ပြည်တော်ပြန်ခရီး အ
ဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့ (NCUBG) ဝန်ကြီးချုပ်ဟောင်းဒေါက်တာစိန်ဝင်း-မိသားစုသည် နှစ်ပေါင်း ၂၉နှစ်ကြာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အမိမြေ သို့ မြန်မာနိုင်ငံသားအဖြစ် ပြည်တော် ပြန်ဝင်လာပြီး နေအိမ် သို့ ယနေ့ မနက်တွင် ချောမွေ့စွာ ပြန်လည် ရောက် ရှိနေပြီ ဖြစ်ပါသည်။
ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သည် မြန်မာ့နိုင်ငံရေးအခြေအနေ များကြောင့် ၁၉၉၀ခု နှစ် တွင် မြန်မာ နိုင်ငံမှမဖြစ်မနေအခြေအနေများဖြင့် ထွက်ခွာ ခဲ့ပြီး အမေရိက တွင် ယခင် အာဏာရှင် အစိုးရ နှင့်အပြိုင် စင်ပြိုင်အစိုးရ အဖွဲ့ ဖွဲ့ စည်းခဲ့ ပြီး နောက် အမေရိကန်နို်င်ငံ တွင် ကာလ ရှည်ကြာ အခြေချ နေထိုင်ခဲ့ ရပြီး ၂၀၁၅ခုနှစ် ပြီးနောက်မှာလဲ မြန်မာပြည်သို့ ပြန်လာရန်ကြိုးပမ်း ခဲ့သော်လည်း အကြောင်းအမျိုးမျိုးဖြင့် ပြည်တော်ပြန်ရန် ကြန့်ကြာနေခဲ့ရပြီး ယခု အခါ နှစ်ပေါင်း ၂၉နှစ်အကြာ တွင် ပထမ ဆုံးအကြိမ် အဖြစ် အမိမြေ သို့ ဇနီးသည် ဒေါ်စီစီ သားငယ် ပြည်လရောင် စိန်ဝင်း တို့ ဖြင့် မြန်မာပြည်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဒေါက်တာစိန်ဝင်းသည် ကွယ်လွန်သူ အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သားဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ တူ တော်စပ်သူဖြစ် ကာ နိုင်ငံတော် အတို်င်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အကို တစ်ဝမ်းကွဲ တော်စပ်သူ ဖြစ်သည်။
ပြည်ပ တွင် ဒေါက်တာ ဘွဲ့ ရရှိခဲ့ ပြီး ကမ္ဘာာ့နိုင်ငံပေါင်းများစွာ၏နိုင်ငံတကာ အတွေ့ အကြုံ များစွာ ရှိသော ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းသည် အမေရိကတွင် အခြေ ချ နေထိုင်ခဲ့သော်လည်း နှစ်ပေါင်း ၂၉နှစ်လုံးလုံး အမေရိကန် နိုင်ငံသား ခံယူခဲ့ခြင်း လုံး ဝ မရှိဘဲ မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေး လုပ်ငန်း စဉ်များတွင် ပညာဖြင့်တစ်ထောင့်တစ်နေရာ မှ ပြန်လည် ကူညီ ပေးရန် ပြည်ဝင်ခွင့် စောင့်စားနေခဲ့ သူ ဖြစ်သဖြင့် ယခု ကဲ့ သို့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ စိန်ဝင်း ပြည်တော်ပြန်ခွင့် ရခဲ့ခြင်းသည် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး အတွက် လည်းကောင်း မြန်မာနိုင်ငံ၏ပညာရေး ကဏ္ဍတွင်လည်းကောင်း ညီမ ဖြစ်သူ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂလ် အား ကူညီ ပေးရန် အနီးကပ်ယုံကြည်အားကို့းအားထားပြုရမည့် နိုင်ငံရေးဝါရင့် အကိုကြီး တစ်ဦး ရောက် လာခြင်း ဖြစ်ခြင်းကြောင့်လည်းကောင်း အလွန် ကောင်းမွန် သော အခြေအနေ တစ်ရပ် ဖြစ် ပါသည်။
ယခု အခါ ဒေါက်တာ စိန်ဝင်းသည် ရန်ကုန်ရှိ မိသားစု နေအိမ် သို့ ချောမွေ့ စွာ ကျန်းမာစွာ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ပါကြောင်း ပြည်တွင်း ပြည် ပ မှ နိုင်ငံရေး ရဲဘော် မိတ်ဆွေ အပေါင်းအား သတင်းကောင်းပါးအပ်ပါသည်။
မှတ်ချက် -
ယခု ပြည်ဝင်ခွင့်ရ ယခု ချက်ချင်း လေယာဉ် လက်မှတ် ကောက်ဝယ်ကာ လေယာဉ်လက်မှတ် လက်ထဲ ရောက်ရောက်ခြင်း ရုတ်တရက်ချက်ချင်း ပြန်လာခြင်း ဖြစ်သဖြင့် ရန်ကုန်ရှိ မိသားစု ပင် လေယဉ် ဆိုက်ကပ်ရန် တစ်နာရီ ခန့် အလို မှ သတင်းရရှိ ခဲ့ခြင်း ဖြစ်ပါသဖြင့် အမေရိက မှ လိုက်လံ မပို့ ဆောင် ခဲ့ရသော မိတ်ဆွေ များ ရန်ကုန်မှ လေဆိပ်တွင် ကြိုဆို ပေးချင်သော် လည်း မကြိုဆို ပေးလိုက်ရသူ များ အထင်မြင်လွဲ မှား စိတ်မကောင်းခြင်း မဖြစ်ကြပါရန် နှင့် ဒေါက်တာစိန်ဝင်း မိသားစု ၉.၈.၂၀၁၉ ရက်နေ့ည ၁၀ နာရီ တွင် လေယာဉ် ဆိုက်ကပ်ခဲ့ ပြီး ပြည်တော်ပြန်ခရီးအောင်မြင်ခြင်း ကို ဝမ်းသာနိုင်ရန် သတင်းကောင်းပါးလိုက်ရပါတယ်။
ဓါတ်ပုံ-
ဒေါက်တာစိန်ဝင်း မိသားစု နေအိမ်
Credit-
May Cho Lwin
၁၀.၈.၂၀၁၉ မနက် ၁၀နာရီ
No comments:
Post a Comment