24.4.2021..9am
ဒီမိုကရေစီနိုင်ငံကြီးအင်ဒိုနီးရှားနိုင်ငံ၊ မြန်မာပြည်သူတွေဘက် ရပ်တည်နေပါတယ်
===========-
ယနေ့ မြန်မာ့အရေး အာစီယံနိုင်ငံများဆွေးနွေးပွဲ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပပါမယ်။ စစ်အာဏာသိမ်း ဗိုလ်ချုပ်ှုးကြီးမင်းအောင်လှိုင် ဘာတွေပြောမလဲ၊ နိုင်ငံတကာက သံတမန်အရေးနဲ့အာဏာစွန့်ဖို့ နောက်ဆုံး ချဥ်းကပ်ခြင်းလို့ ပြောနိုင်ပါတယ်။
.
အာစီယံမှာ လူဦးရေသန်း၂၀၀ နဲ့ ရေနံသယံဇာတလည်းအများဆုံး ကြွယ်ဝချမ်းသာတဲ့ အင်ဒိုနီးရှား အစိုရဟာ မြန်မာပြည်သူများရဲ့ ဒီမိုကရေစီတိုက်ပွဲကို မြန်မာရဲ့အိမ်နီးချင်း အိန္နိယအစိုးရနဲ့ အိန္နိယ လူသန်းပေါင်း၁၂၀၀ ဟာ ဒီမိုကရေစီနိုင်ငံကြီးဖြစ်တယ်။ အရေးတကြီး လိုအပ်ရင် မြန်မာဖက်က ရပ်တည်ကြမဲ့ ရာဇဝင်၊ သမိုင်းဖြစ်ရပ်များ နှစ်ပေါင်း ထောင်ချီ ရှိနေပါတယ်။ အလားတူပဲ ၁၁ နိုင်ငံမှာ အင်အားအကြီးဆုံး အင်ဒိုနီးရှားအစိုးရဟာ ဒီမိုကရေစီ နိုင်ငံကြီးဖြစ်တယ်။ နိုင်ငံသား သန်း၂၀၀ မြန်မာပြည်သူများကို စာနာကြပါတယ်။ အင်ဒိုနီးရှားလည်း စစ်အာဏာရှင်များရဲ့ အုပ်ချုပ်မှုလက်အောက်က ၁၉၉၈ မှာ လူထုအုံကြွ တွန်းလှန်နိုင်ခဲ့တာ ၃၃နှစ်ကြာခဲ့ပြီး စစ်တပ်ို အုပ်ချုပ်ရေးမှ တဖြေးဖြေး ဖယ်ထုတ်နိုင်ခဲ့ပြီးဖြစ်တယ်။
.
.
အင်ဒိုနီးရှား ဒီမိုကရေစီ
အာစီယံ ၁၁ နိုင်ငံမှာ နှစ် ၅၀ အတွင်း စစ်တပ်မအုပ်ချုပ်တဲ့ ဒီမိုကရေစီစနစ်က မလေးရှားနိုင်ငံ တခုပဲရှိပါတယ်။ ဖိလစ်ပိုင် အာဏာသိမ်းစစ်ဗိုလ်ချုပ် မားကို့စ် စစ်အာဏာရှင်ကို ပြည်သူများက အုံကြွ တော်လှန်ရေးအောင်မြင်ခဲ့တာ နှစ်၄၀ ကျော်ပါပြီ။ အင်ဒိုနီးရှားမှာ စစ်အာဏာရှင် ဆူကာနိုပြီးတော့ တဖန် စစ်အာဏာရှင် ဆူဟာတို အုပ်ချုပ်ပြန်တယ်။ ပြည်သူလူထု အုံကြွတော်လှန်ခဲ့တာ ဒီမိုကရေစီ နှစ်၃၀ ကျော် အခြေကျနေပါပြီ။ ပထမဆုံး အရပ်သားစစ်စစ် သမတဂျိုကိုဝီရန်တို ၂၀၁၄ မှာ ၄နှစ်သက်တမ်း ရွေးကောက်တင်မြောက်တယ်။ ယခု ဒုတိယသက်တမ်း ဆက်လက်အုပ်ချုပ် တည်ငြိမ်နေတဲ့ ဒီမိုကရေစီနိုင်ငံကြီးဖြစ်ပါတယ်။
.
