"ကျားသားမိုးကြိုး နွားနို့ထဲ Antibiotics ထည့်သလား my god 😎😎😎"
အဲ့လိုမေးလာလို့ ကျွန်တော် ရေးဖြစ်တာပါခင်ဗျ။
ကျွန်တော်က ပညာရှင်မဟုတ်ပေမယ့် သိသမျှ မျှဝေခွင့်ပြုပါ၊ နွားမကျန်းမာလို့ ဆေးကုရင် လူတွေလိုပဲ လိုအပ်ရင် ပဋိဇီဝဆေး (Antibiotic) ထိုးရတတ်ပါတယ်၊ နို့အုံရောင် ရောဂါဖြစ်ရင်လဲ လိုအပ်ရင် နို့အုံထဲကို ပဋိဇီဝဆေး (Antibiotic) ထည့်ရတတ်ပါတယ်၊ ဒီအခါမှာ နွားနို့ထဲကို အဲ့ဒီ ထိုးထားတဲ့ ပဋိဇီဝ ဆေးကျွင်းတွေ (Antibiotic Residues) မပါစေဖို့ ဆေးအပြင်း အပျော့ပေါ် မူတည်လို့ သက်ဆိုင်ရာ ဆေးကုမ္ပဏီက ဆေးပျက်ပြယ်မယ့်ကာလ (Withdraw Period) ကို ဆေးပုလင်းမှာ အတိအကျ ရေးထားပါတယ်၊ အဲ့ဒီရက် ဥပမာ ၅ရက် ၃ရက်မတိုင်ခင် ဆေးကုထားတဲ့နွားမရဲ့နို့ကို အခြားနွားမတွေကနို့နှင့်အတူ ရောထည့်လို့ မရပါဘူး၊ သွန်ပစ် စွန့်ပစ်တာ အကောင်းဆုံးပါ၊ အဲဒီနွားနို့ပါလာရင် ကျွန်တော့ဓာတ်ခွဲခန်းက သိပါပြီ၊ မနက် ည တစ်ကြိမ်စီနဲ့ ဒိန်ချဉ်လုပ်မယ့်နို့ကို တစ်ကြိမ် နေ့စဉ် ၃ကြိမ်တိတိ စစ်ရပါတယ်၊ စစ်လို့မတွေ့ရင် အိုကေ စိုပြေပေါ့၊ စစ်လို့ တွေ့ရင်ကော သည်မှာ ဇတ်လမ်းက စပါပြီ။
ကျွန်တော် ဒိန်ချဉ်လုပ်တယ်ဆိုတာ လူ့အကျိုးပြု ဘက်တီးရီးယားတွေ ပွားများလာအောင် ပိုး မွေးရတာပါ၊ နုစဉ်က ဒိန်ချဉ်လုပ်လို့ပျက်ရင် လွယ်လွယ်ကူကူပဲ ပျက်ရင် ဖျက်ပေါ့ အသစ်ပြန်လုပ်ပေါ့၊ အကြောင်းရင်းကို ကိုယ်မှ မသိပဲကိုး။
ခုတော့ လုပ်ပြီးမှ အပျက်မခံနိုင်တော့ မလုပ်ခင် ကိုယ့်အတွက် စစ်ရတာပေါ့။
ခုတော့ လုပ်ပြီးမှ အပျက်မခံနိုင်တော့ မလုပ်ခင် ကိုယ့်အတွက် စစ်ရတာပေါ့။
အများအတွက်တော့ မနက် ညနေ တစ်ကြိမ်စီ နို့အားလုံးစုံမှ စစ်ပါတယ်၊ တွေ့ပြီဆိုတာနဲ့ အရင်ဆုံး တိမွေးကု ဆရာဝန်ထံ သတင်းပို့ရပါတယ်၊ ကျွန်တော်တို့က နွားခြံတွေအတွက် အခမဲ့ သားစပ်ပေးသလို အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုလည်း ပေးပါတယ်၊ ဘယ်ခြံကို ဘယ်လိုကုထားတယ်ဆိုတာ သူကသိတော့ သီးခြားကွက်ပြီး စစ်ခိုင်းရင် အချိန်တိုအတွင်း ဆေးကြွင်းထည့်တဲ့ခြံကို ရှာတွေ့ပါတယ်၊ ပုံမှန်စစ်နည်းကတော့ ခြံအားလုံးကို တစ်ဝက်စီ ခွဲစစ်ပါတယ်၊ တွေ့တဲ့ဖက်ခြမ်းကို အုပ်စုခွဲရင်း ခွဲရင်းနဲ့ နောက်ဆုံး ကံဆိုးသူ မောင်ရှင်ကို တွေ့ပါတော့တယ်။
