Monday, January 28, 2019

လူရည်ချွန်ကြီးများ 1964-1988 အုပ်စုအကြောင်း


လူရည်ချွန်ကြီးများ
ကောင်းတဲ့အလုပ်ဖြစ်လို့ လူရည်ချွန်ဟောင်းများ ၁၉၆၄-၁၉၈၈ အဖွဲ့ဟာ တဖန်ရှင်သန်လာတာ ၅နှစ်ရှိပြီး ၂၀၁၈ ခုနှစ်ဟာ အရင် ရွေးချယ်ခံ ကော်မတီ ၁၅ဦးအတွက် အလွန်ခက်ခဲတဲ့ ခယောင်းလမ်းဖြစ်ခဲ့တယ်။ အတွင်းရေးမှုး အပါအဝင် ၃ဦး နှုတ်ထွက်ပြီး လစ်လပ်နေရာများကို ကော်မတီက ၂ဦးအစားထိုး တင်မြှောက်ခဲ့တယ်။
.
အခု နှစ်ပါတ်လည်ညီလာခံမှာ
...သက်ဆိုင်ရာ လူကြီးများ ကော်မတီဥက္ကဌ က ရှင်းလင်း အစီရင်ခံစာကို၊ ထပြီး ကန့်ကွက်ခြင်းနဲ့ စတင်ပါတယ်။ လှိုင်သာယာ ကုသိုလ်ဖြစ်ဆေးခန်း၊ အဖွဲ့ ဘဏ္ဍာရေးမှုး၊ စာရင်းစစ် ရလဒ်များ စသဖြင့် ဖြန့်ဝေထားတဲ့ စာရင်းများအတိုင်း ရှင်းပြပြီး လူရည်ချွန်ကြီးများ အချေအတင် ဖြစ်ရမှု (အထူးသဖြင့် ထိုင်ခုံပြသနာ) ကို အများလေးစားတဲ့ နာယကကြီး ၃ယောက် က စတင်ဖြေရှင်းပေးပါတယ်။
.
ဦးတင်စိုး သံတမန်(ငြိမ်း)
Dr ဖေသက်ခင် ဝန်ကြီးဟောင်း
Dr သန်းဝင်း ပါချုပ်ဟောင်း
.
Dr အောင်ဇော်မျိုး လက်ရှိ Lyc ဥက္ကဌ.. ရှင်းလင်း ပြီး မကြေလည်သူများက ရင်ဖွင့်ကြပါတယ်။
.
ဆွေးနွေး ဆုံးဖြတ်ချက်များကတော့.. LYC team ကို Think.Tank ဖြစ်စေချင်.. ကိစ္စလေးတွေနဲ့ အခြေတင်မဖြစ်ပါစေနဲ့..။ EC ၁၅ယောက်က ၃ဦးထွက်.ခြင်း၊ လစဉ်. စည်းဝေးခေါ်ရင်.. ၅ယောက် ၆ယောက် ပဲလာကြ.. မဖြစ်ပါ..၂၅ယောက် တိုးချဲ့မလး ဥက္ကဌ ဆွေးနွေးတော့ လူများလဲ စည်းဝေးမလာရင် အချည်းနှီးဖြစ်ကြောင်း၊ အခုကစပြီး အစည်းအဝေး ၆၀% မတက်ရင် EC က ထွက်ရမယ်ဖြစ်ကြောင်း၊ ဒီအစည်းဝေးမှာ ဖွဲ့စည်းပုံ စည်းမျဉ်း ပြင်တာ မလုပ်၊ နောက်ထပ် ၃ဦးကို ညီလာခံက တင်မြှောက်မယ်။ EC က ယာယီတင်ထားတဲ့ ဒေါ်သန်းသန်းဝင်း (Civil Engr) နဲ့ ဒေါ်ခင်စုစုလွဏ် (Accountant) တို့လဲ မိမိလုပ်လိုကြောင်း ဆန္ဒပြု လုပ်ချင်သူများ ကို ရှေ့ထွက်လာစေပါတယ်။ ၈ဦး ရှေ့ထွက်လာပါတယ်။ တက်ရောက်သူ ၁၇၇ဦး က မဲစာရွက် ထုတ်ယူပြီး.၃ဦး အမည်ရေးသွင်း ယှဉ်ပြိုင်ပါတယ်။
.
EC ၃ဦး ရွေးးကောက်ပွဲ ရလဒ်
.........................
အရွေးခံကြမဲ့ ၈ဦး
.
ဒေါ်ခင်စုစုထွဋ် စာရင်းစစ် 114*

