Monday, June 12, 2017

Deng Xiaoping တိန်ရှောင်ဖိန့် တရုပ်ပြည်



လွှတ်တော်ချနယ်တီဗွီကြိး
ဒီနေ့ည လွှတ်တော်ချနယ် တီဗွီ ည၉နာရီအစီအစဉ်မှာ ..ဒီ တရုပ်ပ်ြပြုပြင်ပြောင်းလဲပုံကို ထပ်မံလွှင့်ပါတယ်။ ခေါင်းဆောင်တွေ စိတ်ဓါတ်ပြုပြင်ဖို့ တီဗွီကြီးကတော့ အရမ်းကြိုးစားနေပါတယ်။ ၁% လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ နားထောင်ကြတယ်ဆိုရင်ပဲ တီဗွီကြီး ပျော်နေလောက်ပြီ။

လွှတ်တော်ကိုယ်စားလှယ်များကို တရုပ်ပြည်အကြောင်း တရုပ်ပြည်ပြုပြင်ပြောင်းလဲမှုကို အသေးစိတ်ရှင်းလင်းပါတယ်။
.
ရည်ရွယ်ချက်ကတော့
မြန်မာလိုပဲ တရုပ်ပြည်ကြီး ဆင်းရဲမွဲတေမှုကို ဘယ်လိုကျော်လွှားခဲ့ကြောင်း . . မြန်မာများ သင်္ခန်းစာယူကြဖို့ ဖြစ်ပါတယ်။
.
.
.
တခါက လွန်ခဲ့တဲ့နှစ်ပေါင်း၎ထောင်ကတည်းက တရုပ်ပြည်ကြီးဟာ ကြီကျယ်ခန်းနား တတ်သိပညာများရဲ့ဗဟိုကြီး ဖြစ်ပါတယ်။ ၁၆၀၀ ဥရောပ ပြုပြင်ပြောင်းလဲရေး ပြင်သစ်နဲ့ နပိုလီယန် ခေတ်ကစပြီး ဥရောပနိုးကြားတက်ကြွလာပြီး တရုပ်ပြည်က စိုးရိမ်လို့ တခါးပိတ်ဝါဒ ကျင့်သုံးခဲ့ပါတယ်။ နောက်ဆုံး အနောက်နိုင်ငံနယ်ချဲ့များရဲ့ ''ဘိန်းစစ်ပွဲ'' နဲ့ အစိတ်စိတ်မွှာ ဖြစ်ရပြီး စစ်ဝါဒီ ဂျပန်နိုင်ငံရဲ့ ကျူးကျော်သိမ်းပိုက် ညှင်းပမ်းနှိပ်စက်ခံခဲ့ရပါတယ်။
.
မြန်မာပြည်မှာ ငတ်သေတဲ့လူ မရှိဘူး ပြောကြပေမဲ့ တရုပ်ပြည်မှာတော့ အငတ်ဘေး မိုးခေါင်ရေရှား လူပေါင်း သန်းနဲ့ချီ သေဆုံးလေ့ရှိပါတယ်။ အလွန်ဆင်းရဲမွဲတေခဲ့ပါတယ်။
.
ကွန်မြူနစ်ပါတီ မော်စီတုန်းခေါင်းဆောင်ပြီး ခေတ်သစ်တရုပ်ပြည် ပြန်တည်ထောင်နိုင်ခဲ့ပါတယ်။ ဒါလဲ ဆင်းရဲမွဲတေမြဲ ဖြစ်ပြီး မော်စီတုန်းက ပညာနဲ့တိုင်းပြည်တည်ထောင်ဖို့ တိန်ရှောင်ဖိန့်ကို ပြန်ခေါ်ပါတယ်။ မော်စီတုန်း ကွယ်လွန်ပြီး ၁၉၇၈ နောက်ပိုင်း တရုပ်ပြုပြင်ပြောင်းလဲမှု စတင်ခဲ့ပါတယ်။
.
..