မြန်မာ စစ်အာဏာသိမ်းမှု
1.2.2021 စတင်ပြီး လူထုအုံကြွမှု အကြီးအကျယ် ဖြစ်တဲ့ ဖေဖော်ဝါရီ-၂၂ ရက်နေ့က တတိုင်းပြည်လုံး စစ်အာဏာသိမ်းလုပ်ရပ် ရပ်ဖို့ ဆန္နပြကြတာ အထင်အရှား သက်သေပြခဲ့ပြီးပါပြီ။ ပထမ အာစီယံနိုင်ငံအားလုံးက တရားဝင်အသိအမှတ် မပြုကြပေမဲ့၊ တရုတ် စီးပွားရေးသြဇာလွှမ်းမိုးမှု အများအပြား ရှိနေတော့..တရုတ်နိုင်ငံ သဘောထားအတိုင်း မြန်မာပြည်တွင်းရေးသာ ဖြစ်တယ် ကြေငြာကြတယ်။ သို့သော် တရုတ်နိုင်ငံရဲ့ တိုင်ဝမ်ကျူးကျော်မှု ကို အလွန်စိုးရိမ်တဲ့ ဂျပန်၊တောင်ကိုးရီးယား နိုင်ငံများကြောင့် အမေရိကန်ကြီး စစ်အင်အားပြ ဝင်ရောက်လာမှ အာစီယံနိုင်ငံများ ကြားနေဝါဒ အခက်ကြုံရပါတယ်။ မြန်မာ့အရေးဟာ အာစီယံဒေသလုံခြုံရေးကို ထိခိုက်ကြောင်း ကြေငြာခဲ့ရတယ်။
.
အာစီယံနိုင်ငံများ ဖေဖော်ဝါရီလ ဆွေးနွေးပွဲမှာ CRPH အစိုးရကို မဖိတ်ပဲ စစ်အာဏာသိမ်းအဖွဲ့ နိုင်ငံခြားဝန်ကြီး ဝဏ္ဏမောင်လွင် ကို ဖိတ်ကြားခဲ့ပြီး ဘာဆုံးဖြတ်ချက်မှ မထွက်ပေါ်ခဲ့ပါ။ မလေးရှား၊ ဖိလစ်ပိုင် အစိုးရများက ပြင်းထန်စွာ စစ်အာဏာသိမ်းမှုကို ရှုံ့ချခဲသော်လည်း အိမ်နီးချင်း ထိုင်းနိုင်ငံအစိုးရက မြန်မာစစ်အာဏာသိမ်းသူများကို ထောက်ခံနေတာ မြင်ရပါတယ်။ အင်ဒိုနီးရှား ဒီမိုကရေစီအစိုးရကပဲ မြန်မာစစ်အာဏာသိမ်းသူ မင်းအောင်လှိုင် ပိုဆိုးမသွားအောင် ကြိုးစား ညှိနှိုင်းပေးနေပါတယ်။
.
