Tin Tun Aung added 5 new photos — with Tin Lay.
သတိ ပင်လယ်စာ တရုတ်အကင် မစားကြနဲ့
တာဝန်သိနိုင်ငံသားတစ်ယောက်အနေဖြင့် အားလုံးသိရှိကာကွယ်နိုင်ဖို့
အမြန် Share ပေးကြပါ ..
____________________________________
စာရေးသူသည် ၁၉.၁၁.၂၀၁၄ ရက်နေ့က
တရုတ်နိုင်ငံနယ်စပ် ရွှေလီမြို့သို့
အလည်အပတ်ရောက်ခဲ့ပါသည်။
ရွှေလီမြို့ရှိအကင်ဆိုင်သို့မိတ်ဆွေတဦးက
ခေါ်၍လိုက်စားဖြစ်ပြီး မထင်မှတ်ပဲ
သတင်းထူးတခု ကို ရခဲ့သဖြင့်မြန်မာနိုင်ငံသားများအတွက်
များစွာစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

စာရေးသူက အစကတော့မရေးဘူးဆိုပြီး
စိတ်ကူးထားခဲ့ပေမယ့် မြန်မာပြည်သူများရဲ့
အသက်ကိုထောက်ပြီး မရေးချင်ပေမယ့်
ရေးခဲ့ရပါတယ် ။
စိတ်ကူးထားခဲ့ပေမယ့် မြန်မာပြည်သူများရဲ့
အသက်ကိုထောက်ပြီး မရေးချင်ပေမယ့်
ရေးခဲ့ရပါတယ် ။
ထိုနေ့က အကင်ဆိုင်တွင် လှလှပပ
ထုတ်ပိုးထားသော စားချင်စဖွယ်အသားချောင်းများ
အသားလုံးများ ၊ ကြက်အူချောင်းများကို
ပြသထားပြီး စတီးဗန်းများပေါ်တွင်
ဖောက်၍ခင်းကျင်းထားတာကို တွေ့ရပါတယ်။
စာရေးသူကလည်း စားချင်တာကို ခြင်းလေးထဲထည့်ပြီး ကင်ဖို့၊ကြော်ဖို့ပေးလိုက်ပါတယ်။

စားရန်အစားအသောက်မလာသေးခင်
စောင့်ဆိုင်းရင်း မိတ်ဆွေဖြစ်သူနှင့်
စကားစမြည်ပြောနေတုန်းတွင် တရုတ်အမျိုးသမီးတဦးမှ
တရုတ်ရဲများကိုခေါ်လာပြီး အကင်ရောင်းသူ
ဆိုင်ပိုင်ရှင်အား လက်ညိုးတထိုးထိုးဖြင့်
ရဲများကို တရုတ်လိုအော်ပြီးပြောနေရာ
တရုတ်ရဲများက ဆိုင်ရှင်အား လက်ထိပ်ခတ်ပြီး
ဆိုင်အတွင်းထဲသို့တရွတ်တိုက်ခေါ်သွားတာကို
တွေ့လိုက်ရပါတယ်။
စာရေးသူကလည်းတရုတ်စကားနားမလည်သော်လည်း
စပ်စုချင်စိတ်ကြောင့် မသိမသာ အကဲခတ်၍
ကြည့်မိရာ ဆိုင်အတွင်းထဲတွင် ဓါတ်ပုံရိုက်
မှတ်တမ်းယူပြီး ရှာဖွေပုံစံဖြင့် ပစ္စည်းတချို့ကို
သိမ်းဆည်းနေတာတွေ့လိုက်ရတော့
သေချာကြည့်မိရာ စားရေးသူမှာထားသော
အကင်များကို ပက်ကင်လှလှထုတ်ပိုးထားသည့်
အသားကင် ၊ အသားချောင်းများ
ဖြစ်နေတာကိုတွေ့ရှိလိုက်ရပါတယ်။

