုတာ ျပမွ အတုယူျကတယ္။
* ေကာ္ဖီစိုက္ခင္းမ်ားစြာ စနစ္တက်စိုက္ ထိန္းသိမ္းနည္းေတြ လိုက္နာေလေလ ေစ်းေကာင္းရေလေလ သိလာျကတယ္။
* ဒီလုပ္ငန္းလုပ္ၿပီး သံုးႏွစ္အတြင္းမွာေတာ့ ေသခ်ာတာတခုေျပာႏိုင္တာက
နံပါတ္(၁) ျမန္မာေကာ္ဖီဆိုတာကို လူသိမ်ားလာတယ္။
နံပါတ္(၂) ရွမ္းျပည္ကထြက္တယ္ဆိုတာကို လူသိလာတယ္။
နံပါတ္(၃) အေနနဲ႔ ေစ်းကြက္တခုရလာတယ္။
* ႏိုင္ငံတကာ အသိမွတ္ျပဳ လက္မွတ္မ်ားစြာ . .
ခင္စႏၱာျမင့္ (မိုးမခ)

 ခင္စႏၵာျမင့္ ● တကယ္လိုအပ္တဲ့ေနရာေတြမွာ မိုးရြာေပးေနတဲ့
လူမႈစီးပြား စြန္႔ဦးတီထြင္သူ ဉာဏ္ႀကီးရွင္ႏွင့္ ေတြ႔ဆံုျခင္း အပိုင္း(၁)
(မိုးမခ) စက္တင္ဘာ ၂၇၊ ၂၀၁၆
ကုန္ပစၥည္းတခုကို အနည္းဆံုးေစ်းနဲ႔၀ယ္၊ ကိုယ္ကတန္ဖိုးျမွင့္ထုတ္ကုန္လုပ္၊ ၿပီးေတာ့ ေစ်းကြက္မွာ ေစ်းအႀကီးဆံုးေရာင္းတဲ့ အျခားလုပ္ငန္းေတြရဲ႕ ပံုစံမ်ိဳးမလုပ္ဘူး။ အျမတ္ရေအာင္ေတာ့လုပ္တယ္၊ ဒါေပမယ့္ ေတာင္သူေတြကို ဘယ္လိုထုတ္ရမယ္ဆိုတာကို သင္ေပးတယ္။ ၿပီးေတာ့မွ သူတို႔ဆီကေန ေစ်းႏႈန္းအျမင့္ဆံုးနဲ႔ ျပန္၀ယ္တယ္။ ၿပီးရင္ ေစ်းကြက္ကို လူတိုင္းစားသံုးႏိုင္တဲ့ ေစ်းႏႈန္းနဲ႔ ျပန္ေရာင္းတယ္။ အခု အျပင္မွာ ေကာ္ဖီတခြက္ကို ဆိုင္ႀကီးေတြေပၚမွာ ၄၀၀၀ နဲ႔ေရာင္းတယ္။ ကၽြန္ေတာ္မေရာင္းဘူး Expresso တခြက္မွ ၁၈၀၀နဲ႔ပဲေရာင္းတယ္။ ဆိုလိုခ်င္တာက ေတာင္သူေတြကို တတ္အာင္သင္တယ္။ ၿပီးရင္ သူတို႔ဆီကေန ေစ်းႏႈန္းအျမင့္ဆံုးနဲ႔ ၀ယ္တယ္။ ေစ်းကြက္မွာ လူတိုင္းစားသံုးႏိုင္တဲ့ေစ်းႏႈန္းနဲ႔ေရာင္းတယ္။ တကယ္ေတာ့ ကၽြန္ေတာ္တို႔ လုပ္တဲ့ Process တခုလံုးက ကိုယ္တိုင္လုပ္တာျဖစ္တဲ့အတြက္ ထိုက္သင့္တဲ့ ေစ်းႏႈန္းနဲ႔ ေရာင္းႏိုင္တယ္။ ကမၻာ့အဆင့္မီတဲ့ အရည္အေသြးေကာင္းတဲ့ ေကာ္ဖီထုတ္ႏိုင္တယ္။
±±±±± ±±±±± ±±±±±
■ ေတြ႕ဆံုေမးျမန္းေရးသားသူ – ခင္စႏၵာျမင့္
■ တည္းျဖတ္ျပင္ဆင္သူ – ၿငိမ္းခ်မ္းေအး


ဓာတ္ပံု – ဉာဏ္ႀကီးရွင္ ေကာ္ဖီ
စီးပြားေရးလုပ္ငန္းတခုကို ကိုယ္တိုင္ကိုယ္က် ဦးစီးလုပ္ေဆာင္တယ္ဆိုတဲ့ေနရာမွာ မ်ားေသာအားျဖင့္ ကိုယ္က်ိဳးစီးပြား အျမတ္အစြန္း ရရွိေရးအတြက္ကိုသာ ေရွ႕တန္းတင္ၿပီး လုပ္ေဆာင္ၾကတာမ်ားပါတယ္။ အတၱနဲ႔ ပရကိုမွ်တေအာင္ လုပ္ေဆာင္ႏိုင္တဲ့ စီးပြားေရး၊ အမ်ားရဲ႕ေအာင္ျမင္မႈကိုေရွးရႈၿပီး စီးပြားရွာၾကတဲ့ စီးပြားေရးသမား လုပ္ငန္းရွင္က နည္းပါးပါတယ္။ အဲ့ဒီထဲမွာမွ လူမႈေရးအေျချပဳစီးပြားလုပ္ကိုင္ျခင္းလို႔ေခၚတဲ့ ေအာက္ေျခမွာ တကယ္အလုပ္လုပ္ေနရတဲ့ အေျခခံလူတန္းစားေတြရဲ႕ ဘ၀ကိုျမွင့္တင္ေပးရင္း ကမၻာ့အဆင့္မီတဲ့လုပ္ငန္းတခုကို ေဖာ္ေဆာင္လုပ္ကိုင္ႏိုင္ဖို႔ဆိုတာ ခဲယဥ္းလွပါတယ္။ ဒီလိုခက္ခဲတဲ့ လူမႈအက်ိဳးစီးပြားတိုးတက္ေရးကို ေရွးရႈၿပီး ကိုယ့္အတြက္ေရာ အမ်ားအတြက္ပါ လမ္းသစ္ေဖာက္ေပးခဲ့သူကေတာ့ ဉာဏ္ႀကီးရွင္(Genius) ေကာ္ဖီရယ္လို႔ လူသိမ်ားလာတဲ့ ရွမ္းေတာင္တန္းက ေကာ္ဖီကို ျပည္တြင္း ထုတ္ကုန္ စစ္စစ္အျဖစ္ အာဆီယံေဒသတြင္းမွာ ဒုတိယအေကာင္းဆံုး ေကာ္ဖီႏွင့္ ႏိုင္ငံတကာ အဆင့္ ၾသဂဲနစ္လက္မွတ္ရ ေကာ္ဖီ ႀကိဳးစားေဆာင္ရြက္ခဲ့သူ ဦးေငြထြန္းပဲျဖစ္ပါတယ္။