ဧပြီလ စစ်ကားများခြိမ်းခြောက်မှု
ယခု စစ်အာဏာသိမ်းမှု ၃လ နီးပါးကြာချိန် အုပ်ချုပ်ရေးယန္တယား မလည်ပတ်နိုင်သေးပေမဲ့ မြို့ ၆၀ မှာ ငြိမ်းချမ်းစွာ လက်နက်မပါဆန္နပြသူ ၇၄၀ ဦး ပစ်သတ်ပြီးလို့ ဧပြီလမှာ ဆန္နပြမှုများ ရန်ကုန်မြို့မှာ မတွေ့ရတော့ပါ။ မေလ ၁ရက်မှာ တနည်းတဖုံ အထိခိုက်နည်းစွာ ဆန္နပြန်ပြဖို့ ပြည်သူလူထု ဂျင်နရေးရှင်း Z များက စီစဥ်နေပြန်ပါတယ်။ CDM ဆိုတဲ့ အစိုးရ ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းများ အဓိက အလုပ်မဆင်း အထွေထွေသပိတ်ကို ရပ်တံ့ဖို့၊ ပြန်လည်ပတ်ဖို့ စစ်အာဏာသိမ်းအစိုးရက စနစ်တကျ ကြိုးစားနေပါပြီ။ ဆန္နပြခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများကို ဧပြီလမှာ စနစ်တကျ ဖမ်းဆီးနေပါတယ်။ ဒလံ သတင်းပေးများနဲ့ ဖမ်းဆီးမှုများစွာ ညအချိန် စစ်ကား၂စီး အနည်းဆုံးအင်အားနဲ့ မ်းဆီးတယ်။ ည ၈ နာရီ သံပုန်းမတီးနိုင်အောင် စစ်ကားတွေ ဖြေးဖြေးမောင်းနှင်ပြတာ ညသန်းကောင်အထိ မြို့ကြီးအားလုံးမှာ စစ်အင်အားပြ ခြိမ်းခြောက်ပြနေတယ်။
.
ဖက်ဒရယ်အစိုးရ NUG
ဧပြီလ (၁၆) မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို CRPH အဖွဲ့က အောင်မြင်စွာ ကြေငြာနိုင်ခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်များ၊ ပါတီအဖွဲ့အစည်းများက ရွေးကောက်ပေးသူများစွာနဲ့ ဒသမတ ဒရှီလ(ကချင်)၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း(ကရင်) တို့ ဦးဆောင်တဲ့၊ NUG အစိုးရ ပြည်ထောင်စုဝန်ကြီးအဖွဲ့ လူစာရင်း ကြေငြာပါတယ်။ ပါဝင်သူတိုင်းရင်းသားများကတော့ Drဆာဆာ(ချင်း)၊ Dr.ဆလိုင်းဆာခေါင်း(ချင်း)၊ နိုင်ကောင်းရွက်(မွန်)၊ Dr.တူးခေါင်၊ နော်ဆူဆန်နာလှလှစိုး၊ ခူထဲဘူ၊ နော်ထူးဖော၊ဂျာထွယ်ပန်၊ ခွန်တီထူး၊ Dr.ရွှေပုံ၊ မိုင်ဝင်းထူး၊ မင်းဇေယျာဦး စတဲ့ တိုင်းရင်းသားကိုယ်စလှယ်များ ဖြစ်ပြီး၊ ဒေါ်ဇင်မာအောင်၊ Dr.ဇော်ဝေစိုး၊ ဦးလွင်ကိုလတ်၊ ဦးရည်မွန်၊ ဦးတင်ထွန်းနိုင်၊ Dr.ဝင်းမြတ်အေး ဦးမိုးဇော်ဦး၊ ဒေါ်ခင်မမမျိုး၊ ဦးချစ်ထွန်း၊ ဒေါ်အိသန္တာမော် စတဲ့ ဗမာလူမျိုးများ ပါဝင်ဖွဲ့စည်းထားပါတယ်။
.