တွေ့တာနဲ့ ဆရာဝန်က အဲ့ဒီခြံက ဘာ့ကြောင့် သူညွှန်ကြားတာ နားမထောင်တာလဲ? ဘယ်လိုကြောင့်လဲ? စသည်ဖြင့် ကိုယ်တိုင် ခြံအရောက်သွားကြည့်ပါတယ်။
ကျွန်တော့ဖက်ကလား? စစ်ဆေးတဲ့ကုန်ကျစားရိတ်ကို ကျခံခိုင်းပါတယ်၊ သူသွင်းတဲ့နို့သည် တစ်သောင်းဖိုးလောက်ရှိပေမယ့် ဒါဏ်ကြေးသည် ရှစ်သောင်းလောက်အထိ ရောက်သွားတတ်ပါတယ်၊ နောင်မဖြစ်အောင် ဆင်ခြင်နိုင်အောင်ပါခင်ဗျ။
ဒီလို စစ်ဆေးတာကို နို့သွင်းတဲ့ ခြံသမားအချို့က သဘောမကျပါဘူး၊ နွားနို့အရည်အသွေးကျရင်လည်း နံမည်ပါဖေါ်ပြီး အားလုံးသိအောင် စာနဲ့ ပေနဲ့ ဖြန့်ပါတယ်၊ သည်းမခံနိုင်တဲ့ ခြံသမားအချို့က နွားနို့ရှားချိန်မှာ ကျွန်တော့ထံ နို့မသွင်းတော့ပါဘူး၊ ခံလိုက်ပေါ့ဦးတင်ဝင်း။
အချို့က အတင်းပြောပါတယ်၊ နို့အုံကထွက်တဲ့ နွားနို့ချင်း အတူတူပဲကို သူ့ကျမှ ရှောက်လုပ်နေတယ်တဲ့၊ ခံလိုက်ပေါ့ဦးတင်ဝင်း။
သည်ပဋိဇီဝဆေးကြွင်းက မြန်မာပြည်က နွားနို့မှာတော့ သိပ်ပြီး အရေးမပါသလို စိုးရိမ်စရာလည်း သိပ်မရှိလောက်ပါဘူး၊ ခြံသမား အများစုက (တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ပြောရင်) မိရိုးဖလာ နည်းတွေနဲ့ ကိုယ့်နွားကိုယ် ရိုးရာနည်းနဲ့ ကုကြတာများလို့ပါ၊ ပွေးကိုင်း နွယ်ချို ငရုပ် ဂျင်း နှမ်းဆီ ဆင်တုန်းမနွယ် မရိုး ရေနံချေး ပဒိုင်း ဆေးရွက်ကြီး လောက်သေ ပရုပ် ကြက်သွန် စတာတွေသုံးတဲ့အတွက်လည်း ကျွန်တော်တို့သောက်သုံးတဲ့ နွားနို့ထဲမှာ ပဋိဇီဝ ဆေးကြွင်းပါမှာကို သိပ်ပြီး စိုးရိမ်စရာ မရှိလှပါဘူး၊ ဆရာဝန်တွေဖက်က လက်တံမရှည် ခြေမဆန့်နိုင်တာကလည်း ခေတ်မှီဆေးဝါးနဲ့ မကုသရတော့ ဆေးကြွင်းမပါစေဖို့ အခြေအနေ ပေးသလိုပါပဲ။
စင်္ကာပူ မလေးရှား စတဲ့နိုင်ငံတွေမှာ ဆရာဝန်လက်မှတ်မပါရင် ဘာဆေးမှ ဝယ်မရသော်လည်း ရန်ကုန်မြို့မှာ သည်နေ့အထိ ကွမ်းယာဆိုင်သွား ကိုယ့်ရောဂါပြောပြ ဆေးစပ်ခိုင်းတဲ့လူတွေအတွက်လည်း သည်ကိစ္စက ဘာမှ အရေးမကြီးပါဘူးဗျာ။
ကျွန်တော့ဖက်က ဘာလို့ ငွေကုန်ကြေးကျခံ အလုပ်ရှုပ်ခံနေရတာလဲလို့ မေးလာခဲ့သည်ရှိသော် - - - - ?