ထိုအချိန်တွင် တရုတ်ရဲများက စားရေးသူရှိသည့်ဖက်ကို
လာပြီး တရုတ်လိုပြောနေရာ ကိုယ်ကလဲ
ဘာမှမသိသဖြင့် တရုတ်စကားတတ်သူ
မိတ်ဆွေမှ စာရေးသူအား
ဘုန်းဘုန်း ပြန်ကြစို့ တရုတ်ရဲကပြောနေတာ
ဆိုင်ပိတ်သွားပြီ ပြန်ကြတော့ လို့
ပြောနေတာဟု ပြောသဖြင့်
စာရေးသူမှ မစားမသောက်ပဲ ပြန်လာခဲ့ရပါတယ်။
လာပြီး တရုတ်လိုပြောနေရာ ကိုယ်ကလဲ
ဘာမှမသိသဖြင့် တရုတ်စကားတတ်သူ
မိတ်ဆွေမှ စာရေးသူအား
ဘုန်းဘုန်း ပြန်ကြစို့ တရုတ်ရဲကပြောနေတာ
ဆိုင်ပိတ်သွားပြီ ပြန်ကြတော့ လို့
ပြောနေတာဟု ပြောသဖြင့်
စာရေးသူမှ မစားမသောက်ပဲ ပြန်လာခဲ့ရပါတယ်။
ဒါနဲ့ပဲ မိတ်ဆွေဖြစ်သူက တခြားဆိုင်ကို
သွားစားမယ်ဆိုပြီး မြန်မာပြည်ကလာရောင်းသော
ရှမ်းထမင်းဆိုင်သို့ ရောက်ရှိခဲ့ရပါတယ်။
အကင်စားချင်တဲ့စိတ်ကြောင့် ဘဝင်မကျသော်လည်း
ကျွေးသူကိုအားနာပြီး ဘူဖေးပုံစံ
ခင်းကျင်းထားသော ဟင်းများကို
လိုချင်တာထည့်ပြီး မစားချင် စားချင်ဖြင့်
စားနေမိရပါတော့တယ်
သိုသော်လည်း မျက်စိထဲမှာကတော့
စားချင်စဖွယ် ပက်ကင်ထုတ်လှလှလေးကိုသာ
မြင်နေမိတော့ စားရတာစိတ်မပါလှပါဘူး ။

ဒါကိုသတိထားမိဟန်တူတဲ့ဆိုင်ရှင်ခပ်သန့်သန့်
ရှမ်းအမျိုးသားကြီးက ထမင်းဝိုင်းရောက်လာပြီး
ဘုန်းဘုန်း စားရတာအဆင်မပြေရင်ပြောဆိုပြီး
ဧည့်ဝတ်ကျေပြွန်စွာလာပြီးမေးတော့
စာရေးသူကလည်း ဖြစ်ပျက်ခဲ့တာကို
မခံမချိပြောပြလိုက်ရပါတော့တယ် ။

ဆိုင်ရှင်ကြီးရဲ့မျက်နှာမှာတော့ ပြုံးပြုံး ပြုံးပြုံး နဲ့
စာရေးသူကို မသိနားမလည်တဲ့ကလေးတယောက်က
ရှင်းပြနေတဲ့ပုံစံကို နားလည်ပေးတဲ့ အကြည့်နဲ့
ပြုံးပြုံးကြီး ကြည့်နေတော့တာပါပဲ. . . .

စာရေးသူလဲ ပြောလို့ပြီးသွားတဲ့အချိန်ကြမှ
ဆိုင်ရှင်ရှမ်းအမျိုးသားကြီးက
ဘုန်းဘုန်ဘုရား ခဏလေးစောင့်ပါ
တပည့်တော် ပြစရာရှိတာလေး ပြချင်လို့ပါဆိုပြီး
ထမင်းဆိုင်ရဲ့အပေါ်ထပ်ကို တက်သွားပါတော့တယ် . .။