ဒေါ်သန်းသန်းဝင်း Civilအင်ယာ 89*

Dr မီမီလွင် ဆရာဝန် 94*

ဒေါ်ပြုံးမိုအိ 59

ဒေါ်သီသီမင်း 59

ဒေါ်အေးမြတ်နွယ် 10

ဦးသိန်းသန်းထွန်း 13

ဦးအုန်းသွင် 44
.....................
.
မဲပေး ရွေးကောက်ခံ ရသူ ၃ဦး *
ဒေါ်ခင်စုစုထွဋ် စာရင်းစစ်
ဒေါ်သန်းသန်းဝင်း Civil အင်ယာ
Dr မီမီလွင် ဆရာဝန်..တို့ကို တရားဝင် ရွေးချယ်ပြီး အဖွဲ့ ဥက္ကဌ လက်ကို အပ်နှံ အခမ်းနား ပြီးဆုံးပါတယ်။
.
အချေတင် ဆွေးနွေး စိဆန္ဒ ခံစားချက်များ မိုက်ကရိုဖုန်း ကိုင် ရင်ဖွင့် ပေမဲ့ ရွေးပွဲ ရလဒ်က ဒီမိုကရေစီကျတော့ လက်ခံကြရပါတယ်။
.......
.
ည ၆နာရီ ညစာစားပွဲ ကျင်းပတော့.. တယောက် ကျပ်၁သောင်း ထည့်ဝင်တဲ့ လူရည်ချွန်ဟောင်းကြီးများ
၅၀၀လောက် လာကြပါတယ်။ ငွေပေးပြီး မလာနိုင်သူ ၅၀လောက်ရှိပေမဲ့ ညစာ ၊ ဧည့်ခံပွဲ ကို IBC ဝန်ထမ်းများ၊ မျိုးဆက်သစ် လူရည်ချွန် အငယ်လေးများ။ ဖိတ်ကြားတဲ့ အလှုရှင်များစွာ ..သီချင်းဆိုက၊ ပြဇတ်၊ ဆုပေး၊ လက်ဆောင်ပေးကြပါတယ်။
.
လက်ရှိ ပြည်ထောင်စုဝန်ကြီးများဖြစ်တဲ့ ဦးကျော်တင့်၊ ဒေါက်တာအောင်သူ၊ ဦးခင်မောင်ချို စတဲ့ လူကြီးများ၊ ယခင် ဒုသမတဟာင်း ဒေါက်တာစိုင်းမောက်ခမ်း၊ ဝန်ကြီးဟောင်း ဒေါက်တာဖေသက်ခင်.. တို့ကို လူရည်ချွန် မျိုးဆက်သစ် လူငယ်များနဲ့ ပျော်ရွှင်စွာ တွေ့ရပါတယ်။
.
ပညာထူးချွန်သူ ၁၀တန်းအမှတ် အများဆုံးတွေ မွေးထုတ်ဆုပေးပါတယ်။ ကောင်းပါတယ်။ ပိုကောင်းတာက ထပ်ကွမ်း များစွာ လူရည်ချွန်များ အနေနဲ့ တိုင်ပြည်လူမျိုးကို အကျိုးပြု ပညာရှင်ကြီးများ အဖြစ် ကမ္ဘာအဆင့် တက်လှမ်းစေချင် ဖြစ်စေချင်ပါတယ်။ လူရည်ချွန် သက်ကြွယ်ကြီး များက မျိုးဆက်သစ် လူငယ်များအတွက် လမ်းပြကြယ် သဖွယ် ဖြစ်နေရပါမယ်။
.
လူရည်ချွန်ဟောင်းကြီးများ အငယ်ဆုံးက အသက်၅၀လောက် ရှိပါပြီ။ လူ့သဘာဝအရ အလှုပေးလိုခြင်း၊ မိမိလူရည်ချွန်ဖြစ်တာ ဂုဏ်ယူခြင်း၊ အဖွဲအစုလေးများနဲ့ ထိုင်ခုံ လုကြခြင်း၊ သီဆိုကခုန် စားသောက်လိုခြင်း တွေက လက်ခံရမှာပါ။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး များကို နေရာမရလဲ စေတနာ မေတ္တာနဲ့ ပါဝင် လှုဒါန်းသူ အဖွဲ့စည်းများ၊ လူပုဂိုလ်များကို အထူးကျေးဇူးတင်မိပါတယ်။
.
အရေးကြီးဖြစ်တဲ့ မျိုးဆက်သစ် လူရည်ချွန်ကလေးများကို ဒီအခမ်းအနားမှာ အထူးဧည့်သည်အဖြစ် တွေ့ရတာ အဝမ်းမြောက်ဆုံး ပါပဲ။ အခြေ ခံ ပညာ လူရည်ချွန် ရွေးချယ်ခြင်း ပြန်လည် စတင်ခဲ့ပြီး ယခုအခါ ၃ထပ်ကွမ်း မျိုးဆက်သစ် လူရည်ချွန်ကလေးများ ပေါ်ပေါက်လာပါပြီ။
.
ဇော်အောင်(မုံရွာ)
LYC 1980 မုံရွာဒေသကောလိပ်။
.
ကိုးကားလင့်များ
ဓာတ်ပုံအချို့ ကြည့်ရန်
https://m.facebook.com/story.php?story_fbid=10156324655448472&id=755653471
.
လူရည်ချွန် Database Website
https://lyc1964-1968.blogspot.com
.
LCY မဂ္ဂဇင်း pdf file ရလိုသူများ ကွန်မင့်(or) မက်ဆေ့ ရရင် ပို့ပေးလိုပါတ်ာခင်ဗျား။

No comments:

Post a Comment