ပထမဆုံး ပညာရေးနဲ့ပဲ အနောက်နိုင်ငံများကို အမီလိုက်ပါတယ်။ အခုတော့ GDP မှာ ဂျာမဏီ ဂျပန် တွေကို ကျော်လွှ။  မြန်မာပြည်မှာလဲ ပညာရေးပြုပြင်မှု အင်္ဂလိပ်စာဗဟိုပြု ကမ္ဘာကို ထိုးဖောက်ဖို့ စတင်နေပါပြီ။
ပညာရေးနဲ့ နည်းပညာများကို ဘယ်လိုနည်းနဲ့ ရယူသွားပုံများ . . ပညာခေတ်ကို ရောက်ရှိသွားပုံ။ တရုပ်ခေါင်းဆောင်များက အမျိုးသားစိတ်နဲ့ အခက်ခဲများကြားများက ဘက်စုံ တိုးတက်ပြီး ယခုကမ္ဘာ့ထိတ်တန်း နိုင်ငံ အဖြစ် ရောက်နေပုံ တရားဝင် တရားမဝင် လုပ်နည်းများသုံး ပြီး . . တဦးခြင်းကြိုးစားသွာပုံ တရုပ်အစိုးရ ပံ့ပိုးမှုများကို ပြောပြသွားပါတယ်။
.
စီးပွား ကုန်ထုတ်လုပ်ငန်းများကို ပြောသွားပါတယ်။ မြန်မာသမ္မတကြီးကလည်း စိတ်သဘောကောင်းဖို့ လူငယ် လူလတ်ပိုင်းတွေမှာ လုပ်ခဲ့ပါတယ်။
.
.
Comment. .
သူ့ရဲ့ စာတန်းမှာ Good Attitude ကိုတော့ များများ မပြောပေမဲ့ . . အုပ်ချုပ်သူ တရုပ်အစိုးရ ခေါင်းဆောင်များ ကို ရွေးချယ် အုပ်ထိန်းသူကြီး တိန်ရှောင်ဖိန့် အလား မြန်မာပြည်မှာ ထူးချွန် မေတ္တာစွမ်းအားကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည် ရှိနေပါတယ်။ အောင်မြင်မှာ ယုံကြည်ပါတယ်။
MDG Series. .
Dec 2016

Xi Jinping and Deng Xiaoping ဇီ ဂျင်ပင်း နဲ့ တိန် ရှောက်ပင်
(၂ နှစ်တိတိကရေးခဲ့တဲ့စာ)
တရုပ်ပြည်မှာ တီဗွီ၊ စာအုပ်စာတမ်းတွေနဲ့ လူမှုဘဝကို လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ စေ့စေ့ငုငု ကြည့်မိသူတိုင်း မလွဲမသွေသတိထားမိကြမှာကတော့ တိန် ရှောက်ပင် ကာလကို ပြန်ရောက်လာပြီဆိုတာ ဖြစ်တယ်။ တိန် ရှောက်ပင် ဟာ တရုပ်ပြည်ကြီးကို စီးပွါးရေးပွင့်လင်းလွတ်လပ်မှုကို ဖွင့်ပေးခဲ့သလို တိန်အန်မင် အရေးအခင်းကိုလဲ ကိုင်တွယ်နှိမ်နင်းခဲ့သူဖြစ်တယ်။ လက်ရှိခေါင်းဆောင် ဇီ ဂျင်ပင်း က ဘာကွာခြားသလဲ။
တရုပ်အစိုးရအာဘော် ပြည်သူ့နေ့စဉ်သတင်းစာကိုကြည့်ပါ။ ဇီ ဟာ ၁၈ လအတွင်းမှာ တရုပ်ပြည်ရဲ့အိပ်မက် ဆိုတာကို မျှော်ကိုးသူဖြစ်တယ်လို့ ဆိုထားပါတယ်။ အပြောင်းအလဲတွေရဲ့ အတိုင်းအတာဟာကြီးမားပြီး လေးနက်မှုလဲရှိတယ်။ အကတိလိုက်စားမှုကို သံလက်သီးလို ခိုင်ခိုင်မာမာကျင့်သုံးနေတယ်။ တရုပ်ရဲ့နိုင်ငံခြားရေးပေါ်လစီကို ကိုင်တွယ်ပုံကလဲ မှတ်သားစရာဖြစ်တယ်။ မီဒီယာ ဆန်းစစ်မှုတခုလုပ်တော့ သူ့နာမည်ကို သတင်းစာကနေ အကြိမ်ပေါင်း ၄၁၈၆ ကြိမ် ဖေါ်ပြပြီးဖြစ်တယ်။ ဒါဟာ သူ့အရင်က ဟူဂျင်တောင် နဲ့ ဂျန်ဇီမင်း တို့ထက် ကြောသွားတာဖြစ်တယ်။ မော်စီတုန်း ပြီးရင် သူက မီဒီယာမှာ ရေပန်းစားမှု ဒုတိယလိုက်တယ်။ သတင်းစာတစောင်ကနေ သူ့ကို တရုပ်ပြုပြင်ပြောင်းလဲရေး ဒီဇိုင်နာ လို့ ကင်ပွန်းတပ်တယ်။ ထိပ်တန်းပိသုကာလို့လဲ ဆိုသေးတယ်။ တရုပ်သမတနဲ့ ကွန်ုမြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ဆိုတာ ပါတီကိုသာမက တရုပ်တပ်မတော်အပေါ်မှာပါ အမြင့်ဆုံးအာဏာရှိသူဖြစ်တယ်။ အခုဆိုရင် ဇီ ဟာ အစိုးရရဲ့ နိစ္စဓူဝအလုပ်တွေကိုရော စီးပွါးရေးရာမှာပါ ဝင်လုပ်နေတယ်။ ဒါဟာ တကယ်တော့ ဝန်ကြီးချုပ်လုပ်လေ့ရှိတဲ့ အလုပ်တွေ ဖြစ်တယ်။ လက်ရှိဝန်ကြီးချုပ် လီ ကီကွင် အနေနဲ့ ထောက်ကူမှုနေရာကသာ လုပ်နေရတယ်။ ဒီအချက်ကိုကြည့်ရင် ဇီ ဂျင်ပင်း ဟာ တိန် ရှောက်ပင် ထက်ပိုနေတယ်။
ဒုတိယအချက်ကတော့ သူဟာ အရေးကြီးတဲ့မိန့်ခွန်းတွေပြောခဲ့တယ်။ လွန်ခဲ့တဲ့ ၂ လ အတွင်းမှာ သူ့မိန့်ခွန်းတွေ ၁ဝ သန်း ရောင်းချခဲ့ရတယ်။ သူ့ကို မြှင့်တင်ရေးလုပ်နေတဲ့ပမာဏဟာ အတော်ကိုကြီးမားနေတယ်။ မော် နောက်မှာ ဒါဟာ အကြီးဆုံးဖြစ်တယ်။ ပါတီအထွေထွေအတွင်းရေမှူးဟောင်း ကျောက်ကျိယန်း ရဲ့ အတွင်းရေးမှူး ဘိုတောင် ပေးတဲ့ မှတ်ချက်ကတော့ ဇီဂျင်ပင်း ဟာ မော်စီတုန်း စတိုင်နဲ့ တိန် ရှောက်ပင် လမ်းစဉ်ကိုလုပ်နေပါသတဲ့။ ဒါပေမဲ့ ပါဝါ နဲ့ သြဇာ မတူပါ။ အလားတူ တရုပ်ရေးရာကျွမ်းကျင်သူ တချို့ထောက်ပြတာက ခေတ်ကာလ မတူတာကို ဖြတ်သန်းကြရတယ်။ ရင်ဆိုင်ရတဲ့ ချဲလင့် တွေလဲ မတူ။ လူချင်းလဲမတူဘူးလို့ ဆိုပါတယ်။ ဇီ ကိုအဲလောက်ထိ အကဲဖြတ်ဖြတ်ဘို့ရာ စောပါသေးတယ်တဲ့။ သူလုပ်နေတာတွေက အသစ်အဆန်းတွေ မပါဘူးတဲ့။ ခြစားမှုတိုက်ဖျက်ရေးကို တင်းတင်းကြပ်ကြပ် လုပ်နေတာဟာ ဆင်းရဲ-ချမ်းသာကွာဟမှု ကျဉ်းစေဘို့ဖြစ်တယ်။ တိန် ရှောက်ပင် ကြောင့် တရုပ်တချို့တွေ ကျိကျိတက် ချမ်းသာလာနိုင်တယ်။ အခု ဇီ ဂျင်ပင်း က နောက်ထပ် လူများများ ချမ်းသာရေးသာလုပ်နိုင်မှာဖြစ်တယ်။ သူတကယ်စွမ်းလို့ သာမန်လူတွေ ချမ်းသာရေးလုပ်နိုင်ရင်တော့ မဟာခေါင်းဆောင်ကြီး ဆိုပြီးခေါ်နိုင်မယ်။
ဒေါက်တာတင့်ဆွေ
၂၃-၈-၂ဝ၁၄




ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ 
တိန့်ရှောင်ဖိန့် (တရုပ်ခေါင်းဆောင်) လုပ်ဆောင်ချက်ကို သုံးသပ်ကြည့်ခြင်း....