သည်လိုပါခင်ဗျ၊
ထိုင်းကို မကြာမကြာ လေ့လာရေးရောက်တော့ ပို၍ ပို၍ သိလာ၊
သူတို့အကူအညီနဲ့ ဓာတ်ခွဲခန်းထောင်ရင်း သူတို့ အလေ့အကျင့် စရိုက် လုပ်နည်းလုပ်ဟန်တွေ အတုယူ အားကျ နိုင်သလောက် လိုက်လုပ်ရင်းနဲ့ သည်လို ဖြစ်လာတာပါ။
ထိုင်းကို မကြာမကြာ လေ့လာရေးရောက်တော့ ပို၍ ပို၍ သိလာ၊
သူတို့အကူအညီနဲ့ ဓာတ်ခွဲခန်းထောင်ရင်း သူတို့ အလေ့အကျင့် စရိုက် လုပ်နည်းလုပ်ဟန်တွေ အတုယူ အားကျ နိုင်သလောက် လိုက်လုပ်ရင်းနဲ့ သည်လို ဖြစ်လာတာပါ။
ထိုင်းနဲ့ နိုင်ငံတကာမှာက သည်ကိစ္စ အရမ်း အရမ်းကို အရေးကြီးပါတယ်ခင်ဗျ၊ အရင်အချိန် အစောဆုံး ထိုင်းရောက်တဲ့ ကာလတွေမှာ နွားနို့ကို ရေရောရင် နို့ထဲမှာ ပဋိဇီဝ ဆေးကြွင်းတွေ့ရင် အဆ ၃၀စီ ဒါဏ်ရိုက်ပါတယ်၊ လွန်ခဲ့တဲ့ ၅နှစ်လောက်ကတော့ ရေရောရင် အဆ၂၀ ဆေးကြွင်းပါရင် အဆ ၄၀တဲ့ဗျ၊ ဟော ၂၀၁၆ခုနှစ် ထိုင်းတိမွေးကု DLD ကထုတ်တဲ့ စာအုပ်ထဲမှာ နောက်ဆုံးသိလိုက်ရတာက ရေပါရင် အရင်အတိုင်း အဆ၂၀ဖြစ်ပေမယ့် ဆေးကြွင်းပါရင် အဆ၆၀ ဒါဏ်ကြေးဖြစ်သွားပါပြီ၊ အချို့နေရာတွေမှာ ကိုယ်သွင်းတဲ့နို့က ဘယ်လောက်နဲနဲ ဆေးကြွင်းပါရင် ရောမိထားတဲ့ သိုလှောင်ကန်တစ်ခုလုံးရဲ့ နွားနို့ဖိုးကို လျော်ခိုင်းပါတယ်တဲ့ဗျာ၊ ကျွန်တော့အထင် ကိုယ်နွားနို့ ပိသာ ၁၀၀လောက်ကြောင့် လျော်ရမယ့်ပိသာသည် အနဲဆုံး ပိသာ ၃၀၀၀ (၅တန်ဆန့်သိုလှောင်ကန်) မှ ပိသာ ၁၂၀၀၀အထိ ဖြစ်သွားနိုင်ပါတယ်၊ ဒီကိစ္စအတွက် မနှစ်က ငါးအဖွဲ့ချုပ်မှာ မြန်မာစားသုံးသူများသမဂ္ဂဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မာမာကြည်က ပထမဆုံး မီးမောင်းထိုးပြီး ဟောပြော ပို့ချပြီးပါပြီ။
ပြီးခဲ့တဲ့ ကမ္ဘာ့တိရိစ္ဆာန်နေ့မှာလည်း ဆေးကြွင်းမပါရေး ဆောင်ပုဒ်ထုတ်ပြီး လက်တွေ့ဖေါ်ဆောင်ဖို့ ကြိုးပမ်း နေကြပါပြီ၊ သည်ဆေးကြွင်းကြောင့် ကမ္ဘာမှာ နှစ်စဉ် သန်းချီ သေဆုံးနေကြလို့ပါ၊
ဒါပေမယ့်
ကျွန်တော်တို့လို
- မအိုဆေးသောက်ပြီး အသက်၃၀ကျော် ၄၀မပြည့်ခင် လူငယ်တွေ အများဆုံးသေတဲ့နိုင်ငံ၊
- မူးရစ်ဆေးဝါးတွေ တန်ဖိုး သန်းပေါင်း သောင်းချီဖမ်းမိသော်လည်း ပိုင်ရှင် အမြဲမဲ့တဲ့နိုင်ငံ၊
- ဆိုင်ကယ်တစ်စီး ၅သိန်းလောက် ပေးဝယ်စီးသော်လည်း ဦးထုပ်တစ်သောင်းတန် ဝယ်မဆောင်းလို့ နေ့စဉ် ဆယ်ဂဏန်းလောက် နေ့တိုင်းသေတဲ့နိုင်ငံ၊
- ဆေးရွက်ကြီး ကွမ်းစားသုံးမှု အာရှ၆နိုင်ငံမှာ စုစုပေါင်းရဲ့ တစ်ဝက်စားသုံးလို့ ပါးစောင်ကင်ဆာအပါအဝင် ထိပ်ဆုံးကနေ ကင်ဆာ နံမည်ဆိုးနဲ့ သေနေတဲ့နိုင်ငံမှာ၊
ပဋိဇီဝ ဆေးကြွင်းအကြောင်း စကားစလာရင်
"ပျင်းတောင် ပျင်းသေးတယ်၊ ဟေ့
ပျင်းတောင် ပျင်းသေးတယ်"
ပျင်းတောင် ပျင်းသေးတယ်"
စိတ် ပါ လက် ပါ ၃ ကြိမ် ရွတ် ပါ ခင် ဗျား ။
////////////////////////////////////
"စိတ်ရင်းကောင်းသော်လည်း နွားနို့ကို အပြစ်မြင်နေတဲ့ ခလေးမတစ်ယောက်ကို အကြောင်းပြုပြီး တတ်သမျှမှတ်သမျှ ၂၀၀၃ခုနှစ် ဒီဇင်ဘာလ၂၉ရက်နေ့မှာ အင်္ဂလိပ်လို ရေးတင်ခဲ့တဲ့ ပို့စ်လေးပါ၊ အမှားမပြင်ပဲ မူရင်းကိုပဲ ဘာသာပြန်ပြီး ထပ်တင်ပါတယ်ခင်ဗျ"
"Please don't blame MILK"
"ကျေးဇူးပြုပြီး နွားနို့ကိုတော့ အပြစ်မတင်ပါနဲ့ဗျာ"
"ကျေးဇူးပြုပြီး နွားနို့ကိုတော့ အပြစ်မတင်ပါနဲ့ဗျာ"
Please stop blaming milk. Milk is a good source of protein and calcium for most children. Poverty alleviation for people in rural areas can achieve by developing dairy business especially in Asia because 80 to 85% of milk is produced by small scale dairy farmers. Being a vegan may be good for you.
