23.4.2021..9am
ဒီမိုကရေစီနိုင်ငံကြီးအိန္နိယနိုင်ငံ၊ မြန်မာပြည်သူတွေဘက် ရပ်တည်နေပါတယ်
.
တချို့က အိန္နိယအစိုးရဟာ သူတို့စစ်တပ်ရဲ့ လေယာဥ်၊ရေငုတ်သင်းဘော၊ ဒုံးပျံစစနစ်ကအစ တင့်ကား၊အမြောက်၊ လက်နက်ငယ်တွေအဆုံး.. ရုရှားစစ်ပစ္စည်းများဖြစ်နေတယ်။ ဒါကြောင့် ရုရှားတွေအလိုကျ မြန်မာစစ်အာဏာသိမ်းတပ် တွေဘက်ပါသလို ဖြစ်နေလို့ မြန်မာပြည်သူ၊ ကမ္ဘာပြည်သူများ စိတ်ပျက်နေကြတယ်။ တကယ်တော့ အိန္နိယအစိုးရက မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီကို ထောက်ခံပါတယ်။ စစ်လက်နက်ရောင်းချတဲ့ ရုရှားအလိုကျ မတ်-27 တော်လှန်ရေးနေ့အခမ်အနား (၈)နိုင်ငံ တက်ရောက်တဲ့အထဲ ပါဝင်ရပါတယ်။ တမူး၊ကလေးမြို့များက ရှောင်တိမ်းလာသူများကို လက်မခံနိုင်ကြောင်း ပြောသော်လည်း အိန္နိယ မီဇိုရမ်ပြည်နယ်က လက်ခံပေးလို့ မီဇိုရမ်ဖက်ကို သွာရောက်ခိုလှုံခွင့် ပေးထားပါတယ်။
.
.
အိန္နိယရဲ့ လက်ရှိရပ်တည်ချက်
.
ကုလ UN လုံခြုံရေးကောင်စီ ၁၅ နိုင်ငံမှာ ၁၁ နိုင်ငံက မြန်မာပြည်သူများဖက် ရပ်တည်ကြတယ်။ R2P ကိစ္စအပါအဝင် လက်နက်မရောင်းဖို့ အဆိုကို ထောက်ခံသော်လည်း ဗီတိုအာဏာရှိတဲ့ တရုပ်၊ရုရှား ၂နိုင်ငံက မထောက်ခံလို့ ယခု 24/4 အာစီယံ မြန်မာ့အရေးဆွေးနွေးပွဲ မင်းအောင်လိုင်ကို ဖိတ်ထားပါတယ်။ အိန္နိယရပ်တည်ချက်က အရေးမာတော့ ရုရှားကြီး ကျေနပ်အောင် UNSC ၁၅ နိုင်ငံမှာ ရုရှားဖက် အိန္နိယက လိုက်ပါနေရတယ်။
.
ရုရှားဖက် အိန္နိယပါနေခြင်း
ပါကစ္စတန်(မွတ်စလင်နိုင်ငံ) နဲ့ အိန္နိယ(ဟိန္ဒြူ နိုင်ငံ) စစ်ဖြစ်ခဲ့တယ်၊ တင်းမာကြတော့ အမေရိကန်က ပါကစ္စတန်ဖက်ရပ်တည်လို့ အိန္နိယက အမေရိကန်စစ်လက်နက်များ သပိတ်မှောက်ပြီး ရုရှားလက်နက်ချည်းပဲ ဝယ်ယူနေတာ နှစ်ပေါင်းကြာလှပါပြီ။ အိန္နိယက အဆင့်မြင့် လေယဥ်၊ ရေငုတ်သဘေ်ာ၊ အနုမြူဓာတ်ပေါင်းဖို စတဲ့ စစ်လက်နက်ကြီးများကို ပြင်သစ်နိုင်ငံကလဲ ဝယ်ယူပါတယ်။ ရုရှားလက်နက်က 80% လက်ရှိအိန္နိယစစ်တပ်က သုံးနေပြီး အမေရိကန်စစ်လက်နက်များကို မဝယ်တာကြာပါပြီ။ ၂၀၁၉ အိန္နိယ၊ တရုတ် နယ်စပ်အရေးအခင်းမှာ အိန္နိယစစ်သားများစွာ သေဆုံးပြီးနောက်ပိုင်း အိန္နိယက တရုတ်ဆန့်ကျင်ဖို့ အမေရိကန်ဖက်ကို ယိမ်းလာပါတယ်။