သမိုင်းဆိုတာ မအ ဖို့ လို့ ဒေါက်တာသန်းထွန်း ကပြောပါတယ်။ 
၁၉၇၇ မှာ တရုပ်ပြည် တိန်ရှောင်ဖိန့် ခေါင်းဆောင်ပြန်ဖြစ်လာတယ်။ ၈၇ အထိ ၁၀နှစ်ကြာ ပြုပြင်ပြောင်းလဲချိန် ယခု မြန်မာနိုင်ငံလိုပဲ ခရိုနီတွေ အကြီးအကျယ် မြူးကြွလာတယ်။ ၁၉၈၈ မြန်မာပြည် ရှစ်လေးလုံးအရေးတော်ပုံ နှိမ်နင်းခံရပြီး၊ ၁၉၈၉ တရုပ်ပြည် အရေးအခင်းကြီးလဲ နှိမ်နင်းခံရတယ်။ ဒီတော့မှ တိန်ရှောင်ဖိန့် ကွန်မြူနစ်ပါတီ လူသန့်စင်ရေး အောင်မြင်စွာလုပ်နိုင်ပြီး လမ်းမှန်ကို ချီတက်နိုင်ပါတယ်။ 
.
မြန်မာပြည်တော့ ၁၀နှစ်မကြာပါဘူး။ ၅နှစ် သမ္မတဦးသိန်းစိန်လက်ထက် ခရိုနီမြူးကြွတဲ့ခေတ်ကနေ ရုတ်တရက် (အာဏာရှင်ဟောင်းကြီး.ဦးသန်းရွှေ မျက်ပါးစူးလို့ထင်ပါရဲ့)။ ကြံခိုင်ရေးအစိုးရက ဒေါ်အောင်ဆန်းစုကြည် ရဲ့ အင်အယ်ဒီပါတီ ကို အာဏာလွှဲပေးလိုက်ရတယ်။ မြူကြွချင်တဲ့ အင်အယ်ဒီများစွာ ရှိနေကြတယ်။ 
.
(ဦးမောင်မောင်စိုး) ဆောင်းပါးမှာ ၁၉၇၇ တရုပ်ခေါင်းဆောင်ကြီး မော်စီတုန်း သေဆုံးတော့ လေးဦးဂိုဏ်းက တိန့်ရှောင်ဖိန့်ကို ရှင်းဖို့လိုက်ရှာချိန် တပ်မှုးကြီးတွေက ကာကွယ်ပေးထားကြောင်း၊ မော်စီတုန်း က တရုပ်နိုင်ငံကြီးမှာ သူ့တပည့် အထူးသဖြင့် ဇနီးချန်ချင်းတို့ လေးဦးဂိုဏ်း တွေ လမ်းလွဲနေကြတာ သိနေသော်လဲ ဖယ်ရှားဖို့ သူ မလုပ်နိုင်ဘူး၊ ထက်မြက်တဲ့ တိန့်ရှောင်ဖိန့်ကို ပြန်ခေါ်ပြီး အစိုးရအဖွဲ့ခေါင်းဆောင် ၀န်ကြီးချုပ်ခန့်တယ်။ လေးဦးဂိုဏ်းက အပြစ်ရှာပြီး ဖြုတ်ပေမဲ့ မော်စီတုန်းက ကွန်မြူနစ်ပါတီမှာပဲ ဆက်ထားတယ်။ မော်စီတုန်းနေရာ ဆက်ခံတဲ့ ဟွကိုဖုန်း နဲ့ လေးဦးဂိုဏ်းတွေ အာဏာပြိုင်ရာမှာ တနှစ်အတွင်း လေးဦးဂိုဏ်း ဖယ်ရှား၊ ဖမ်းဆီးခံလိုက်ရတယ်။ တိန့်ရှောင်ဖိန့်က အရေးပါတဲ့ ရာထူးတွေ မယူပဲ သူ့ကိုကာကွယ်ပေးတဲ့ စစ်ခေါင်းဆောင်တွေနဲ့ ဗဟိုစစ်ကော်မရှင် ရဲ့ ယုံကြည်စိတ်ချမှုကို ဆက်လက်ရယူထားပါတယ်။ 
.