အထက်ပါ NUG အစိုးရ အကြီးအကဲအဖြစ် ဖမ်းဆီးထားခံရတဲ့ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် နဲ့ သမတဦးဝင်းမြင့် ၂ဦးကို ရွေးချယ်ထားတယ်။ လွတ်မြောက်နေသူ၊ တိမ်းရှောင်နေသူများစွာ (25)ဦး နဲ့ ထိမ်းသိမ်းခံ ၂ဦး..စုစုပေါင်း (27)ဦး ပါဝင်တဲ့ NUG အစိုးရ လူအမည်များနဲ့ ပြည်သူလူထု ဆုတောင်းမေတ္တာပို့ပေး နေကြပါတယ်။ အသက်ရှင် လွတ်မြောက်နေသူများ ပြည်သူမေတ္တာ ရရှိဖို့ ဖြောင့်မတ်၊သန့်ရှင်းမှု ရှိကြပါတယ်။ ကိုယ်ကျင့်တရား အလွန်ကောင်းကြပါတယ်။ နေတိုင်း၊ညတိုင် ကျနော်တို့ NUG အစိုးရကို အမည်နဲ့ သတိရကြပါလို့ တိုက်တွန်းရေးသားပါတယ်။
.
NUG အစိုးရလက်အောက် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ဒုတိယဝန်ကြီး ဒေါ်ခင်မမမျိုး၊ နိုင်ကောင်းရွက်.. ၃ဦးဟာ လက်နက်ကိုင်တိုင်းရင်းသားတပ်များ နဲ့ မြို့ပြပျောက်ကျားတိုက်ပွဲများအတွက် ပြည်တွင်းပြည်ပ သေနာကဗျူဟာ ရေးဆွဲပြီးပါပြီ။ မြေပြင်အခြေအနေမှာ ကချင်(KIA) နဲ့ ကရင်(KNU) တို့ရဲ့ ထိုးစစ်များစွာ စစ်အာဏာသိမ်းများရဲ့ နယ်မြေ များ ပြန်သိမ်းပိုက်နေပါပြီ။ အင်အားသုံးတဲ့ မြို့ရွာသိမ်း တိုက်ပွဲများ မြင်တော့မှာပါ။
.
လက်နက်အားကိုး အာဏာသိမ်သူများက လက်နက်ကိုပဲ ကြောက်ကြပါတယ်။ ပြည်ပမှ လက်နက်များပြနေလို့ မကြောက်ပါ။ ပြည်တွင်းမြို့ရွာများမှာ လက်နက်နဲ့တော်လှန်ရေးသမားများ ရောက်လာချိန် စစ်အာဏာသိမ်းတပ်များ စေ့စပ်စားပွဲပေါ် ရောက်လာမှာပါ။
.
အထူးသဖြင့် လက်နက်အင်အား နဲ့ လေကြောင်းကာကွယ်မှု Non Fly Zone လိုအပ်ပါတယ်။ ကုလသမဂ္ဂမှာ တရားဝင်အစိုးရ ဖြစ်လာရင် လက်နက်ဝယ်ယူ၊ တင်သွင်းခွင် လွယ်ကူ သွားမယ်။ R2P (သို့မဟုတ်)ပြည်ပတပ်များ၊ လူမဲ့ဒရုန်းများ အကူအညီ လာတော့မယ် ဖြစ်တယ်။
.
ဒီနေ့ အာစီယံ မြန်မာ့အရေး ဆွေးနွေးပွဲဟာ အင်ဒိုနီးရှား အစိုးရ ဦးဆောင်ပြီး အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော် မှာကျင်းနေပါတယ်။ NUG ကိုမဖိတ်ပါ။ သံတမန်နည်းနဲ့ နောက်ဆုံးသတိပေးခြင်း ဖြစ်တယ်။ အင်ဒိုနီးရှားအရပ်သားသမတကြီး ဂျိုကိုဝီရန်တို အစိုးရ၊ အင်ဒိုနီးရှား ပြည်သူများ၊ ဂျာနယ်လစ်များကို မြန်မာ့ဒီမိုကရေစီ ထောက်ခံမှုအတွက် ကျေးဇူးတင်ကြောင်း ရေးသားလိုက်ပါတယ်။
အရေးတော်ပုံ
(မုချ)အောင်ရမည်။
.
TSP(Myanmar Good)
ဇာနီကြီး
24.4.2021
No comments:
Post a Comment