ကျေးဇူးပြု၍ နွားနို့ကိုတော့ အပြစ်မတင်ပါနဲ့ဗျာ၊ ခလေးအများစုအတွက်တော့ နွားနို့ဟာ အသားဓာတ်နဲ့ အရိုးဓာတ်ကို ဖြည့်ဆည်းပေးမယ့် အဟာရကောင်းပါ၊ အထူးသဖြင့် အာရှတိုက်တစ်ခုလုံး နွားနို့ထုတ်လုပ်မှုပမာဏရဲ့ ၈၀%ကနေ ၈၅%လောက်အထိဟာ တစ်ပိုင်တစ်နိုင် နို့စားနွားမွေးသူတွေက ထုတ်လုပ်တာဖြစ်လို့ ကျေးလက်ဒေသကလူတွေ ဆင်းရဲတွင်းက လွတ်မြောက်ဖို့ နို့စားနွားမွေးမြူရေးနဲ့ နို့ထွက်ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းတွေ ဖွံဖြိုးတိုးတက်မှသာ အောင်မြင်မှာပါ၊ သက်သတ်လွတ်စားတာကတော့ ခင်ဗျားအတွက် ကောင်းတာပေါ့ဗျာ။

Please try to learn that Buddha never asked to be a vegan and rejected 5 proposals by Davadat (Spelling ?)which included "Monks must be vegan" Millions and millions of vegans in India consume milk and dairy products most. Any country which win football World Cup are from regions in which per capita consumption of milk is one of the highest.
ဗုဒ္ဓဘုရားရှင်က သက်သတ်လွတ်စားဖို့ ဘယ်တုန်းကမှ မဟောကြားခဲ့သလို ဒေဝဒတ်က ဘုရားရှင်ကိုလျောက်ထားတဲ့ အချက် (၅) ချက်ထဲမှာပါတဲ့ ရဟန်းတော်များ သက်သတ်လွတ်ဘုန်းပေးဖို့ ဆိုတာကိုပင် ညင်းပါယ်တော်မူခဲ့တာကို သိထားသင့်ပါတယ်၊ အိန္ဒိယမှာ သန်းပေါင်းများစွာသော သက်သတ်လွတ်သမားများသည် နို့နှင့် နို့ထွက်ပစ္စည်းများကို အများဆုံး စားသုံးကြပါတယ်၊ ကဘာ့ဘော့လုံးပွဲမှာ ဗိုလ်စွဲတဲ့နိုင်ငံဟူသမျှ လူတစ်ဦးချင်း နို့သောက်သုံးမှု အမြင့်ဆုံးဒေသက လူတွေဖြစ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

Japan since World World Two started school milk program to feed every child 200 ml of milk a day. Because of this, once called by Chinese and Burmese as Short Men are no longer short and higher in height than Chinese and Burmese now. Thailand is feeding 200ml of milk per child per day in class and send milk even for school holidays to be consumed on daily basic.
ဒုတိယကဘာစစ်အပြီး ဂျပန်နိုင်ငံဟာ ခလေးတွေကို နေ့စဉ် နွားနို့ ၁၂.၅ကျပ်သား တိုက်ကျွေးခြင်းဖြင့် "ကျောင်းနေခလေး နို့တိုက်ကျွေးရေး" အစီအစဉ် စတင်ခဲ့ပါတယ်၊ဒါ့ကြောင့် တစ်ချိန်က ဂျပန်ကို "ငပု" တွေလို့ ခေါ်ခံရခဲ့တဲ့ ဂျပန်တွေဟာ မပုတော့တဲ့အပြင် မြန်မာနဲ့ တရုပ်တွေထက် အရပ် မြင့်ကုန်ကြပါပြီ၊ ထိုင်းနိုင်ငံမှာဆိုရင်လဲ ခလေးတွေကို ကျောင်းဖွင့်ရက်မှာ နေ့စဉ် နွားနို့ ၁၂.၅ကျပ်သား တိုက်ရုံမက ကျောင်းပိတ်ရက်မှာသောက်ဖို့အတွက်ပါ အိမ်အရောက် ပို့ပေးထားပါတယ်ခင်ဗျ၊

Please take care not to blame milk. There are always pros and cons. Even New Zealand is now trying to give milk to their school children after neglecting so many years. There are many honest an good hearted people like you who want to develop their country and its people. Please don't cut your leg if the shoe is small.