....ဒါကြောင့် အိန္နိယစစ်တပ် လက်နက်ကြီး၊ငယ် ရုရှားများရဲ့ အပိုပစ္စည်းနဲ့ ပြုပြင်ထိန်းသိမ်းဖို့ နည်းပညာ လိုပါတယ်။ ရုရှားကြီးက မငြိုညင်အောင် ရုရှားအလိုလိုက်ရပါတယ်။ မြန်မာစစ်အာဏာသိမ်း အရေးအခင်းမှာ အမြဲ မြန်မာပြည်သူဖက်ရပ်တည်သော်လည်း အခုတကြိမ်မှာ ရုရှားလိုလားတဲ့ အာဏာသိမ်း စစ်ကောင်စီ SAC ဖက်မှာ ရပ်နေရတယ်။ အိန္နိယ နဲ်.. ဗီယက်နမ်၊မြန်မာ စစ်တပ်များဟာ ရုရှားလက်နက် ရာနှုန်းပြည့် သုံးနေရတယ်။ ရုရှား၊ ဗီယက်နမ် ၂နိုင်ငံ စလုံး ရုရှားဖက်၊ (မြန်မာစစ်ကောင်စီဖက်) လိုက်နေရပါတယ်။ သိုသော် တကယ့်အရေးကြုံလာရင် အိန္နိယအစိုးရဟာ မြန်မာပြည်သူများဖက် ၁၀၀% ပါဝင်လာမှာ သေချာပါတယ်။
.
မြန်မာ-အိန္နိယသမိုင်းမှာ အိန္နိယက ဘယ်သောခါမှ မြန်မာပြည်ကို စစ်ချီမလာပါဘူး။ အရ်လိပ်အင်ပါယာအောက် အတူကျရောက်ခဲ့စဥ် ၂နိုင်ငံ စိတ်တူကိုယ်တူ ပူးပေါင်းကူညီကြတယ်။ အိန္နယကပဲ မြန်မာနိုင်ငံကို ကူညီတာများပါတယ်။ ၁၉၄၈ မြန်မာလွတ်လပ်ရေးရပြီး ဦးနုအစိုးရနဲ့ အိန္နိယ အကြီးအကဲ နေရူး၊ အင်ဒီယာဂန္နီ တွေနဲ့လည်း ချစ်ကြည်ခဲ့ပြီး၊ ၁၉၆၂ မြန်မာပြည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ဒီမိုကရေစီအရေး အမြဲကူညီ ထောက်ခံခဲ့တယ်။ အိန္နိယဟာ ကမ္ဘာမှာ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးဖြစ်ပြီး လူဦးရေသန်း ၁၂၀၀ ရှိပါတယ်။
.
အိန္နိယဟာ အမန်မာစစ်အာဏာသိမ်းတာ လုံးဝလက်မခံပါ။ သို့သော် အခြေအနေအရ ရုရှားအကြိုက် ခဏ လိုက်နေရတယ်။ ရာဇဝင် ပုဂံခေတ် မှာ မြန်မာဘုရင်ဆိုးတစ်ဦး အာဏာသိမ်းစဥ် အိန္နိယက မြန်မာဘုရင်ဆိုးကို ကူညီသလိုနဲ့ လုပ်ကြံခဲ့တဲ့ အကြောင်း ပို့စ်တခု ပြန်ရှယ်ပါရစေ။
.
.
*****************
.
#ရာဇဝင်သမိုင်းဖျောက်မရဘူး....