သူပြန်ဆင်းလာတော့ လက်ထဲမှာ
တရုတ်သတင်းစာတစောင်နဲ့ Laptopကြီးကို
ကိုင်ပြီးဆင်းလာပြီး စာရေးသူရဲ့ဘေးကို ကျကျနနထိုင်လို့
စိတ်ရှည်လက်ရှည်အချိန်ပေးပြီး စာရေးသူကို
ဓါတ်ပုံတွေ တရုတ်သတင်းစာတွေကို
ပြသပြီး မြန်မာတမျိုးသားလုံးအတွက်
အရေးကြီးတဲ့ ဗဟုသုတကို ဘာသာပြန်
ပေးပါတော့တယ်ကွယ် ။

၂၀၃၀ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌
ရေရှားပါးမှုပြဿနာကို အကြီးအကျယ်ကြုံတွေ့နိုင်ပြီး
သဘာဝအရင်းအမြစ်များရှာဖွေရေးဌာနမှ ၂၀၀၂ခုနှစ်
စာရင်းဇယားတွင်ဖော်ပြခဲ့ပါသည်။
ထိုပြဿနာများကိုဖြေရှင်းရန်အတွက် အိမ်နီးချင်း
မြန်မာနိုင်ငံမှခေါင်းဆောင်များဖြင့်တွေ့ဆုံပြီး
လျှိုဝှက်စီမံကိန်းအဖြစ် မြစ်ဆုံရေကာတာစီမံကိန်းအဖြစ်
ရင်းနှီးမြူပ်နှံခဲ့ကြောင်း အစိုးရအစီရင်ခံစာတွင်ဖော်ပြထား
ခဲ့သည်။

မြန်မာနိုင်ငံကို ပြည်သိမ်းစီမံကိန်းအဖြစ်
အစားအသောက် အသုံးအဆောင် အစီးအနင်းများကို
ဈေးပေါပေါဖြင့် ဈေးကွက်ကိုထိုးဖောက်နေရာယူပြီး
မြန်မာလူမျိုးများအကြိုက် ဆွဲဆောင်နိုင်ဖို့
တရုတ်အစိုးရမှ တရုတ်ကုန်ထုတ်လုပ်သူ လုပ်ငန်းရှင်များအား
Plan ချမှတ်ပြီးချုပ်ကိုင်ဆောင်ရွက်ခဲ့ကြပါတယ်။

ဆိုင်ကယ်ထုတ်လုပ်စက်ရုံများတွင် မြန်မာပြည်အတွက်
သီးသန့်ထုတ်လုပ်သည့်စက်ရုံနှင့် တရုတ်ပြည်အတွက်
သီးသန့်ထုတ်လုပ်သည့်စက်ရုံးဟုပြီး ခွဲခြားထားသလို
အစားအသောက်များကိုလဲ မြန်မာပြည်စားသုံးရန်နှင့်
တရုတ်ပြည်သားများစားသုံးရန်ဆိုပြီး သတ်မှတ်ခွဲခြား
ရောင်းချနိုင်ရန် စနစ်တကျစီမံခဲ့ကြောင်းတရုတ်ပြည်သို့
ရောက်ဖူးသူတိုင်းသိရှိကြမည်ဖြစ်ပါသည်။

မြန်မာပြည်သို့တင်ပို့သောဆိုင်ကယ်များမှာလဲ
ကြံ့ခိုင်မှုမရှိသလို အသက်အန္တရာယ်ကိုလဲစိတ်ချစွာ
မောင်းနှင်နိုင်သည့် အာမခံချက်မရှိပါ ။
ထိုဆိုင်ကယ်များကို တရုတ်ပြည်တွင်စီးနင်းမောင်းနှင်ခွင့်
မပေးသလို တရုတ်နိုင်ငံသားများအား ရောင်းမိပါက
ထိရောက်စွာအရေးယူကြောင်းဥပဒေထုတ်ပြန်ထားပါသည်။