သမားရိုးက်ေကာ္ဖီစိုက္ပ်ိဳးေနတဲ့ ရွမ္းေတာင္တန္းက တိုင္းရင္းသားေတာင္သူေတြရဲ႕ လူမႈစီးပြားအက်ိဳး တိုးတက္ေရးအတြက္ေရွးရႈၿပီး ေကာ္ဖီလုပ္ငန္းကို လူမႈစီးပြားလုပ္ငန္းတခုအျဖစ္ လမ္းသစ္ေဖာက္ေပးခဲ့ေသာ ကိုေငြထြန္းနဲ႔ သူ႔ရဲ႕ႀကိဳးစားမႈေၾကာင့္ လူသိမ်ားလာတဲ့ ဉာဏ္ႀကီးရွင္ေကာ္ဖီအေၾကာင္းကို သူ႔႔ရဲ႕ ဆိုင္ခြဲ တခု ျဖစ္တဲ့ Café Genius ၃၁ လမ္း အေပၚ ဘေလာက္၊ Central Hotel ေနာက္ေက်ာဘက္က ဆိုင္မွာ အခုလိုပဲ ေတြ႔ဆံုေမးျမန္းျဖစ္ခဲ့ပါတယ္။

၃၁ လမ္းက Genius Café ဉာဏ္ႀကီးရွင္ေကာ္ဖီဆိုင္
ဓာတ္ပံု – ၿငိမ္းခ်မ္းေအး

ေမး) – ပထမဦးဆံုးအေနနဲ႔ ဒီေကာ္ဖီလုပ္ငန္းကို ဘယ္အခ်ိန္ကတည္းက စၿပီး လုပ္ခဲ့တယ္ဆိုတာကို ေျပာျပေပးေစခ်င္ပါတယ္။

ေျဖ) – လြန္ခဲ့တဲ့ ၇ ႏွစ္ ၈ႏွစ္ေလာက္ကတည္းက ကၽြန္ေတာ္ႏိုင္ငံျခားသြားတဲ့အခါတိုင္း ေကာ္ဖီဆိုင္ေတြထိုင္ျဖစ္တယ္။ ေလဆိပ္ေရာက္ရင္လည္း ေကာ္ဖီဆိုင္မွာ ထိုင္ရင္း ေလယာဥ္ေစာင့္တယ္။ အစည္းအေ၀းေတြလုပ္ေတာ့လည္း ေကာ္ဖီဆိုင္ေတြမွာ လုပ္ျဖစ္ေတာ့ အဲ့ဒီဓေလ့ကို ျမင္ေတြေနရေတာ့ ကၽြန္ေတာ္ ျမန္မာျပည္ျပန္လာတိုင္း ေကာ္ဖီဆိုင္ထိုင္ခ်င္တယ္။ ဒ ါေပမယ့္ ဒီမွာက ေကာ္ဖီဆိုင္ေကာင္းေကာင္းဆိုရင္ လူတိုင္းေသာက္ႏုိင္ေလာက္တဲ့ ေစ်းမ်ိဳးမဟုတ္ဘူး။ ေမးလိုက္ရင္လည္း ႏိုင္ငံျခားကေကာ္ဖီေတြကိုပဲ သံုးတယ္ဆိုတာခ်ည္းေတြ႔ရတယ္။ ေနာက္ ကၽြန္ေတာ္ အေမရိကားဘက္သြားေတာ့လည္း အဲ့ဒီမွာ ကၽြန္ေတာ္ ေကာ္ဖီဆိုင္ ေတာ္ေတာ္မ်ားမ်ားကို ေတြ႔ခဲ့ရတယ္။ ငါတို႔ေရာ ေကာ္ဖီထုတ္ရင္မျဖစ္ႏိုင္ဘူးလားဆိုတဲ့ အေတြးလည္း၀င္လာတယ္။ အဲ့ဒီအခ်ိန္မွာပဲ ကၽြန္ေတာ့္ မိတ္ေဆြတေယာက္က ျမန္မာျပည္မွာလည္း ေကာ္ဖီထုတ္ရင္ ရႏိုင္တယ္ စံုစမ္းၾကည့္ပါလားဆိုၿပီး ကၽြန္ေတာ့္ကို Assignment တခုေပးလာတယ္။

