မြန်မာ့အရေးကို
အထူးဆုတောင်းလိုပါတယ်
=================
22.4.2021
ဦးစွာပထမ ဒီပို့စ်ဟာ ပရောဖက်နေဟမိလို အုပ်ချုပ်သူများအကြိုက် တရားဟောသူများကို ဝေဖန်မှာဖြစ်လို့ စစ်အာဏာရှင်များကို ဘာမှမပြောလိုရင် ဆက်မဖတ်စေလိုပါ။ မြန်မာနိုင်ငံ လက်ရှိအခြေအနေဟာ နေဟမိအနာဂါတ်တိ၊ နေဟမိမြည်တမ်းလို အကြီးအကျယ် ပြည်ပစစ်တပ်ကြီးများ လာရောက်တိုက်ခိုက်ခြင်းမခံရသေးပါ။ စစ်တလင်းဖြစ်သွားနိုင်ပါတယ်။ အင်အားကြီးမားလှတဲ့ဘပြည်ပစစ်တပ်များကို လျှော့မတွက်သင့်ပါ။ လာနေပြီ လာနေပြီ ပြောရင် မိမိက ဘယ်ဖက်မှာရပ်တည်သလဲ..ရဲဝံစွာ ရပ်တည်ချက်မှန်ရပါမယ်။
ဓမ္မဆရာတစ်ဦးရဲ့
ဘုရားကိုဗဟိုပြုသောအသက်တာကို ဖတ်ရှုခွန်အားရပါတယ်။ မတရားမှုကို ဘုရားသခင်မနှစ်သက်ပါ ဆိုတဲ့အချက်ကို အဓိကထား ခွန်အားပေးထားတယ်။ လက်ရှိမြန်မာ ွစ်အာဏာသိမ်းခြင်းဟာ မတရားမှုလို့ ခံယူတဲ့အတွက် ကျန်ုပ်သဘောတူတယ်။ နောက်ဓမ္မဆရာတစ်ဦးကတော့ ဘုရားရှင်ထံတိုးဝင်ရင် လုံခြုံတယ်လို့ ခွန်အားပေးတယ်။ စစ်အာဏာသိမ်းမှုဟာ မတရားဘူးလို့မရေးပါဘူး။ ရေးရင် စစ်အာဏာသိမ်း လက်မရွံတပ်များရဲ့ ရန်လိုမှု စိုးရိမ်လို ထင်ပါတယ်။ ၂ဦးစလုံးဟာ စစ်အာဏာသိမ်းမှုကို လက်မခံကြပါ။ သို့သော် ပထမတစ်ဦးက မတရားသူများလို့ ရဲဝံ့စွာ ပရောဖက်ယေယမိကဲ့သို့ ရေးသားပါတယ်။
.
နိုင်ငံရပ်ခြား နေထိုင်သူ (ဒါဝိတ်မင်းရဲ့ ဆာလံကျမ်းများကို အမြဲဖတ်ရှု ဟောကြားနေတဲ့) နာမည်ကျော်ဓမ္မဆရာ ၂ဦးမှာ တစ်ဦးက စစ်အာဏာရှင်ကို မတရားဘူး လုံးဝမပြောမဟောရဲပေမဲ့ နောက်တဦးက ရဲဝံစွာ မတရားတဲ့ စစ်အာဏာသိမ်းမှု လို့ ဟောပြောပါတယ်။ အင်းစိန်မြို့နယ်က နာမည်ကျော် သင်းအုပ်ဆရာတဦး ကတော့ မတရားတယ်၊ တရားတယ် အစိုးရကိုမဝေဖန်ပဲ ပစ်သတ်ဖမ်းဆီးညှင်ပမ်းခံရသူ မြန်မာနိုင်ငံသားများအတွက် ဆုတောင်မတောင်းပေးတာ ကြားရတော့.. အော် ကျန်းမာ၊ချမ်းသာ Prosperity Gospel ဟောကြားသူများဟာ ပြည်သူလူထုကိုမကြည့်၊ မိမိတို့ပဲ အဆင်ပြေရင် ပြီးပြီလို့ အတ္တကြီးမားကြတာ သံဝေဂရပါတယ်။ က္ကုသရေလ လူမျိုးများလို ဓမ္မဟောင်း အားသန်သူများဟာ သူဌေးတွေ၊ အာဏာပိုင်တွေအကြိုက် တရားဟောကြတာ တွေ့ပါတယ်။
.