စားသောက်စရာများကိုလဲ အထက်ပါအတိုင်းချုပ်ကိုင်ထားပြီး
မြန်မာပြည်အတွက်သီးသန့်ဟု၍ သတ်မှတ်ထားပါသည်။
အထူးသဖြင့် အကင်များ ၊ အသားလုံးများ
ကြက်အူချောင်းများကို အထူးစီမံပြီးမြန်မာနိုင်ငံအတွက်
သီးသန့်ဈေးပေါပေါဖြင့်လွယ်ကူစွာရောင်းချ စားသုံးနိုင်ရန်
အထုတ်အပိုး လှလှပပဖြင့်ဆွဲဆောင်ထားပါသည်။

တရုတ်နိုင်ငံတွင် ထိုအစားအသောက်များကို
စားသောက်ရောင်းချခွင့်လုံးဝမရှိပါ အဘယ်ကြောင့်ဆိုသော်
ထိုအစားအသောက်တွင် Saraparitic ဟုခေါ်သော
ဓါတ်တမျိုးပါဝင်ပြီး စာသုံးမိသူများသည်
အမျိုးသားဖြစ်ပါက ပန်းသေစေနိုင်ယုံမက
ဘိန်းစားများဆေးစွဲသလို အလုပ်လုပ်ကိုင်စိတ်
ပျောက်ဆုံး၍ ထုံထိုင်းမှိုင်ငေးမိန့်မောစေနိုင်သလို
အမျိုးသမီးများစားသုံးပါက နို့အကြိတ်ကင်ဆာဖြစ်စေပြီး
သာအိမ်ရှုံ့၍ ကလေးမျိုးဆက်ကို ပျက်ဆီးစေနိုင်ကြောင်း
ကုလသမဂ္ဂ W.H.O အစီရင်ခံစာမှာ ဖော်ပြထားပါသည်။
ကလေးသူငယ်များစားသုံးမိပါက အနာဂတ်အတွက်
မျိုးဆက်ပြတ်တောက်၍ လူမျိုးတုန်းရန် ၁၀၀%
သေချာသွားပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏လူသားအရင်းအမြစ်ကို ဘာမဟုတ်သည့်
အစားအသောက်မှ စနစ်တကျစီမံကိန်းရေးဆွဲထားသည်မှာ
မျက်လုံးပြူးဖွယ်ရာတွေ့ရှိရပါတော်သည်။

ထိုစီမံကိန်းသည် "ပြည်သိမ်းစီမံကိန်း"သာဖြစ်ကြောင်း
ရုရှားနိုင်ငံမှ ထောက်လှမ်းရေးအဖွဲ့က တွေ့ရှိခဲ့သည်ဟု
ရုရှားသတင်းဌာနမှ လျှိဝှက်ထုတ်ပြန်ထားပါသည်။

ရုရှားဟက်ကာများ၏ဖော်ထုတ်ချက်အရ
၂၀၃၀ခုနှစ်တွင် မြန်မာနိုင်ငံ၏မြေပုံသည်
အထက်မြန်မာပြည်တခုလုံး တရုတ်ပြည်အတွင်းသို့
ရောက်ရှိနေကြောင်း ရုရှားဟက်ကာများလက်သို့
မြေပုံဇယားအချက်အလက်တချို့ရောက်ရှိခဲ့၍
အဆိုပါသတင်းအချက်အလက်ကို သိရှိခဲ့ရပါသည်။

ထိုကြောင့် မြန်မာပြည်သားများအနေဖြင့်
တရုတ်ထုတ်စားသောက်ဖွယ်ရာများကို
အသိတရားရှိရှိဖြင့် ချင့်ချိန်သုံးစွဲစားသောက်ရန်
အထူးသတိပေးလိုက်ရပါတော့သည်။