အဲ့ဒီထဲက ကၽြန္ေတာ္က ေကာ္ဖီထြက္ႏိုင္တဲ့ ေနရာေတြလိုက္ၿပီးၾကည့္တယ္။ တကယ္ေတာ့ အဲ့ဒီအခ်ိန္တုန္းက ေကာ္ဖီအေၾကာင္းကို ကၽြန္ေတာ္ ဘာမွ မသိဘူး။ ကၽြန္ေတာ္သိတာက ေကာ္ဖီဆိုင္မွာ ေကာ္ဖီမွာလိုက္ရင္ ေသာက္ရမယ္ဆိုတာပဲသိတယ္။ ကၽြန္ေတာ္သိတာ ဒီေလာက္ပဲ။ ဒီထက္ပိုၿပီးဘာမွမသိဘူး။ ဒါေပမယ့္ ကၽြန္ေတာ္ ျပင္ဦးလြင္၊ ေနာင္ခ်ိဳ၊ ရပ္ေစာက္ စတဲ့ ေနရာေတြကို လိုက္ၾကည့္တယ္။ ျပႆနာက ဘာလဲဆိုေတာ့ အဲ့ဒီေနရာေတြမွာ ေကာ္ဖီကို ေကာင္းေကာင္းေသာက္တဲ့ လူမရွိဘူး။ သူတို႔ ေက်းရြာေတြမွာရွိတဲ့ ေကာ္ဖီဆိုင္ေတြမွာ သြားထိုင္တယ္၊ လာခ်ေပးတဲ့ ေကာ္ဖီမစ္ကိုေသာက္တယ္။ အဲ့ေတာ့ ေကာ္ဖီဆိုတဲ့ဟာက ကၽြန္ေတာ္တို႔ႏိုင္ငံမွာထုတ္ၿပီး၊ ကၽြန္ေတာ္တို႔ေကာင္းေကာင္း မေသာက္ရဘူး။ စူပါမားကတ္ေတြမွာသြားၾကည့္ေတာ့လည္း ကၽြန္ေတာ္ေတြ႔တဲ့ ေကာ္ဖီေတြက အကုန္လံုး ေျပာင္ေျပာင္လက္လက္ေတြခ်ည္းပဲ။ ေနာက္ၿပီး ပံုေတြအမ်ားႀကီးထည့္ထားၿပီး ေကာ္ဖီအေၾကာင္း တခုမွမပါဘူး။ ဘယ္မွာစိုက္တယ္ ဆိုတာလည္းမပါဘူး။ ေကာ္ဖီစိုက္တဲ့ ေတာင္သူေတြ အေၾကာင္းလည္းမပါဘူး။ အဲ့ဒီမွာ ကၽြန္ေတာ္ဆံုးျဖတ္လိုက္တယ္ ငါေတာ့ ေကာ္ဖီလုပ္ငန္းလုပ္သင့္ၿပီလို႔။

အခု အခ်ိန္မွာ ႏိုင္ငံတကာ အသိအမွတ္ျပဳ လက္မွတ္ရ ၾသဂဲနစ္ ေကာ္ဖီ အျဖစ္ တက္လွမ္းေနပါၿပီ၊
ဓာတ္ပံု – ဉာဏ္ႀကီးရွင္ ေကာ္ဖီ
ပထမ စတာကေတာ့ အိမ္တြင္းမႈအေနနဲ႔စတာပါ။ ကၽြန္ေတာ့္အိမ္မွာ ေကာ္ဖီေလွာ္တဲ့ စက္ေလးတခုရွိေတာ့ အဲ့ဒီစက္ေလးနဲ႔ေလွာ္၊ ၿပီးေတာ့ အသိေတြေပး။ ပညာေရးကြန္ရက္က လုပ္တဲ့ပြဲလိုမ်ိဳး ပြဲေတြရွိရင္ အဲ့ဒီမွာ လူႏွစ္ေထာင္ေက်ာ္ေလာက္ သြားတိုက္။ အဲ့ဒီ လူေတြဆီကေန Feedback ေတြရ။ အခုဒီဆိုင္က အရင္တုန္းက ရွမ္းရိုးရာပစၥည္းေတြေရာင္းတာ၊ ေနာက္ေတာ့ ေကာ္ဖီပါတြဲေရာင္းမယ္ဆိုၿပီး လုပ္လိုက္တယ္။

အဲ့ဒီကေနၿပီးလုပ္ငန္းစလိုက္တယ္။ ဒီေကာ္ဖီဆိုင္မွာေရာင္းရင္းနဲ႔ လူေတာ္ေတာ္မ်ားမ်ားက ျပည္တြင္းေကာ္ဖီလည္း ေကာင္းပါလားဆိုတာကို သိလာတယ္။ ၿပီးေတာ့ ကၽြန္ေတာ္တို႔က လူမႈစီးပြား( Social Enterprise) ပံုစံလုပ္တာဆိုေတာ့လူေတြက ပိုစိတ္၀င္စားတယ္။ ကၽြန္ေတာ္တို႔က ကုန္သြယ္(Trading) လုပ္ငန္းပဲ ဒါေပမယ့္ ကၽြန္ေတာ္တို႔က ကုန္ပစၥည္းကို အေရာင္းအ၀ယ္လုပ္တာထက္ လူမႈေရးေတြလုပ္ရင္း စီးပြားလုပ္တာ။

ဓာတ္ပံု – ဉာဏ္ႀကီးရွင္ ေကာ္ဖီ
ဆိုလိုတာက ကုန္ပစၥည္းတခုကို အနည္းဆံုးေစ်းနဲ႔၀ယ္၊ ကိုယ္ကတန္ဖိုးျမွင့္ထုတ္ကုန္လုပ္၊ ၿပီးေတာ့ ေစ်းကြက္မွာ ေစ်းအႀကီးဆံုးေရာင္းတဲ့ အျခားလုပ္ငန္းေတြရဲ႕ ပံုစံမ်ိဳးမလုပ္ဘူး။ အျမတ္ရေအာင္ေတာ့လုပ္တယ္၊ ဒါေပမယ့္ ေတာင္သူေတြကို ဘယ္လိုထုတ္ရမယ္ဆိုတာကို သင္ေပးတယ္။ ၿပီးေတာ့မွ သူတို႔ဆီကေန ေစ်းႏႈန္းအျမင့္ဆံုးနဲ႔ ျပန္၀ယ္တယ္။ ၿပီးရင္ ေစ်းကြက္ကို လူတိုင္းစားသံုးႏိုင္တဲ့ ေစ်းႏႈန္းနဲ႔ ျပန္ေရာင္းတယ္။ အခု အျပင္မွာ ေကာ္ဖီတခြက္ကို ဆိုင္ႀကီးေတြေပၚမွာ ၄၀၀၀ နဲ႔ေရာင္းတယ္။ ကၽြန္ေတာ္မေရာင္းဘူး Expresso တခြက္မွ ၁၈၀၀နဲ႔ပဲေရာင္းတယ္။ ဆိုလိုခ်င္တာက ေတာင္သူေတြကို တတ္အာင္သင္တယ္။ ၿပီးရင္ သူတို႔ဆီကေန ေစ်းႏႈန္းအျမင့္ဆံုးနဲ႔ ၀ယ္တယ္။ ေစ်းကြက္မွာ လူတိုင္းစားသံုးႏိုင္တဲ့ေစ်းႏႈန္းနဲ႔ေရာင္းတယ္။ တကယ္ေတာ့ ကၽြန္ေတာ္တို႔ လုပ္တဲ့ Process တခုလံုးက ကိုယ္တိုင္လုပ္တာျဖစ္တဲ့အတြက္ ထိုက္သင့္တဲ့ ေစ်းႏႈန္းနဲ႔ ေရာင္းႏိုင္တယ္။ ကမၻာ့အဆင့္မီတဲ့ အရည္အေသြးေကာင္းတဲ့ ေကာ္ဖီထုတ္ႏိုင္တယ္။
ဉာဏ္ႀကီးရွင္ က ႏိုင္ငံတကာက ကၽြမ္းက်င္သူမ်ားကို ေခၚယူၿပီး ေကာ္ဖီသင္တန္းလည္း ပို႔ခ်ပါတယ္၊ တာေမြ ေစ်းေဟာင္းနဲ႔ မ်က္ေစာင္းထိုး အမွတ္ ၄၅၅၊ ေျမညီထပ္၊ က်ိဳကၠဆံလမ္းမွာ ရွိတဲ့ ဆိုင္ခြဲက သင္တန္း အတြက္ အဓိက ထားပါတယ္။
Genius Lab Café/Coffee Training
ဓာတ္ပံု – ဉာဏ္ႀကီးရွင္ ေကာ္ဖီ