နွားနို့ကိုတော့ ကျေးဇူးပြုပြီး အပြစ်မမြင်ပါနဲ့ဗျာ၊ ကိစ္စရပ်တိုင်းမှာ အကောင်းနဲ့အဆိုးဆိုတာ အမြဲ ဒွန်တွဲနေပါတယ်၊ နယူးဇီလန်လို နိုင်ငံသည်ပင်လျင် နှစ်ပေါင်းများစွာ လစ်လျူရှုထားခဲ့ရာမှ အခုတော့ သူ့ခလေးတွေကို နို့တိုက်ဖို့ စတင်ဆောင်ရွက်နေပါပြီ၊ နိုင်ငံနဲ့ နိုင်ငံသားတွေ တိုးတက်ကြီးပွားတာကိုမြင်လိုတဲ့ ခင်ဗျားလို စိတ်ရင်းကောင်းသူတွေ အမြောက်အမြားရှိကြပါတယ်၊ ကျေးဇူးပြုပြီး ခင်ဗျားရဲ့ ဖိနပ်သေးတာကြောင့်တော့ ခြေထောက်ကို ဖြတ်မပြစ်ပါနဲ့လားခင်ဗျ။

/////////////////////////////////
" အ ဇို လာ ရေ မှော် အ ကြောင်း စိတ် ဝင် စား ရင် "
စိုက်ပျိုးမွေးမြူသူများအတွက် ဗဟုသုတအဖြာဖြာကို အစဉ်ဖြန့်ဖြူးပေးနေတဲ့ စကိုက်နက်ရဲ့ စိုက်ပျိုးမွေးမြူရေး ရုပ်သံအစီအစဉ် ALFC Channel လိုင်းနံပါတ် 095 မှနေ၍ အဇိုလာရေမှော် Azolla fern အကြောင်းကို အောက်ဖေါ်ပြပါ နေ့ရက်နှင့် အချိန်များအတိုင်း ထုတ်လွှင့် ပြသမှာဖြစ်တဲ့အတွက် အားပေး ကြည့်ရှုနိုင်ပါရန် အသိပေး အကြောင်းကြားအပ်ပါသည် ခင်ဗျား။
SKY NET လိုင်းနံပါတ် 095
၂၀၁၇ခုနှစ် မေလ ၁၅ရက် တနင်္လာနေ့၊
နေ့လည် ၁၁နာရီ၊ ညနေ ၆နာရီ၊ ည ၁၀နာရီ။
.
Tin Win ငွေစင်ပုလဲနို့စားနွား မွေးမြူရေးခြံ မင်္ဂလာဒုံမှာ အဇိုလာရေမှော် (Azolla fern) အခမဲ့ရပါမယ်၊ ကိုယ်တိုင်မလာနိုင်လျင် တစ်ယောက်ယောက်ကို ဖုန်းဆက်ခိုင်း လာယူခိုင်းပါ၊ 09448003036 ဘယ်လို လာရမယ်ဆိုတာ လမ်းညွှန်စာရိုက်ပြီး ဖုန်းထဲပို့ပေးပါမည်၊ အားမနာပါနှင့်၊ နေ့လယ် ဖုန်းဆက်၍မရလျင် ဖုန်းပိတ်ပြီး အိပ်သောကြောင့်။
//////////////////////////////////////////////////

" ခင် ဗျား တစ် သက် လုံး နောင် တ မ ရ စေ ဖို့ ကျွန် တော် အာ မ ခံ ပါ တယ် "
ဈေးနည်းတာသောက်မလား?