ဘိန်းစစ်ပွဲကြောင့် နိုင်ငံအသိမ်းခံရသည့်သမိုင်းကို
နမူနာယူပြီး အစားအသောက်တခုကြောင့်
မြန်မာနိုင်ငံ၏မြေပုံကို ပြောင်းလဲသွားအောင်
မပြုလုပ်စေလိုပါက အများသိအောင်
ဖြန့်ဝေပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။
__________________________________________
စာရေးသူ ။ ။ အရှင်ဇဝန (သရက်တပင် တောရကျောင်း)

credit:အလင်း ရှင် နှစ်ကိုယ်ခွဲ
အချိုမှုန့်၊ အသားမှုန့်၊ ဓါတု အရသာနဲ့ မုန့်ဟင်းခါး ....
မြန်မာနိုင်ငံက စားအုန်းဆီကို ဓါတုဆေးနဲ့ မြေပဲဆီအနံ့ရအောင်၊ ကြည်လင်နေအောင်လုပ်ပြီး မြေပဲဆီအတုတွေ မဖမ်းဆီး၊ လွှတ်ထားတယ်။ ဖော်မလင် (ကြာရှည်ခံဆေး) တွေကို မုံဟင်း၊ ခေါက်ဆွဲဖတ်၊ တိုဟူး၊ ပဲပြား တွေမှာ FDA စစ်ဆေး တွေ့ရလဲ မဖမ်းဆီးနိုင် ဖြစ်နေတယ်။ မွေးမြူရေး ကြက်ဝက်တွေလဲ ဘယ်လိုတိရိစ္ဆာန်အစာတွေ ကြွေးထားလဲမသိ၊ တရုပ်ပြည်ကလာတဲ့ မျိုးစေတွေနဲ့ ဓါတ်မြေသြဇာသုံးပြီး ဟင်းသီးရွက်တွေ အကြီးကြီးတွေလဲ စားဖို့စိတ်ပျက်စရာ ဖြစ်နေပါတယ်။ ဒါတွေ ၀ယ်မစားဘူး ဆိုပေမဲ့ အပြင်စားစရာ၊ ထမင်းဟင်းတွေ ၀ယ်စားမိရင်တော့ အဲဒီ ဓါတုအစာတွေနဲ့ မိသွားမှာပဲ။