ေမး) – အရည္အေသြးေကာင္းရင္ ေကာင္းသလို ေစ်းလည္းႀကီးတတ္ေပမယ့္ အစ္ကိုတို႔က ဘာျဖစ္လို႔ လူတိုင္း ေသာက္ႏိုင္တဲ့ေစ်းႏႈန္းနဲ႔ ေရာင္းဖို႔ ဆံုးျဖတ္ရတာပါလဲ။ 

ေျဖ) – ကိုယ္က အရည္အေသြး ဘယ္ေလာက္ေကာင္းေအာင္ ထုတ္ထုတ္ လူတိုင္းလက္လွမ္းမီႏိုင္တဲ့ ေစ်းႏႈန္းမဟုတ္လို႔ လူမသိတာထက္စာရင္၊ အရည္အေသြးေကာင္းေကာင္းနဲ႔ လူတိုင္းေသာက္ႏိုင္ေအာင္လုပ္ခ်င္တယ္။ ၿပီးေတာ့ ဒီလို လူမႈစီးပြား (Social Enterprise) ကေန ဒီလိုေတြ လုပ္လို႔ရတယ္ဆိုတာကိုလည္း စံျပအေနနဲ႔ လုပ္ျပခ်င္တယ္။ စီးပြားေရးလုပ္ငန္းအမ်ားစုကေတာ့ ဘယ္လို အျမတ္ရေအာင္လုပ္မလဲပဲ စဥ္းစားတယ္။ ကၽြန္ေတာ္တို႔ကေတာ့ အျမတ္ရေအာင္လည္းလုပ္မယ္၊ အဲ့ဒီရလာတဲ့ အျမတ္ထဲကမွ ၁၀ ရာခိုင္ႏႈန္းကိုလည္း ျပန္လွဴမယ္။ အဲ့လိုနဲ႔ပဲ ဒီလုပ္ငန္းေလး စျဖစ္သြားတာပါ။
ရွမ္းေတာင္တန္းမွာ ဉာဏ္ႀကီးရွင္ေကာ္ဖီအတြက္ စိုက္ပ်ိဳးထားတဲ့ စိုက္ခင္းတခုက ေကာ္ဖီသီးခ်ိန္ ျမင္ကြင္း တခု
ဓာတ္ပံု – ဉာဏ္ႀကီးရွင္ ေကာ္ဖီ

ေမး) – လူေတာ္ေတာ္မ်ားမ်ားက လုပ္ငန္းလုပ္ၿပီဆိုထဲက ကိုယ့္အျမတ္က်န္မလားဆိုတာကို ဦးစားေပးတတ္ၾကတယ္။ ဒါေပမယ့္ အစ္ကိုက ကိုယ္အျမတ္ရဖို႔တင္မဟုတ္ပဲ အျခားလူေတြပါ အက်ိဳးရွိေစတဲ့ လူမႈစီးပြားပံုစံမ်ိဳး ဘာေၾကာင့္ လုပ္ခဲ့ရတာပါလဲ။

