GOD's Attitude
- လူမှုရေး.Social (42)
- နိုင်ငံအရေး (40)
- ပညာရေး.Edu (25)
- အဂတိ.Corrupt (11)
- Social လူမှုရေး (10)
- ငြိမ်းချမ်းရေး.Peace (9)
- စီးပွားရေး (8)
- lyc လူရည်ချွန်အဖွဲ့ (6)
- စိုက်ပျိုးရေး Agri (6)
- အင်ဂျင်နီယာ.Engr (4)
- Nay Shwe Thwae Aung (1)
Friday, December 29, 2017
(၂၀၁၈ - ၂၀၁၉) လူရည်ချွန် အလုပ်အမှုဆောင်အဖွဲ့
လူရည်ချွန် (၁၉၆၄ - ၈၈) အဖွဲ့ Kyaw Nyein Aye
~~~~~~~~~~~~~~~~~~
(၂၀၁၈ - ၂၀၁၉) အလုပ်အမှုဆောင်အဖွဲ့၏ အဖွဲ့ဝင်များသို့ #အသိပေးထုတ်ပြန်ချက်(၁)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
၁၆၊ ၁၂၊ ၂၀၁၇ နေ့တွင်ကျင်းပ ခဲ့သော လူရည်ချွန် (၁၉၆၄ - ၈၈) အဖွဲ့၊ နှစ်ပတ်လည်ညီလာခံတွင် အလုပ်အမှုဆောင်အဖွဲ့(၂၀၁၈ - ၁၉) ဖွဲ့စည်းရန် အမှုဆောင်အဖွဲ့ဝင် (၁၅) ဦး ကို ရွေးချယ်တင်မြှောက်ရေးအဖွဲ့က စည်းမျဉ်းစည်းကမ်းများနှင့်အညီ၊ ညီလာခံတက်ရောက်လာသူ အဖွဲ့ဝင် အားလုံး၏ ဆန္ဒမဲပေးရွေးချယ်မှုအရ ရွေးချယ်ပေးခဲ့ပါသည်။
https://www.facebook.com/groups/488712844629020/permalink/937676906399276/
ရွေးချယ်ခံရသော အမှုဆောင်အဖွဲ့ဝင်များ၏ အလုပ် အမှုဆောင်အဖွဲ့ဖွဲ့စည်းရေးအစည်းအဝေးကို ယင်းနေ့ ၁၆: ၃၀ နာရီ တွင် ဆက်လက်ကျင်းပခဲ့ပြီး အောက်ပါအတိုင်း အလုပ်အမှုဆောင်အဖွဲ့ (၂၀၁၈ - ၁၉) ကိုဖွဲ့စည်းခဲ့ပါသည်။
အစည်းအဝေးတွင် ဥက္ကဌ နေရာအတွက်ရွေးချယ်ရာ၌ ဒေါက်တာ ဦးတင်မျိုးဝင်း က မိမိသည် လူရည်ချွန် အဖွဲ့ကြီး၏ ဥက္ကဌအဖြစ် သက်တမ်း ၂ ကြိမ် ( ၄ ) နှစ်ဆက်တိုက်၊ တာဝန်ယူထမ်းဆောင်ပေးခဲ့ပြီးဖြစ်သလို၊ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ကော်မရှင်၊ ဥက္ကဌ အဖြစ် ကြီးလေးသောတာဝန်များကိုလည်းထမ်းဆောင်နေရသည် ဖြစ်ရာယခုတတိယအကြိမ် အလုပ်အမှုဆောင်အဖွဲ့တွင် ဥက္ကဌ တာဝန်ကိုထမ်းဆောင်ခြင်းမပြုတော့ဟု ဆန္ဒပြု လာခဲ့ပါသည်။
အလုပ်အမှုဆောင်အဖွဲ့ဝင်များက ဥက္ကဌတာဝန်မှအနားယူသွားသူ ဒေါက်တာဦးတင်မျိုးဝင်းကို၊ အဖွဲ့ နာယကအဖြစ်ဆက်လက်တာဝန်ယူပေးပြီး လိုအပ်ချိန်များတွင် အကြံဉာဏ်ပေး၊ လမ်းညွှန်ပေးပါရန် မေတ္တာရပ်ခံကြသဖြင့် လူရည်ချွန် (၁၉၆၄ - ၈၈) အဖွဲ့၏နာယကအဖြစ် တညီ တညွတ်တည်းတင်မြှောက်ခဲ့ကြပါသည်။
ဆက်လက်ပြီးတာဝန်ခွဲဝေထမ်းဆောင်ကြရန်အမှုဆောင်အဖွဲ့ဝင်များက ဒီမိုကရေစီနည်းကျကျ ပွင့်လင်းမြင်သာဆန္ဒပြုမှုနှင့် မဲပေးရွေးချယ်ခဲ့ကြပြီး အောက်ပါအတိုင်း အလုပ်အမှုဆောင်အဖွဲ့ကို တာဝန်ခွဲဝေဖွဲ့စည်းခဲ့ကြပါသည်။
နာယက = ဒေါက်တာဦးတင်မျိုးဝင်း
ဥက္ကဌ = ဒေါက်တာအောင်ဇော်မျိုး
ဒုဥက္ကဌ = ဒေါက်တာတင့်တင့်ကြည်
အတွင်းရေးမှူး = ဒေါက်တာနေဦး
တွဲဘက်အတွင်းရေးမှူး = ဒေါက်တာကျော်စိုးလင်း
ဘဏ္ဍာရေးမှူး = ဒေါက်တာမျိုးမျိုး
တွဲဘက်ဘဏ္ဍာရေးမှူး = ဒေါ်မေနွယ်ဦး
စာရင်းစစ် = ဦးစိုးရင်
အလုပ်အမှုဆောင်အဖွဲ့ဝင်များ
ဦးခင်မောင်ကြည်
ဦးကျော်ဌေး
ဒေါ်ညွန့်ယဉ်ဝင်း
ဒေါ်နန်းမွန်ခမ်းအောင်
ဒေါက်တာခင်မောင်ထွေး
ဦးဝင်းအောင်
ဒေါက်တာကျော်ငြိမ်းအေး (ပြန်ကြားရေးတာဝန်)
×××××××
#LYCannouncements
.