ပုဂံရာဇဝင်မှာ "နရသူ" ဆိုတဲ့ အာဏာရူးမင်းတစ်ပါး ရှိခဲ့ဖူးတယ်။ သူအာဏာရဖို့အတွက် ဖခင် အလောင်းစည်သူမင်းကို ရွှေဂူကြီးဘုရားထဲမှာ ခေါင်းအုံးနဲ့ ဖိသတ်တယ်။ နောင်တော်ဖြစ်တဲ့ မင်းရှင်စောကို နံနက်ပိုင်းမှာ ဘိသိက်သွန်း၊ မင်းအဖြစ်တင်မြှောက်ပြီး ညပိုင်းမှာ ပွဲတော်စာထဲ အဆိပ်ခတ် သတ်ခဲ့တယ်။ အဲဒီလိုလူသတ်တဲ့နည်းနဲ့ အာဏာရအောင်ယူခဲ့တယ်။
အာဏာရူးပြီး မင်းဖြစ်လိုတဲ့လောဘကြောင့် ဖခင်နဲ့ နောင်တော်ကို သတ်ဖြတ်ခဲ့တဲ့ နရသူကို သပိတ်မှောက်တဲ့အနေနဲ့ အဲဒီအချိန်က ပုဂံသာသနာပိုင် ပံ့သကူမထေရ်ဟာ ပုဂံကနေ သီဟိုဠ်ကို ထွက်သွားတော့တယ်။ social punishment ပေးတဲ့အနေနဲ့ ဖဲကြဉ်ခဲ့တယ်။
ပံ့သကူမထေရ်တစ်ပါးပဲ အာဏာရူးနရသူကို social punishment ပေးခဲ့တာမဟုတ်ဘူး။ အဲဒီအချိန်က ပုဂံသူပုဂံသားတွေကလည်း နရသူ့ကို ရွံရှာကြတယ်။ စက်ဆုပ်ကြတယ်။ မုန်းတီးကြတယ်။ ရှောင်ခွာကြတယ်။ ပုဂံတစ်ခွင်လုံးမှာရှိတဲ့ ပြည်သူတွေက နရသူကို မနှစ်မြို့တဲ့အတွက် social punishment ပေးတဲ့အနေနဲ့ ရှောင်ကွင်းကြတယ်။ မဆက်ဆံကြဘူး။ မင်းအဖြစ် အသိအမှတ်မပြုကြဘူး။
ပုဂံပြည်သူပြည်သားတွေက မုန်းတီးကြောင်း၊ မဆက်ဆံလိုကြောင်း၊ မင်းအဖြစ်အသိအမှတ်မပြုကြောင်းကို သိရလေလေ နရသူ့ရင်ထဲမှာ မီးလောင်လေလေ ဖြစ်လာခဲ့တယ်။ ပြည်သူကအသိအမှတ်မပြုတဲ့အတွက် ရင်ထဲမှာ ပန်းတွေပွင့်မနေရတဲ့ နရသူဟာ ပြည်သူ့ကို ရက်ရက်စက်စက်၊ ကြမ်းကြမ်းကြုတ်ကြုတ် ဖိနှိပ်ပြန်တယ်။ People = my enemy ဆိုတဲ့ equation ကို နရသူ ထုတ်ခဲ့တယ်။ ပြည်သူကလည်း ဖိနှိပ်ခံရလေ နရသူကို ပိုမုန်းတီးလေ၊ ပိုမဆက်ဆံချင်လေ၊ ပိုရှောင်ကွင်းလေ၊ ပိုအသိအမှတ်မပြုလေပဲ။
အဲဒီအချိန်က အိမ်နီးနားချင်းတိုင်းပြည်တွေဟာ သမီးပေးနှမယူနည်းနဲ့ diplomacy ကို ထူထောင်လေ့ရှိတယ်။ ဒါကြောင့် တစ်ခါမှာတော့ ဝေသာလီပြည် (အိန္ဒိယ) က မင်းသမီးတစ်ပါးကို မိဖုရားအဖြစ် နရသူ့ဆီ ပို့ကြတယ်။ ဦးနှောက်မရှိတဲ့၊ စဉ်းစားတွေးခေါ်နိုင်စွမ်းမရှိတဲ့၊ ဝေဖန်ဆင်ခြင်ပိုင်းခြားနိုင်စွမ်းမရှိတဲ့၊ ရက်စက်ကြမ်းကြုတ်တဲ့ နရသူဟာ အဲဒီဝေသာလီမင်းသမီးကိုလည်း သတ်ပစ်ခဲ့တာပဲ။