ေျဖ) – ကၽြန္ေတာ္ စီးပြားေရးလုပ္ငန္းေတြ အမ်ားႀကီးလုပ္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ စိုက္ပ်ိဳးေရးနဲ႔ ပတ္သက္တာေတာ့ ဘာမွ မလုပ္ခဲ့ဖူးပါဘူး။ ဘာမွလည္း မသိဘူး။ ဒါေပမယ့္ ကၽြန္ေတာ္စဥ္းစားတယ္ ကၽြန္ေတာ္တို႔ႏိုင္ငံမွာ လူဦးေရရဲ႕ ၇၀ ရာခိုင္ႏႈန္းက နယ္မွာေနၾကၿပီး ၃၀ ရာခိုင္ႏႈန္းကသာ ၿမိဳ႔ျပမွာေနၾကတာဆိုေတာ့ ဒီ ၇၀ရာခိုင္ႏႈန္းလံုးကို ကၽြန္ေတာ္တတ္သိ ကၽြမ္းက်င္တဲ့ နည္းပညာနဲ႔ မကူညီႏိုင္ဘူး။ အဲ့ေတာ့ ဒီလူေတြကို ဘယ္လိုကူညီႏိုင္မလဲ ေတြးတယ္။ ၿပီးေတာ့ ကၽြန္ေတာ္ နယ္ေတြ သြားတဲ့ အခါမွာ အဲ့ဒီနယ္ေတြမွာရွိတဲ့ လူေတြ အထူးသျဖင့္ တက္တက္ၾကြၾကြ လႈပ္ရွားေဆာင္ရြက္တတ္တဲ့ လူေတြနဲ႔ ေတြ႔ဆံုေမးျမန္းၾကည့္တယ္။ သူတို႔ကို ေမးၾကည့္တယ္။ ခင္ဗ်ားမွာ ပိုက္ဆံ သိန္း ၁၀၀ ေလာက္ရွိရင္ ဘာလုပ္မလဲေပါ့။ လူေလးေယာက္ကို ေမးၾကည့္တယ္။ တေယာက္က အဲ့ဒီ သိန္း၁၀၀ကို ေငြးတိုးခ်ေပးမယ္တဲ့။ အဲ့ေတာ့ ကၽြန္ေတာ္ထပ္ေမးတယ္။ အဲ့ဒီလူက အတိုးေရာအရင္းေကာ ခင္ဗ်ားကို ျပန္မေပးဘူးဆိုရင္ ဘယ္လိုလုပ္မလဲေပါ့။ ဒီေတာ့ သူမေျဖႏိုင္ဘူးျဖစ္သြားတယ္။ ေနာက္တေယာက္ကလည္း ဒီလိုပဲ သိန္း၁၀၀ကို ဆယ္ပံု ပံုမယ္ ဆင္းရဲတဲ့ လူေတြကိုေပးမယ္။ အဲ့လိုေပးလို႔ ခ်မ္းသားသြားမလားေမးတယ္။ သူ မေျဖႏိုင္ဘူး။ ေနာက္လူေတြကေတာ့ ဒီသိန္း ၁၀၀နဲ႔ စီးပြားလုပ္မယ္တဲ့။ ရလာတဲ့ အျမတ္ကို ဆင္းရဲတဲ့ လူေတြေပးမယ္တဲ့။ ဒါေတာ့ မဆိုးဘူးေပါ့ ကၽြန္ေတာ္ဆက္ေမးတယ္။ ဘာစီးပြားလုပ္မလဲေပါ့။ ကား၀ယ္မယ္တဲ့။ ဆက္ေမးတယ္ ကား၀ယ္ၿပီးဘာလုပ္မလဲေပါ့။ ကိုယ္တိုင္ကားမေမာင္းတတ္လို႔ ကားေမာင္းတဲ့လူရွာရမယ္ အဲ့ဒီလူက မေကာင္းရင္ ဘာဆက္လုပ္မလဲေပါ့။ အဲ့ဒီေတာ့ သူဘာမွ ဆက္မေျပာႏိုင္ေတာ့ဘူး။
ရွမ္းျပည္ ရြာငံ ေဒသ ႏြားဘန္းၾကီးေက်းရြာ ဉာဏ္ႀကီးရွင္ ေကာ္ဖီ စိုက္ခင္းတြင္ ပနားမား ေကာ္ဖီပင္ေပါက္ ၁,၂၀၀ စိုက္ပ်ိဳးထားသည့္ ျမင္ကြင္း
ဓာတ္ပံု – ဉာဏ္ႀကီးရွင္ ေကာ္ဖီ
ဉာဏ္ႀကီးရွင္ ေကာ္ဖီ ရရွိထားသည့္ ႏိုင္ငံတကာ အသိအမွတ္ျပဳ လက္မွတ္မ်ား
ဓာတ္ပံု – ဉာဏ္ႀကီးရွင္ ေကာ္ဖီ
ဉာဏ္ႀကီးရွင္ ၾသဂဲနစ္ ေကာ္ဖီ ဝယ္ယူရရွိႏိုင္သည့္ ရန္ကုန္က လိပ္စာမ်ား
ဓာတ္ပံု – ဉာဏ္ႀကီးရွင္ ေကာ္ဖီ
ဆိုလိုခ်င္တာက အဲ့ဒီေဒသေတြမွာရွိေနတဲ့့ လူေတြက လက္ထဲမွာ ပိုက္ဆံရွိေနရင္ေတာင္ ဘာလုပ္ရမယ္ဆိုတဲ့ ေငြေၾကးကို ဘယ္လို စီမံခန္႔ခြဲရမယ္ဆိုတဲ့ ဗဟုသုတနည္းၾကတယ္။ ၿပီးေတာ့ ႀကံဳေတြ႔လာရမယ့္ ျပသနာေတြအတြက္ စဥ္းစားထားတာမရွိဘူး။ တခုခုလုပ္မယ္ဆိုရင္ တေယာက္တည္း ပဲလုပ္ခ်င္တယ္။ စုေပါင္းၿပီးလုပ္ရမယ္ဆိုတာကို လက္မခံခ်င္ဘူး ဆိုတာကို ေတြ႔လာရတယ္။ အဲ့ေတာ့ ကၽြန္ေတာ္ လန္႔သြားတယ္။ ငါက ကူညီခ်င္တယ္ဆိုရင္ေတာင္ သူတို႔မွာ ဘာမွ အဆင္သင့္မျဖစ္ေသးဘူးဆိုၿပီး လန္႔သြားတယ္။ သေဘာက မိုးသာရြာေနတာ သူတို႔မွာ ခြက္ကို ေမွာက္ၿပီးခံေနတာမ်ိဳးျဖစ္ေနတယ္။
အခု ကၽြန္ေတာ္တို႔ စိုက္ပ်ိဳးေရ လုပ္ငန္းႀကီးတခုလံုးမွာ ျဖစ္ေနတာက အစိုးရက ေခ်းေငြေပးတယ္။ အဲ့ဒီေခ်းေငြက ေတာင္သူေတြမွာ အိမ္ေတာင္မေရာက္ဘူး ကုန္သြားတယ္။ ဘာျဖစ္လို႔လဲေမးၾကည့္တယ္။ ေခ်းေငြစၿပီး ရကတည္းက ပုဆိုး၀ယ္ရတယ္တဲ့။ ဓာတ္ေျမၾသဇာ၀ယ္ရတယ္တဲ့။ မ်ိဳးစပါး၀ယ္ရတယ္တဲ့။ အဲ့ေတာ့ ပိုက္ဆံေခ်းတာ ဘာအတြက္လဲ။ အစကတည္းက ပိုက္ဆံေခ်းမယ့္အစား စိုက္ပ်ိဳးဖို႔လိုအပ္တာေတြ ေပးလိုက္ပါလား။