တရုတ်ကွန်မြူနစ်ပါတီ၏ အပြောင်းအလဲများကတော့ ဥက္ကကြီးမော် ယုံကြည်စိတ်ချ သည်ဆိုတဲ့ ဟွကိုဖုန်းလည်း နေရာဖယ်ပေး ရပြီး သာမန်ဗဟိုကော်မတီဝင်တဦးဖြစ်သွားခဲ့တယ်။ ပါတီစဖွဲ့ကထဲက ဥက္ကဌ စနစ်ဖြင့် ဖွဲ့စည်းခဲ့သော တရုတ်ပါတီသည် အထွေထွေအတွင်းရေးမှူး ဦးစီးတဲ့စနစ်သို့ပြောင်းသွားတယ်။ ပထမဆုံးအတွင်းရေးမှူးအဖြစ် ဟူရောက်ပန်း ဖြစ်လာခဲ့တယ်။ တိန့်ရှောက်ဖင်ကတော့ ဗဟိုစစ်ကော်မရှင် ဥက္ကဌ ဖြစ်လာပြီး အာဏာဆိုတာ သေနပ်ပြောင်းဝ ဆိုစကားကို ဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။ 
.
စာရေးသူ ဘိုဘိုကျော်ငြိမ်း ကလည်း တိန့်ရှောင်ဖိန့်ကို မွေးခဲ့တာ ဥက္ကဌကြီး မော်စီတုန်းကိုယ်တိုင်ဖြစ်ကြောင်း တရုပ်ပြည် ပြုပြင်ပြောင်းလဲမှုများအကြောင်း သုံးသပ်တင်ပြ ရေးသားထားတာ တွေ့ရပါတယ်။ 
.
ဗိုလ်ကျော်ဇော နဲ့သမီးဖြစ်သူ လှကျော်ဇော ရေးတဲ့ စစ်အာဏာရှင်စနစ်ရဲ့သားကောင်များ ဆောင်းပါးမှာလဲ ဦးနုခေတ်က ဆိုရှယ်လစ်များ နဲ့ ၁၉၆၂ စစ်အာဏာသိမ်းပြီးနောက် ဗိုလ်နေ၀င်း တို့ရဲ့ အာဏာရှင်စိတ်ဓါတ်များကြောင့် စစ်ဗိုလ်ကောင်းများ တဖြေးဖြေးဖယ်ရှားခံရပြီး နောက်ဆုံး မြန်မာနိုင်ငံဟာ ဗိုလ်နေ၀င်း၊ ဗိုလ်သန်းရွှေ စတဲ့ စစ်အာဏာရှင်စနစ်ထဲ ကျရောက် ဆင်းရဲ မွဲတေ ပျက်စီးသွားခဲ့ကြောင်း သမိုင်းအစစ်အမှန်ကို တင်ပြထားပါတယ်။
.
မြန်မာပြည်မှာတော့ စစ်ခေါင်းဆောင်ကောင်း ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးတဲ့နောက် ဗိုလ်ကျော်ဇော ဆိုသူတစ်ဦး ပေါ်ထွန်းခဲ့ဖူးပါတယ်။ မြန်မာပြည်ကို ကျူးကျော်လာတဲ့ တရုပ်ဖြူများကို အောင်မြင်စွာ တိုက်ခိုက်နိုင်ပြီး နိုင်ငံရေးစိတ်မ၀င်စားသူ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်ဦးနုလက်ထက် နိုင်ငံရေးသမားများကြောင့် စစ်ခေါင်းဆောင်ကောင်း ဗိုလ်ကျော်ဖော ပထမဆုံး ရှင်းလင်းဖယ်ရှားခံလိုက်ရပါတယ်။ ဗိုလ်နေ၀င်း အာဏာရလာတော့ ဒီမိုကရေစီကို ထိန်းသိမ်းချင်တဲ့ စစ်ခေါင်းဆောင်ကောင်းများ တပ်မှူးကြီးများဖြစ်ကြတဲ့ ဗိုလ်မှူးကြီးကြည်မောင်(နောက်ပိုင်း NLD-ဦးကြည်မောင်)၊ ဗိုလ်မှူးကြီးတင်မောင် (စာရေးဆရာ မြတ်ထန်) စသည်တို့ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်ကောင်း မဟုတ်ပေမဲ့ ဗိုလ်နေ၀င်းကို အတိုက်ခံလုပ်မဲ့ ဗိုလ်အောင်ကြီး လို တပ်မှုးကြီးများ များကိုလဲ ဖယ်ရှားခဲ့ပြီး စစ်အာဏာရှင်စနစ်ကြီး ခိုင်မြဲသွားခဲ့ပါတယ်။
.