ဝေသာလီမင်းသမီးကို သတ်ပြီး အချိန်နည်းနည်းကြာသွားတဲ့အခါ ဝေသာလီပြည်က ဟူးရားပုရောဟိတ် ၈ ပါး ပုဂံကို ရောက်လာကြတယ်။ ပြည်သူက အသိအမှတ်မပြုတဲ့ နရသူကို မင်းအဖြစ် ဘိသိက်မြှောက်ပေးမယ်လို့ ဆိုကြတယ်။ ဘယ်သူကမှ အသိအမှတ်အပြုမခံရတဲ့ နရသူဟာ "ဟာ .. ငါ့ကို ပုဂံပြည်သူတွေကသာ အသိအမှတ်မပြုတာ၊ ဝေသာလီကုလားပြည်ကတော့ အသိအမှတ်ပြုသားပဲ၊ အခု မင်းအဖြစ်တောာင် ဘိသိက်သွန်းပေးဦးမတဲ့" ဆိုပြီး အပျော်ကြီးပျော်ခဲ့ပုံရတယ်။ အဘိသေကသဘင် ကျင်းပဖို့ ချက်ချင်းလက်ခံလိုက်တော့တာပါပဲ။ နေ့ရက်ရွေး၊ အချိန်ရွေးပြီး အဘိသေကသဘင် ကျင်းပတယ်။ ဟူးရားပုရောဟိတ် ၈ ပါးဟာ နရသူ့ကို ပလ္လင်ပေါ်အထိုင်ခိုင်း၊ ဆံထုံးကို အမွှေးနံ့သာ၊ ဆီလိမ်းပြီး ထုံးပေး၊ ခရုသင်းတွေဘာတွေ မှုတ်ပေါ့။ ပြီးတော့ ဘိသိက်ရေစင်သွန်းတဲ့အချိန်မှာပဲ သန်လျက်တွေနဲ့ ထိုးသတ်ပစ်တော့တယ်။ နရသူရဲ့ အဘိသေကသဘင်ဟာ နရသူရဲ့ ဈာပန ဖြစ်သွားတော့တာပါပဲ။ အဲဒီအချိန်ကစပြီး နရသူဟာ ရာဇဝင်မှာ ကုလားကျမင်းလို့ နာမည်တွင်သွားခဲ့တယ်။
ပြည်သူက အာဏာရူးငါ့ကို ရွံရှာ၊ မုန်းတီး၊ စက်ဆုပ်၊ ရှောင်ကြဉ်၊ အသိအမှတ်မပြုပေမဲ့ ဟောဟိုက ကုလားပြည်တွေက ငါ့ကို အသိအမှတ်ပြုသားပဲ၊ ပွဲတွေဘာတွေ ကမ်းလှမ်းသားပဲဆိုပြီး ပျော်မနေနဲ့။ မတော်ရင် အဘိသေကပွဲကနေ ဈာပနပွဲတောင် ဖြစ်သွားနိုင်တယ်။
ပုဂံရာဇဝင်ထဲက နရသူ့အကြောင်း ပြောပါတယ်။
ခင်ဗျားတို့ဘာသာ ဘယ်သူ့ကို ပြေးမြင်မြင် ကျွန်တော်နဲ့မဆိုင်ပါဘူး ☺
ပုဂံရာဇဝင်က နရသူ့အကြောင်းပါ။
"ရှစ်ခနဲန်းကောန်းလောန်း အယ်ငဲ"
Credit:El Nge
*****************
.
ဒါကြောင့်
မြန်မာအိမ်နီးချင်း အိန္နိယက စစ်အာဏာသိမ်းသူများဖက် ရပ်တည်သလို ဖြစ်နေတာကြောင် စိတ်ပျက်စရာမလိုပါ။ အိန္နိယဟာ မြန်မာဒီမိုကရေစီ ဘက်သားဖြစ်တယ်။ ပိုင်လောက်တဲ့အချိန် မြန်မာပြည်သူများရဲ့ ဖက်ဒရယ်စစ်တပ်ကြီး မြို့ကြီးတွေမှာ လက်နက်ကိုင်တိုက်ပဲဲ ကြီး၊ မလွဲ မသွေ ပေါ်လာမဲ့ အချိန် အလွန်နီးနေပါပြီ။.. အမျိုးသားညီညွတ်ရေးအစိုးရ NUG အခိုင်အမာ ပေါ်လာပါပြီ။ ပြည်တွင်းမှာ မြို့ပြများ ဖက်ဒရယ်စစ်တပ် မြို့သိမ်းတိုက်ပွဲ စတင်မဲ့အချိန်ကို ပြည်ပအကူအညီနဲ့ စတင်တော့မှာပါ။ တော်လှန်ရေး စပြီလို့ ကြေငြာပြီးချိန် အိန္နိယနိုင်ငံက မြန်မာပြည်မြောက်ပိုင်း.ကချင်၊စစ်ကိုင်း တွေကို ကာကွယ်ပေးပါလိမ့်မယ်။
.