ဥပမာ ေခ်းေငြ သံုးသိန္းမွာ ၁သိန္းပဲ ပိုက္ဆံေပး။ ၂သိန္းက စိုက္ပ်ိဳးဖို႔ လိုအပ္တဲ့ ပစၥည္းေတြေပးေပါ့။ အဲ့လို မဟုတ္ပဲ အစိုးရက သံုးသိန္းလံုးေပးတယ္။ ဒါေပမယ့္ တကယ္လိုအပ္တဲ့ စိုက္ပ်ိဳးေရးပစၥည္းေတြကိုက်ေတာ့ ျပန္၀ယ္ရတယ္။ အဲ့ဒါကလည္း အစိုးရက ေရာင္းတာမဟုတ္ဘူး။ အဲ့ဒီဘဏ္နဲ႔ ဆက္စပ္တဲ့ လူေတြက ပုဆိုးလည္းေရာင္းတယ္။ မ်ိဳးေစ့လည္းေရာင္းတယ္။ ဓာတ္ေျမၾသဇာလည္းေရာင္းတယ္။ အဲ့ေတာ့ ဒီေခ်းေငြေတြက ေတာင္သူေတြကိုု ပိုၿပီးဒုကၡေပးေနသလိုျဖစ္ေနတယ္။ သူတို႔မွာေခ်းေငြ လက္ထဲေရာက္တာနဲ႔ ပိုက္ဆံက ကုန္တာပဲ။ အဲ့ဒီဘဏ္နားမွာ အရက္ဆိုင္ရွိတယ္။ လက္ထဲမွာေငြရတယ္။ ေစာေစာက ေျပာတဲ့ဟာေတြကို ၀ယ္ရလို႔ ေငြျဖတ္ခံရတယ္။ ၿပီးေတာ့ အဲ့ဒီအရက္ဆိုင္မွာ စားေသာက္ျပန္သြားၾကတယ္။ အဲ့ေတာ့ သူတို႔လက္ထဲမွာ ဘာက်န္ခဲ့လဲ ေမးေတာ့ အေၾကြးရယ္၊ မ်ိဳးေစ့ရယ္၊ ဓာတ္ေျမၾသဇာရယ္ပဲ က်န္ခဲ့တယ္။

ကၽြန္ေတာ္ ဒါေတြကို သိခဲ့ရေတာ့ ေတာ္ေတာ္ေလးကို ထိတ္လန္႔သြားတယ္။ ငါတို႔စနစ္က လူေတြကို ပိုၿပီးေကာင္းေအာင္လုပ္ေနတာမ်ိဳး မဟုတ္ေတာ့ဘူးဆိုတာ သိလာတယ္။ ဒါက အစိုးရက ထုတ္ေပးတဲ့ ေခ်းေငြ အပိုင္း။

ပိုၿပီးဆိုးတာက NGO ေတြ။ သူတို႔က အေသးစားေခ်းေငြပံုစံ (Micro Financing) နဲ႔ေငြေခ်းေပးတယ္။ ဥပမာ လူငါးေယာက္စုလိုက္တယ္။ အဲ့ဒီငါးေယာက္က သူတို႔ အမ်ိဳးေတြခ်ည္း ငါးေယာက္စုလိုက္တာ။ ၿပီးေတာ့ အဲ့လို ဟာေတြက တပတ္ဆပ္ရတာရွိတယ္။ တလေနမွ ျပန္ဆပ္ရတာရွိတယ္။ လုပ္ငန္းေလးတခု စလုပ္ပါတယ္ ဆိုမွ ဘယ္လို တပတ္နဲ႔ လုပ္ႏိုင္မွာလဲ၊ ေခါင္းရြက္ဗ်က္ထိုးေရာင္းရင္ေတာင္မွ အေၾကြးေရာင္းရတာ။ ဒီလိုနည္းနဲ႔ ဘယ္လို ျပန္ဆပ္မလဲ။ ဒီလူေတြက ေငြပဲ ေပးလိုက္တာ ဒီေငြေတြကို ဘယ္လို သံုးရမယ္ဆိုတာကို သင္မေပးလိုက္ဘူး။ ဒီေငြေတြကို ျပန္ဆပ္ရမယ္ ဆိုတဲ့ အသိပညာေပးမႈ မပါဘူး။ ၿပီးေတာ့ သူတို႔နဲ႔ အဆင္ေျပတဲ့သူဆို ပိုေပးမယ္။ အဆင္မေျပရင္ မေပးဘူး။ ေနာက္ၿပီး တပတ္ကို တခါ ျပန္ဆပ္ရမယ္ဆိုတဲ့ စနစ္ေၾကာင့္ မဆပ္ႏိုင္တဲ့ လူေတြက အျပင္မွာ ၂ရက္ကို ၁၅က်ပ္တိုး ၂၀က်ပ္တိုးနဲ႔ သြားယူၿပီးဆပ္တယ္။ အဲ့ေတာ့ တပတ္အတြင္းမွာ ဟိုဖက္အေၾကြးအတြက္ ဒီဘက္ကေန အတိုးႀကီးႀကီးယူၿပီး ျပန္ဆပ္ေနရတယ္။ ဥပမာ ပိုက္ဆံ ၂သိန္းေခ်းယူထားတဲ့လူက တလမွာ ၆၀ရာခိုင္ႏႈန္း အတိုးတက္ေနၿပီ။ သူတို႔မွာ ေခ်းေငြသာရလာတယ္။ ဘာလုပ္ရမယ္ဆိုတဲ့ Idea မရွိဘူး။ ဘယ္လိုကုန္ေအာင္သံုးမယ္ဆိုတာပဲရွိတယ္။