.
လက်ရှိမြန်မာနိုင်ငံ
မြန်မာနိုင်ငံရဲ့ အခြေအနေကတော့ ဗိုလ်သန်းရွှေ ကို (မနှိုင်းယှဉ်အပ်ပေမဲ့) မော်စီတုန်း ကဲ့သို့ သဘောထားရင်၊ ဗိုလ်သိန်းစိန်ကတော့ သူယုံကြည်စိတ်ချရသူအဖြစ် တင်မြှောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ တိန့်ရှောင်ဖိန့် ကဲ့သို့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးခဲ့ပါတယ်။ တပ်မှုးကောင်းများကို ရွေးချယ်ဖို့ ၂၀၁၅ ရွေးကောက်ပွဲမှာ စစ်တပ်သန့်စင်ရေး လုပ်ပြီး ဗိုလ်ချုပ်ကြီးများစွာကို ဂရက်ဂျူတီ (အငြိမ်းစားဆုကြေး ကျပ်သိန်းထောင်ပေါင်းများစွာပေးပြီး) ရွေးကောက်ပွဲဝင်စေပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကတော့ မြန်မာ့သမိုင်းကြီးတခုလုံးမှာ အလှည့်အပြောင်းကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အယ်ဒီပါတီ အပြတ်အသတ် အနိုင်ရရှိ၊ အာဏာလွှဲပြောင်းရယူသွားပါတယ်။ အာဏာရှင်တွေရဲ့ တပ်မတော်ကတော့ ၂၅% လွှတ်တော် နဲ့ အစိုးရရဲ့ အရေးပါဆုံး လက်နက်ကိုင်များကို အခြေခံဥပဒေနဲ့ စွဲကိုင်ထားပါတယ်။ လက်ရှိ ပကတိအခြေအနေ ဖြစ်ပါတယ်။ 
.
တရုပ်ပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုမှာ တိန့်ရှောင့်ဖိန့်က စစ်ခေါင်းဆောင်ကောင်းများ (တပ်မှုကြီးများ) ရဲ့ ဗဟိုစစ်ကော်မရှင်ရဲ့ ယုံကြည်မှုရရှိပြီး အောင်ပန်းဆင်ခဲ့သလို မြန်မာနိုင်ငံမှာလည်း ဒေါ်အောင်ဆန်းစုကြည် အတွက် မြန်မာ စစ်ခေါင်းဆောင်ကောင်းများရဲ့ ယုံကြည်မှုနဲ့ ထောက်ခံမှု ရရှိအောင် နည်းမျိုးစုံနဲ့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်နေတာလည်း အခွင့်ထူးကြီး ဖြစ်နေပါတယ်။ တားဆီးမဲ့ လူတွေကတော့ စစ်ဝါဒီ စစ်ခေါင်းဆောင်များနဲ့ အင်အယ်ဒီက စစ်ဝါဒီစတိုင် ခေါင်းဆောင်များပဲ ဖြစ်ပါတယ်။ 
.
ဘာပဲဖြစ်ပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ DASSK is DASSK ပါပဲ။ မနှိုင်းယှဉ်အပ်ပေမဲ့ သုံးသပ်တင်ပြရခြင်းဖြစ်လို့ နားလည်ခွင့်လွှတ်စေလိုပါတယ်။ တရုပ်နိုင်ငံနဲ့ မြန်မာနိုင်ငံ တူမှမတူပဲကိုး။ စာရေးသူအနေနဲ့ မြန်မာပြည်ရဲ့ တိန့်ရှောင်ဖိန့်က တော့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါစေ..လို့ပဲ ဆုတောင်း မျှော်လင့်ရနေရပါတယ် ခင်ဗျား.။ 
.
ဇာနီကြီး
၁၀.အောက်တိုဘာ.၂၀၁၆

No comments:

Post a Comment