ကျွန်တော.ဖက်က ပိသာရာချီဝယ်ရင်
၁၈၀၀ကျပ်နဲ့ရောင်းပါတယ်၊
၁၈၀၀ကျပ်နဲ့ရောင်းပါတယ်၊
ရာနှုန်းပြည့်အာမခံနိုင်တဲ့ လက်တွေ့ဖြစ်ရပ်မှန်တစ်ခုပါ၊
တစ်ပိသာ ၁၂၀၀ကျပ်နဲ့ဝယ်တဲ့ လုပ်ငန်းကြီးတစ်ခု ရှိခဲ့ပါတယ်။
သူ့ထံ နွားနို့သွင်းတဲ့သူတစ်ယောက်က အပြင်ကနွားနို့ ၁၈ပိသာဝယ်ပါတယ်၊
ပြီးတော့ ရေ ၃၂ပိသာထဲ့ပြီး ရောပါတယ်၊
ပိသာ၅၀သွားသွင်းတော့ငွေ ၆၀၀၀၀ကျပ် ရသွားပါတယ်၊
ရောင်းတဲ့သူရဲ့အရင်းက တစ်ပိသာ ၇၀၀ကျပ်အောက်ပါ၊
ပြီးတော့ ရေ ၃၂ပိသာထဲ့ပြီး ရောပါတယ်၊
ပိသာ၅၀သွားသွင်းတော့ငွေ ၆၀၀၀၀ကျပ် ရသွားပါတယ်၊
ရောင်းတဲ့သူရဲ့အရင်းက တစ်ပိသာ ၇၀၀ကျပ်အောက်ပါ၊
အဲဒီနို့ရဲ့ ရေပါဝင်မှုကို တိုင်းဖို့စစ်ကြည့်တော့ ကျွန်တော့စက်က မဖတ်နိုင်ရှာပါဘူး၊
ရေပါဝင်မှု အလွန့်အလွန် များလို့ပါ။
ရေပါဝင်မှု အလွန့်အလွန် များလို့ပါ။
ကျွန်တော့မှာ အသေးစားဓာတ်ခွဲခန်းနဲ့ ဝန်ထမ်း ၃ယောက်ရှိပါတယ်။
နေ့စဉ် ပဋိဇီဝဆေးကြွင်း Antibiotic Residue မပါအောင် နွားနို့အားလုံးကို မနက်တစ်ကြိမ် ညနေတစ်ကြိမ် စစ်ပါတယ်။ ကျန်တဲ့စစ်ဆေးမှုတွေကိုတော့ မပြောလိုတော့ပါ၊
မှန်ပါတယ်၊ ကျွန်တော့နွားနို့က သူများနွားနို့ထက် ဈေးနဲနဲပိုကြီးပါလိမ့်မယ်။
ဒါပေမယ့် သေခြာတာက ခင်ဗျားတစ်သက်လုံး နောင်တမရစေဖို့ ကျွန်တော်အာမခံပါတယ်။
Inn Khaung စားသုံးဆီ မြေပဲဆီ ကိုလဲ ငွေစင်ပုလဲ
ဦးတင်ဝင်းလို ရဲရဲကြီးအာမခံဖြန့်ဝေပေးမဲ့သူ ယုံကြည်အားထားရမဲ့သူတွေပေါ်လာစေချင်ပါတယ်
နွားနို့လောက် ကရိကထ မများ မခက်ခဲတဲ့လုပ်ငန်းပါ။
ငွေစင်ပုလဲ ပို၍ တိုးတက်ခိုင်မြဲပါစေ။
ဦးတင်ဝင်းလို ရဲရဲကြီးအာမခံဖြန့်ဝေပေးမဲ့သူ ယုံကြည်အားထားရမဲ့သူတွေပေါ်လာစေချင်ပါတယ်
နွားနို့လောက် ကရိကထ မများ မခက်ခဲတဲ့လုပ်ငန်းပါ။
ငွေစင်ပုလဲ ပို၍ တိုးတက်ခိုင်မြဲပါစေ။
ဦးအောင် သန်း ဦးတင်ဝင်း ကျမ္မာစွာဖြင့် ငွေစင်ပုလဲတံဆိပ်
နွားနို့လုပ်ငန်းကြီးကို သားစဉ်/မြေးဆက်
ကြီးပွားတိုးတက်နိုင်ပါစေ။
နွားနို့လုပ်ငန်းကြီးကို သားစဉ်/မြေးဆက်
ကြီးပွားတိုးတက်နိုင်ပါစေ။
/////////////////////////////////////
No comments:
Post a Comment