အဲ့ဒီလိုစနစ္ေတြ ေအာက္ေျခမွာျဖစ္ေနတဲ့ အေၾကာင္းေတြကို သိလာရေတာ့ ဒီလူေတြရဲ႕ဘ၀နဲ႔ အသိဉာဏ္ေတြကို တိုးတက္လာေစဖို႔ စဥ္ဆက္မျပတ္ ျပန္လည္ျပည့္ၿဖိဳးလာေစတဲ့ လုပ္ငန္းတခုလုပ္မွျဖစ္မယ္လို႔ ေတြးမိတယ္။ အဲ့ဒါဘာလဲဆိုေတာ့ ေတာင္သူေတြကိုကူညီတဲ့နည္းပဲ။ သူတို႔ရဲ႕ဘ၀ေတြကို ျမွင့္တင္ေပးဖို႔ပဲ။ သူတို႔ကို ေငြဆိုတာ ဘယ္လို စီမံခန္႔ခြဲၿပီး သံုးရတယ္ဆိုတာကို အသိပညာေပးဖို႔ပဲ။ ဒါေၾကာင့္ ကၽြန္ေတာ္ Social Enterprise လုပ္ငန္းကို လုပ္ျဖစ္ခဲ့တာပါပဲ။ ဒီလိုလုပ္လိုက္ျခင္းအားျဖင့္ ေအာက္ေျခေတာင္သူေတြမွာျဖစ္ေနတဲ့ လူမႈေရးျပသနာေတြကိုပါ ေျဖရွင္းၿပီးသားျဖစ္သြားႏိုင္တာေၾကာင့္ ကၽြန္ေတာ္ဒါကို လုပ္ဖို႔ေရြးခ်ယ္လိုက္တယ္။


ေမး) – ဒီလိုလုပ္ျခင္းအားျဖင့္ဘယ္လို အက်ိဳးေက်းဇူးေတြရွိလာမယ္လို႔ ထင္ပါသလဲ။

ေျဖ) – ကၽြန္ေတာ္တို႔က တကယ္လိုအပ္တဲ့ေနရာေတြမွာ မိုးရြာေပးတာပါပဲ။ အခုေတာင္သူေတြေတြက မ်ိဳးလိုခ်င္တယ္ေျပာတယ္။ သူတို႔လိုခ်င္တဲ့မ်ိဳးနဲ႔ ပတ္သက္တာေတြကို ေသခ်ာေလ့လာတယ္။ Analysis လုပ္တယ္။ ကၽြန္ေတာ္တို႔မွာက နည္းပညာရွိတယ္။ Idea ရွိတယ္။ အဲ့ေတာ့ သူတို႔လိုအပ္တာကို ပံ့ပိုးေပးႏိုင္တယ္။ အဲ့ေတာ့ ကၽြန္ေတာ္တို႔မွာ Impact က ၁၀၀ ရာခိုင္ႏႈႏ္း မဟုတ္ေတာင္၊ ၈၀ရာခိုင္ႏႈန္းေတာ့ေက်ာ္တယ္။ ၂၀ ရာခိုင္ႏႈန္းကေတာ့ ကၽြန္ေတာ္တို႔က မ်ိဳးေကာင္းေပးတယ္၊ သူတို႔လိုအပ္ခ်က္ေတြေပးတယ္။ ဒါေပမယ့္ သူတို႔က မစိုက္ဘဲ ေရာင္းစားရင္ ဘယ္လို လုပ္မလဲေနာ္။ ဒါေတာ့ ကၽြန္ေတာ္တို႔ မတက္ႏိုင္ေတာ့ဘူး။
ဒါေပမယ့္ ဒီလုပ္ငန္းလုပ္ၿပီး သံုးႏွစ္အတြင္းမွာေတာ့ ေသခ်ာတာတခုေျပာႏိုင္တာက
နံပါတ္(၁) ျမန္မာေကာ္ဖီဆိုတာကို လူသိမ်ားလာတယ္။
နံပါတ္(၂) ရွမ္းျပည္ကထြက္တယ္ဆိုတာကို လူသိလာတယ္။
နံပါတ္(၃) အေနနဲ႔ ေစ်းကြက္တခုရလာတယ္။
ဒါေတြကေတာ့ ဒီ သံုးႏွစ္အတြက္မွာ တိုင္းတာလို႔ရလာတဲ့ အက်ိဳးအျမတ္ပဲ။ ေတာင္သူေတြကို ကူညီေပးႏိုင္တာ၊ လုပ္ငန္းတူေတြကို အကူအညီေတြေပးႏိုင္တာကေတာ့ တိုင္းတာလို႔ မရႏိုင္တဲ့ အက်ိဳးအျမတ္ေတြပါပဲ။


ေမး) – အစ္ကိုေျပာသလို ေတာင္သူေတြမွာက ပညာဗဟုသုတနည္းၾကေတာ့ အစ္ကိုလိုခ်င္တဲ့ လူမႈစီးပြားပံုစံတခုျဖစ္လာေအာင္ သူတို႔ေတြနဲ႔ ဘယ္လိုမ်ိဳး ထိေတြ႔ဆက္ဆံမႈေတြ ျပဳလုပ္ခဲ့ရပါသလဲ။