.
.
. . . . . . . .
M Zaw Aung
၂၆၃ဦး မဲပေးပါတယ်။ ၃၈ဦးထဲက ၁၅ဦးကို အမှန်ခြစ်တော့ ပယ်မဲ၎ခု . ၁၅ဦးကို အက်ခရာအစဉ်လိုက်ကြေငြာပါတယ်။
.
ဒေါက်တာကျော်ငြိမ်းအေး
ဒေါက်တာကျော်စိုးလင်း
ဦးကျော်ဌေး
ဦးခင်မောင်ကြည်
ဒေါက်တာခင်မောင်ထွေး
ဦးစိုးရင်
ဒေါ်ညွန်ရင်ဝင်း
ဒေါက်တာတင်မျိုးဝင်း
ဒေါက်တာတင့်တင့်ကြည်
ဒေါက်တာနေဦး
နန်မွန်ခမ်းအောင်
ဒေါ်မေနွယ်ဦး
ဒေါက်တာမျိုးမျိုး
ဦးဝင်းအောင်
ဒေါက်တာအောင်ဇော်မျိုး . .
.
ဆရာဝန်များပဲ လုပ်နိုင်တဲ့သဘောပါ . အင်ဂျင်နီယာများ လူမှုရေး လိုပါသေးတယ်။
လူရည်ချွန် ၅ထောင်မှာ စာရင်းရှိ ၁ထောင်ကျော်. .လာရောက်မဲပေးသူ ၂၆၃ဦး.. ၇တန်း ကနေ ၁၀တန်းအထိက လူရည်ချွန်အများစုဟာ ဆရာဝန်များဖြစ်နိုင်ပေမဲ့ ပထမနှစ်ကစတ္ထုထနှစ်ထိ တက္ကသိုလ်ကောလိပ်များကတော့ ဆရာဝန် ၅ရာနှုန်းမရှိပါ။ ခြုံကြည့်ရင် ဆရာဝန်သြဇာများတဲ့ အဖွဲ့အစည်းဖြစ်ပြီး တ၀က်နီးပါး ၂၅၀၀ လောက်က ပညာတတ်ဦးစားပေးတဲ့ ပြည်ပရောက်နေမယ် ခန့်မှန်း ပါတယ်။ အခုတော့ မြန်မာပြည်လဲ ပညာတတ် ဦးစားပေးလာပါပြီ။ ကျနော်ကတော့ တတိယအရွယ်ရောက်တော့ ဘုရားပညာက ပိုငြိမ်းချမ်းတယ်။
.
ဧည့်ကြိုခြင်း မဲရေတွက်ခြင်း .ပြင်ဆင်ကြွေးမွေး အခမဲ့.လုပ်ပေးတဲ့. .ရွေးကောက်ပွဲကော်မရှင် ၇ဦး. .. လုပ်အားပေး များစွာကို အရမ်း ကျေးဇူးတင်ပါတယ်။ . ထမင်းစားပြီး မဲနိုင်ကြေငြာချိန် လူ ၃ပုံ၁ပုံပဲကျန်တော့တယ်။ ပွင့်လင်းမြင်သာဆုံး ပြောရမယ်။ အရင်၂ကြိမ်က လူမရှိလို့ လာတဲ့လူ ရွေးခံရတယ်။ အခုတော့ ရွေးကောက်ပွဲနဲ့ ဘာနဲ့ အဆင့်မြင့်လာပါတယ်။ မဲအရေအတွက်ကိုလဲ မကြေညာသော်လဲ. . ရပါတယ်ပေါ့နော်။
.
နေ့ခင်း လာသူများကို ကြက်ဆီထမင်း အခမဲ့ကြွေးတယ်။ စာအုပ်များစွာ အခမဲ့ပေးတယ်။ ပညာချွန်သူများ အုပ်စုပါ။ ညနေ ၁သောင်းခွဲတန် ဒင်နာရှိပါတယ်။
.
တကယ်ပဲဘက်စုံထူးချွန် ပိုပြီး နိုင်ငံအကျိုးပြုနိုင်ပါစေ။
Labels:
ပညာရေး.Edu,
လူမှုရေး.Social
Subscribe to:
Post Comments (Atom)
No comments:
Post a Comment