.
အာရပ်အစ္စရေးပဋိပက္ခ
တခါက ကမ္ဘာကြီးပြားပြီ စာအုပ်ရေးသူ ဂျာနယ်လစ် တဦးက အာရပ်အစ္စရေး နယ်စပ်မှာ အစ္စရေးဖက်က စိမ်းလန်းစိုပြေနေပြီး အာရပ်(ဂိုလန်ကုန်းမြေဖက်) ခြောက်သွေ့ကန္တာရကြီးကို ကြည့်ပြီး အာရပ်နဲ့အစ္စရေး တွေကို အင်တာဗျူးတယ်။ အစ္စရေးတွေက ဘုရားသခင်က သူတို့နင်းတဲ့မြေကို စိမ်းလန်းစိုပြေစေမယ် ဆိုလို့ ကြိုးစားစိုက်ပျိုးရင်း စိမ်းလန်းလာတယ် လို့ဖြေကြတယ်။ အာရပ်တွေကတော့ ဘုရားသခင်က သူတို့နေတဲ့မြေကို သဘာဝအတိုင်းထားရမယ်လို့ ပြောထားတာကြောင့် နဂိုအတိုင်း ကန္တာရအတိုင်း ထားတယ်လို့ ဖြေပါတယ်။ ဘုရားသခင်က ၂ဦးစလုံးကို ကောင်းကြီးပေး လူမျိုးကြီး ဖြစ်စေပါတယ်။
.
.
မြန်မာစစ်အာဏာရှင်များအတွေး
.
သူတို့ (စစ်အာဏာသိမ်းတပ်)က
တိုးတက်၊စိမ်းလန်းစိုပြေနေတာကို မနှစ်သက်ကြတာ အထင်အရှား ဖြစ်တယ်။ မတိုးတက်ချင်ပါ။ တိုးတက်လာရင် မြန်မာဗုဒ္ဓဘာသာ ကွယ်ပျောက်သွားမယ်။ မွတ်စလင်၊ခရစ်ယန်တွေ လွှမ်းမိုးသွားမယ်။ ဗမာအမျိုးအနွယ်တွေ ရော့ပါးလို့ ဗမာယာဥ်ကျေးမှု ပျက်သုန်းမယ်။ ဒါကြောင့် အနောက်နိုင်ငံများ အားပေးတဲ့ ဒီမိုကရေစီကို မလိုလားဘူး။ မ.ဘ.သ အမျိုးဘာသာ ဗမာ၊ဗုဒ္ဓဘာသာ ကို အားပေးပြီး တရုပ်၊ရုရှား နိုင်ငံများအားကိုးတဲ့ အေးချမ်းသာယာတဲ့နိုင်ငံတော် ထူထောင်မယ်လို့ ဝါဒဖြန့်တယ်။
.
.
ယခင် ပို့စ်တခုမှာ အိမ်နီးချင်း ၄နိုင်ငံက စစ်အာဏာသိမ်းများဖက် ဘက်လိုက်နေပြီး၊ အမေရိကန်နဲ့အနောက်အုပ်စုဟာ R2P ဝင်ဖို့ ရုရှား၊တရုတ် ဗီတိုကြောင့် ခက်ခဲနေကြောင်း၊ ဖက်ဒရယ်အာမီ တိုင်းရင်းသားတပ်များ မြို့သိမ်းတိုက်ပွဲ နဲ့ အချိန်ကြာကြာ တိုက်ရမဲ့အခြေအနေ ဆိုရင် အထိခိုက်များမယ်။ R2P ဝင်လာရင် နချို့က အထိခိုက်နည်းမယ်ထင်ကြတယ်။ တချို့က R2P ဝင်လာရင် စစ်တလင်းကြီး ဖြစ်သွားနိုင်တယ် ထင်ကြတယ်။
.