ေျဖ) – ကၽြန္ေတာ္က ေက်ာင္းဆရာတပိုင္းလည္းျဖစ္ခဲ့ဖူးသလို၊ အၾကံေပးလုပ္ငန္းေတြလည္း လုပ္ငန္းဖူးေတာ့ အေျပာင္းအလဲဆိုတဲ့ သေဘာတရားကိုနားလည္တယ္။ ကၽြန္ေတာ္အပါအ၀င္ လူေတာ္ေတာ္မ်ားမ်ားက အေျပာင္အလဲလို႔ ေျပာလိုက္တာနဲ႔ ဆန္႔က်င္တတ္ၾကတာ သဘာ၀ပဲ။ ဒါကုိ သိဖို႔လိုတယ္။ လူတိုင္းကို ေတြ႔တာနဲ႔ ငါေျပာတာမလုပ္ဖူးလားဆိုတာမ်ိဳး လုပ္လို႔မရဘူး။
အဲ့ဒီေတာ့ ကၽြန္ေတာ္တို႔က ပံုစံသံုးမ်ိဳးနဲ႔ ေတာင္သူေတြကို ခ်ဥ္းကပ္တယ္။
ပထမနည္းက ကၽြန္ေတာ္တို႔ ေရြးခ်ယ္ထားတဲ့ ေတာင္သူေတြကို သင္ေပးတယ္။ ဒုတိယအဆင့္က အဲ့လို သင္ေပးလိုက္တာကို လက္ေတြ႔လုပ္ၾကည့္တယ္။ ေနာက္ဆံုးတခုက စံျပအေနနဲ႔ဦးေဆာင္လုပ္ျပတယ္။ အဲ့ဒါကအေရးႀကီးတယ္။ နယ္ေတြမွာက စာေတြေပးဖတ္တာထက္စာရင္ အဲ့ဒီလူကဘာလုပ္ေနလဲ ဆိုတာကိုၾကည့္ၿပီး လိုက္လုပ္တတ္ၾကတယ္။ လိုက္ေခၚ သင္ေပးတာကို စိတ္မ၀င္စားဘူး။ ဘာမွမေျပာ၊ ျပလည္းမျပဘဲ လုပ္ၾကည့္ အရမ္းစိတ္၀င္စားၾကတယ္။ လိုက္လုပ္ခ်င္ၾကတယ္။ ကၽြန္ေတာ္တို႔ လူမ်ိဳးေတြရဲ႕ စိတ္အေျခခံကိုက အဲ့ဒီလိုျဖစ္ေနတာ။
ပြင့္ပြင့္လင္းလင္းေျပာရရင္ ကၽြန္ေတာ္တို႔စာသင္ေပးေနတဲ့ လူေတြကို ကၽြန္ေတာ္တို႔က တေန႔ကို ဘယ္ေလာက္ဆိုၿပီးေပးခဲ့တယ္။ အဲ့ဒီမွာေတာင္ကၽြန္ေတာ့္ကိုလိမ္ၿပီးတင္ေသးတယ္။ လူက ၂၀ ပဲလာတာကို ၂၄ ေယာက္ဆိုၿပီးလုပ္တာရွိေသးတယ္။ ကၽြန္ေတာ္က ေလ့လာဖို႔စာအုပ္ေတြေပးလိုက္တယ္။ အဲ့စာအုပ္ေတြကို မျဖန္႔ဘူး။ သူတေယာက္တည္း ယူထားတယ္။
အဲ့ေတာ့ သင္လို႔ မျဖစ္ေတာ့ဘူး ဆိုၿပီး On Job Training လိုမ်ိဳးလုပ္တယ္။ မ်ိဳးေတြပ်ိဳးေထာင္မယ္ ဒီလိုလုပ္ရမယ္ သင္ျပတယ္။ အဲ့ဒါကို သူတို႔ စိတ္၀င္စားၾကတယ္။ ေျပာျပတယ္ ခင္ဗ်ားတို႔ အသက္ေမြး၀မ္းေက်ာင္းဖို႔လုပ္တဲ့ဟာ ကို ကၽြန္ေတာ္က လာသင္ေပးရတာ။ ရန္ကုန္ကေနလာတာ အနည္းဆံုး သံုးသိန္းကုန္တယ္။ တကယ္ေပးၾကေၾကးဆို ခင္ဗ်ားတို႔ကေနေတာင့္ ကၽြန္ေတာ့္ကိုျပန္ေပးရမွာ လို႔ေျပာျပရတယ္။ ဒါေပမယ့္ လာသင္တဲ့ ဆရာဆရာမေတြကိုေတာ့ ကၽြန္ေတာ္တို႔က ေထာက္ပံ့ေပးတယ္။
ေနာက္တဆင့္ျဖစ္တဲ့ စံျပအေနနဲ႔ ဦးေဆာင္လုပ္ျပတာမွာ ပစၥည္းေတြကို ေကာင္းေကာင္းလုပ္တဲ့ လူေတြဆီက ေစ်းပိုေပးၿပီး ၀ယ္တယ္။ ေကာင္းေကာင္း မလုပ္ရင္ ေစ်းေလွ်ာ့ၿပီး၀ယ္တယ္။ ေတာ္ေတာ္ဆိုးရင္ လံုး၀မ၀ယ္ဘဲထားလိုက္တယ္။ အဲ့ေတာ့ လူေတြက သူတို႔အခ်င္းခ်င္း ဟာ မင္းသြားေရာင္းတာ လယ္ေလာက္ရလဲ။ ငါကေတာ့ ဒီေလာက္ပဲရတယ္ ဆိုၿပီး ယွဥ္ၿပိဳင္လာၾကတယ္။ မင္း ဉာဏ္ႀကီးရွင္မွာ သြားေရာင္း သူတို႔ေျပာတဲ့အတိုင္း ငါ စိုက္တာ ဒီေလာက္ရတယ္ ဆိုၿပီးျဖစ္လာၾကတယ္။
တခုရွိတာက Domino Effect လိုေပါ့ေနာ္၊ ေရွ႕က ေကာင္းေကာင္းလုပ္ျပရင္ အကုန္ကူးစက္သလို။ ေရွ႕ကမွားရင္လည္း အကုန္မွားသြားႏိုင္တယ္။ ဒါေၾကာင့္ကၽြန္ေတာ္တို႔ သင္တန္းေတြလည္း လိုအပ္ပါတယ္။ အဲ့ေတာ့ ေတာင္သူေတြနဲ႔ ဆက္ဆံတဲ့ေနရာမွာ ခက္ခဲလားေမးရင္ ကၽြန္ေတာ္တို႔အေတြ႔အႀကံဳအရ ခက္ခဲတယ္ေတာ့ မဟုတ္ဘူး။ သူတို႔က အရိုးခံနဲ႔ ဆက္ဆံၾကေတာ့ တခ်ိဳ႕ကိစၥေတြမွာ သူတို႔က မသိလို႔ မလုပ္တာဘဲ ရွိတယ္။ သိရင္သူတို႔လည္း လုပ္ၾကမွာပါ။

(ဆက္လက္ေဖာ္ျပပါမည္။)
ေတြ႕ဆံုေမးျမန္းေရးသားသူ – ခင္စႏၵာျမင့္
တည္းျဖတ္ျပင္ဆင္သူ – ၿငိမ္းခ်မ္းေအး
(မိုးမခ)

No comments:

Post a Comment