ဓါတုအစားသောက်တွေက ပြေးလို့လွတ်နိုင်သမျှ လွတ်နည်းကတော့ မိမိဖာသာဈေးဝယ် မိမိဖာသာချက်စားတဲ့ နည်းလမ်းပဲ ရှိပါတယ်။
.
.
အချိုမှုန့် (အာဂျီနိုမိုတို)
ဆောင်းပါး တစ်ခုဖတ်ဖူးတယ်။ နိုင်ငံခြားပြန်တစ်ယောက် ရန်ကုန်က သူ့မိတ်ဆွေကို အချိုမှုန့်မသုံးပဲ ငါးကောင်းကောင်းသုံးပြီး မုန့်ဟင်းခါးဆိုင် ရင်းနှီးပေးပြီး ဖွင့်တယ်။ သန့်ရှင်းစွာရောင်းတော့ ပထမတစ်ပါတ် လူတွေအများကြီး၊ ဆိုင်သစ်ဆိုတော့ အားပေးကြတယ်။ သူလဲ ခရီးထွက်သွားပြီး ၂လလောက်အကြာ ရန်ကုန်ပြန်ရောက်တော့ အဲဒီ မုန့်ဟင်းခါးဆိုင် ရပ်ထားတာတွေ့တယ်။ မေးကြည့်တယ်။
.
မြန်မာတွေပါးစပ်က ဟင်းချိုမှုန့် စွဲနေပြီ။ မုံ့ဟင်းခါးက သူတို့လျှာနဲ့ အရသာမရှိလို့ လာမစားတော့ဘူး။ နောက်ပိုင်း အချိုမှုန့် ထည့်ရောင်းလဲ မိတ်ပျက်သွားတော့ ..ဆိုင်ပဲ ပိတ်လိုက်ရတယ်..လို့ပြောတယ်။
.
.
.
အချိုမှုန့်မသုံးဘူး၊ အသားမှုန့်ပဲသုံးတယ်
ဒီလိုပြောတဲ့ အမျိုးသမီးကိုတွေ့လို့ ..ဟာ..ဒါမှ ပိုဆိုးတယ်။ အသားမှုန့်ဆိုတဲ့ ကြက်သားမှုန့်က ကြက်ကလီစာ၊ အရိုးတွေအထိ ညက်နေအောင်ကြိတ်ထားပြီး အချိုမှုန့်တွေပါ ထည့်ထားတာပဲ။ ပြီးတော့ ဓါတုဆေးတွေလဲ လျှာကို စွဲအောင် အနံ့၊ အရောင်အဆင်းတွေ ထည့်ထားတော့ လူကြိုက်များတာပေါ့ ..လို့ ပြောလိုက်မိတယ်။ မပြောချင်ပါဘူး။ ပြောလဲ ကြက်သားမှုန့်စွဲနေတာကို ပြက်နိုင်မှာမဟုတ်ပါဘူး။
.
.
နောက်ဆုံးတော့ မြန်မာနိုင်ငံက အစားအသောက်တွေမှာ ဓါတု ဆိုးဆေး၊ ကြာကြခံဆေး၊ အနံ့ရသာကောင်းဆေး၊ တိရိစ္ဆာန်အစာတွေလဲ မြန်မြန်ကြီးတဲ့ဆေးတွေ ပါသလားလို့ သံသယဖြစ်စရာပါ။
.
.
.
အော်ဂဲနစ်မြန်မာအစားအစာများ
.
ကမ္ဘာမှာ ဓါတ်မြေသြဇာ မသုံးပဲ သဘာဝမြေသြဇာသုံးတဲ့ ဆန်၊ ပဲ၊ စိုက်ပျိုးသီးနှံတွေနဲ့ အဲဒါတွေကိုပဲ ကြွေးပြီး အားဖြည့်အန္တာရယ်ကင်းတဲ့ ဓါတုဆေး တိရိစ္ဆာန်အစာသုံးတဲ့ ကြက်၊၀က်၊ ငါး မွေးမြူရေးလုပ်ငန်းများစွာ မြန်မာနိုင်ငံမှာ ရှိနေကြောင်း စိုက်ပျိုးမွေးမြူ ပညာရှင်များထံက သိရပါတယ်။