ဒီစာရေးသူ အမြင်ကတော့ နိုင်ငံခြားတပ် ဝေဟင်ကြီးစိုးပြီး ဝင်လာရင် ရုရှားနဲ့တရုတ် အလိုလို ေနာက်ဆုတ်သွားပြီး စစ်အာဏာသိမ်းတပ် ပြိုကွဲသွားမယ်လို့ မြင်ပါတယ်။ တိုင်းရင်းသားတပ်များကို လက်နက်ကောင်းများ ပံ့ပိုးပြီး လေကြောင်းရန်ကာကွယ်ပေးရင်လည်း ဖက်ဒရယ်စစ်တပ် အောင်နိုင်မှာလို့ ယုံကြည်ပါတယ်။
.
မည်သို့ပင်ဖြစ်စေ အာဏာသိမ်းတပ် ပြိုကွဲနေတာ အလွန်ထင်ရှားပါတယ်။ မြေပြင် မြို့ကြီးများမှာ ပစ်သတ်၊လူမဆန်နည်းနဲ့ ငြိမ်ပိအောင် လုပ်ထားပြီး CDM မအောင်မြင်ဖို့ ကြိုးစားနေကြတယ်။ CDM လုံးဝအောင်မြင်အောင်မြင်နေဆဲပါ။.
.
ကျနော်တို့ ပြည်သူများဟာ အစ္စရေးလူမျိုးများလို မြန်မာနိုင်ငံကို စိန်းလန်းစိုပြေလိုပါတယ်။ တောင်ကိုးရီးယားနိုင်ငံလို စိမ်းလန်းကြွယ်လိုတယ်။ မြောက်ကိုးရီးယားလို လုံးဝ(လုံးဝ) မဖြစ်လိုကြပါ။ ဒီစာဖတ်သူကို တိုက်တွန်းလိုပါတယ်။ အရေးကြီးတဲ့ CRPH & NUG အစိုးရ ခေါင်းဆောင်များအတွက် ဘေးကင်းအောင် အမည်နဲ့ ရွတ်ဖတ်ဆုတောင်းပေးကြပါ။ အမေရိကန်၊ အီးယူနဲ့ ကုလသမဂ္ဂ ခေါင်းဆောင်များကို ကျေးဇူးတင်ပြီး ခွန်အားပိုမိုရရှိအောင် တရက်ဖြစ်စေ အစာရှောင်(ဥပုဒ်စောင့်) ဆုတောင်းပေးကြပါ။ ညတိုင် ၈နာရီ မိမိ မိသားစုပဲကားအောင် စားပွဲခေါက်ပြီး အရေးကြီးပြီညီနောင်အပေါင်းတို့ သီချင်း တိုးတိုး သီဆိုကြပါ။ ခရစ်ယန်ဆိုရင် အတူ ဆာလံ ၅၊ ဆာလံ ၁၀ ရွတ်ဖတ်ကြပါ။ ဗုဒ္ဓ ဆိုရင် ဘုရားစာ အတူရွတ်ဖတ်ကြပါ။ အလွတ်မရရင် တယောက်က တိုင်ပေးကြပါ။
ပြည်သူလူထု ဆက်လက်အာဏာဖီဆန် အလုပ်မဆင်း၊ ဧည့်စာရင်းမတိုင်၊ အချင်းချင်းအားပေးပြီး တောင့်ထားကြဖို့ အလွန်အရေးကြီးနေပါတယ်။ အရမ်းကြောက်နေစရာမလို၊ ပုံမှန်တည်ငြိမ်စွာ ရှိကြပါ။ ဆန္နပြသူများ တိမ်းရှောင်နေစဥ် ဆန္နပြစဥ် နောက်ကပါဝင်သူများ ခေါင်းဆောင်နေရာ ဆက်ယူထား၊ လှုပ်ရှားနေကြပါပြီ။ စစ်အာဏာရှင် မြန်မြန် ကျရှုံးဖို့ ပြည်သူတွေ တတ်နိုင်သမျှ တဗိုလ်တက်၊တဗိုလ်ဆင်း ဆက်လက်အာဏာဖီဆန်နေတယ်။ CDM အလုပ်မသွားကြပါ။
.
အရေးတော်ပုံ ..(မုချ) အောင်ရမည်။