ဖမ်းဆီးခံဖို့ ဒလံများတဲ့ ဧရာဝတီတိုင်းလို နေရာများဆိုရင် မိမိအိမ်မှာ မနေတော့ပဲ..အခြားမြို့တခုမှာ သွားနေကြပါတယ်။ ခရီးသွားယာဥ်များကို အာဏာသိမ်းတပ်က ရှောင်တခင် စစ်ဆေးရင် လူနဲ့ဖုန်း မစစ်ပါဘူး။ ကားနဲ့ဆိုင်ကယ် အတွင်းမှာ လက်ပစ်ဗုန်း၊ လက်လုပ်ဗုန်း၊ လေးဂွ၊ ဒါး များ၊ ဆန္နပြတဲ့ဗီနိုင်းများ၊အလံများ.. ပါ၊မပါ ပဲ စစ်ဆေးပါတယ်။ ရှာတွေ့ရင်တော့ စစ်သားများက ရဲစခန်းကိုလွှဲပေးတယ်။ ရဲစခန်းက ဆန္နပြသူများ သေချာရင် ထောက်လှမ်းရေး လက်မရွံတပ်ကို လွှဲပေး ဖမ်းဆီးထောင်ချပါတယ်။ ဖမ်းဆီး စစ်ဆေးခံရပြီဆိုရင် ပြန်မအော်၊ ပြန်မပြောပါနဲ့တော့။ သူတို့လက်ထဲရောက်ချိန် တည်ငြိမ်စွာ လေးစားစွာ ပြန်ဖြေနိုင်လို့ အဖမ်းမခံရပဲ ပြန်လွတ်လာသူ အများကြီးရှိပါတယ်။
.
စစ်အာဏာသိမ်း စစ်ကောင်စီက ထိန်းသိမ်းနိုင်ပြီ ယူဆလို့
...ကျောင်းတွေ မေလဆန်းဖွင့်ဖို့ ဆရာမွမ်းမံသင်တန်း၊
...လျပ်စစ်မီတာခ ၃လ မကောက်ခံနိုင်တာ ပြန်ကောက်ဖို့ ဘီလ်ထုတ်နေခြင်း
...တောင်သူ ချေးငွေတွေပြန်ဆပ်ဖို့ တောင်ခံခြင်း
...ရုံးဌာနတွေ ပြန်ဖွင့်ဖို့ကြိုးစားခြင်း
စသဖြင့်လုပ်နေသော်လည်း ပြည်သူများက မတရားစစ်အာဏာသိမ်း အုပ်ချုပ်နေသူများကို ဆန့်ကျင်နေဆဲပါ။ မြို့တိုင်း အုပ်ချုပ်ရေးမှုးရုံးများ ပိတ်နေဆဲပါ။ စစ်ကားများလည်း နေ့အချိန်မက ညတိုင်း လူနေအိမ်လမ်းမများမှာ ဖြေးညင်းစွာမောင်းပြ၊ ခြိမ်းခြောက်မောင်းနှင်ပြနေပါတယ်။
.
.
တောင့်ခံထားကြဖို့
.
ပြည်သူများ မြို့ပေါ်မှာ တောင့်ခံပြီး မတရားတဲ့အမိန့်များကို အာဏာဖီဆန်ရပါမယ်။ အထက်ပါ လျပ်စစ် မီတာခတွေ၊ တောင်သူချေးငွေ၊ အခွန်အခများ ပေးစရာမလိုကြောင်း။ ဧည့်စာရင်း တိုင်စရာလဲမလိုပါ။ တိုင်မှ ကြောက်တတ်သူဆိုရင် ပိုပြီး သွားဖြဲခြောက်ပြမှာပါ။ စစ်သားများနဲ့လက်ကိုင်တုတ်များကို တည်ငြိမ်စွာ ရင်ဆိုင်ရင် ဖုန်းယူစစ်တာမျိုး မလုပ်ကြပါဘူး။ CDM လုပ်နေသူများ ဆရာများ၊ ကျန်းမာရေးဝန်ထမ်း ဆရာဝန်များ အလုပ်ပြန်မဝင်ပဲ တောင့်ခံထားကြရပါမယ်။
.
အရေးတော်ပုံ (မုချ)အောင်ရမည်။
.
တောင့်ထားကြဖို့
ကော်ပီလုပ်ပေး၊ရှယ်ပေးကြပါ။
No comments:
Post a Comment