မြန်မာနိုင်ငံ ရေမြေ၊ မြစ်ချောင်းအင်းအိုင်များက စိုက်ပျိုးရေးအတွက် အလွန်ကောင်းသလို၊ တိရိစ္ဆာန်မွေးမြူရေးအတွက်လည်း အလွန်ကောင်းပါတယ်။ ဒါဟာ သဘာဝပေးထားတဲ့ သံယံဇာတပါ။ အထူးသဖြင့် ဧရာဝတီ ဖြစ်ဝကျွန်းပေါ်ဒေသ ဆိုတာ ဟိုး ရှေးကတည်းက ဆန်းအိုးလို့ ခေါ်ကြပြီ၊ အခုခေတ်မှာ ကြက်ဘဲ၊ ၀က်၊ ငါး၊ ပုဇွန်၊ ဂဏန်း မွေးမြူရေးတွေလဲ စနစ်တကျလုပ်ရင် များစွာ အောင်မြင်ပါတယ်။ မြန်မာပြည်အလယ်ပိုင်း မြစ်များ၊ ရှမ်းကုန်းမြေမြင့် စတဲ့မြေနေရာတွေလဲ စိုက်ပျိုးရေး ကောင်းတဲ့ မြေများဖြစ်ပါတယ်။
.
အော်ဂဲနစ် သစ်သီးဝလံများက သဘာဝမြေသြဇာ Compost ကိုအသုံးပြုပါတယ်။ Compost သဘာဝမြေသြဇာကို မြန်မာတောင်သူလယ်သမားများ မိမိဖာသာ အလွယ်တကူ လုပ်နိုင်ပါတယ်။ ၀ယ်သုံးရင် ဈေးကြီးပါတယ်။ အစ္စရေးနိုင်ငံက ကမ္ဘာ့  ဒုတိယအများဆုံး အော်ဂဲနစ် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များကို အနောက်နိုင်ငံများထံ တင်ပို့နေပါတယ်။ ဈေးလဲ အင်မတန်ကြီးလှပါတယ်။ သာမန် သီးနှံများထက် ၅ဆလောက်အထိ ဈေးကြီးပေမဲ့ ၀ယ်စားကြပါတယ်။
.
.
မြန်မာ့စိုက်ပျိုးမွေးမြူရေး အော်ဂဲနစ်စနစ်သို့
.
အခုမှ ပြုပြင်ပြောင်းလဲရေး စတင်တဲ့ မြန်မာနိုင်ငံမှာ တရုပ်ပြည်က ဓါတ်မြေသြဇာ နဲ့ ဓါတုပစ္စည်းများကို အမြန်ဆုံးတားမြစ်နိုင်ဖို့ မြန်မာအစိုးရက ကြိုးစားလုပ်ကိုင်နေပါတယ်။ ၀ိသမ လောဘသမားများ အထူးသဖြင့် စီးပွားရေးမှာ တရားမျှတမှု မရှိတာကြောင့် တောင်သူလယ်သမားအများစုဟာ ဆင်းရဲတွင်းက မထွက်နိုင်ပဲ ဖြစ်နေပါတယ်။
.
အင်အယ်ဒီ အစိုးရသစ်ရဲ့ စီးပွားရေးပေါ်လစီမှာလဲ လယ်ယာစိုက်ပျိုးရေး ဦးစားပေးမယ် ဆိုပေမဲ့ ..ရိတ်သိမ်းချိန်လွန် နည်းပညာကို နိုင်ငံတော်က လုပ်မပေးနိုင်ပါဘူ။ စိုက်ပျိုးစရိတ်ချေးငွေ တွေလဲ အလဟသ ဖြုန်းတီးစေပါတယ်။ လယ်သမားများ ငွေမကိုင်တွယ်တတ်ခြင်း၊ စိုက်ပျိုးနည်းပညာများ၊ လယ်ယာသုံးပစ္စည်းများ၊ မျိုးစေ့၊ မြေသြဇာ၊ ပိုးသတ်ဆေး များအပြင် သိုလှောင်ရေးများကို အမြက်ကြီးစားနေတဲ့ ပွဲစားများနဲ့ အကျင့်ပျက် စိုက်ပျိုးရေးဝန်ထမ်းတစ်ချို့ကြောင့် ခေတ်အဆက်ဆက် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း နိုမ့်ကျနေပါတယ်။
.
.
အစိုးရ FDA အရေးယူမှုများ
.
အရေးထဲ အခုလို ပြုပြင်ပြောင်းလဲရေးကာလမှာ တရုပ်ပြည်မှာ တရုပ်အစိုးရက ဖမ်းဆီး၊ ထောင်ချတဲ့ ဓါတု စားသောက်ကုန်များ တိရိစ္ဆာန် အစာများ၊ မြန်မာပြည်ဖက်ကို ဒလဟော ၀င်ရောက်လာတာ လည်း မတားမြစ်နိုင်၊ အရေးမယူနိုင် ဖြစ်နေပါတယ်။ အခုတော့ မြန်မာအစိုးရလည်း စားသောက်ကုန် FDA စစ်ဆေးမှုကို မြို့ကြီးများမှာ လုပ်ဆောင်လာပြီဖြစ်ပါတယ်။ အရေးယူမှု မလုပ်နိုင်သေးပေမဲ့ မကြာခင် အရေးယူ၊ ဖမ်းဆီး၊ ကြီးလေးစွာ ဒဏ်ငွေ ချမှတ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။
.
ဇော်အောင်
၁၅.အောက်တိုဘာ.၂၀၁ရ
.
.
Ref:
မြန်မာစိုက်ပျိုးမွေးမြူရေး eBook (Link)

https://www.slideshare.net/myanmarjobstudent/mdgmilkagruculturericerural-development1
No comments:
Post a Comment