Monday, January 28, 2019
လူရည်ချွန် တက္ကသိုလ်ပညာသင် ထောက်ပံ့ကြေး အကြောင်း
ဒီနှစ်လူရည်ချွန် ပညာသင်ထောက်ပံကြေး အဖွဲ့က ၅ဦး နဲ့ စေတနာရှင်တဦး ..စုစုပေါင်း ၆ဦးကို တလ၁သိန်း ထောက်ပံ့ ပေးပါတယ်။
..........
.
လူရည်ချွန်(၁၉၆၄-၈၈)အဖွဲ့။
၂၀၁၅ခုနှစ် ( ဒဿမတန်း ဘက်စုံပညာထူးချွန်လူငယ်)
လူရည်ခွန်တက္ကသိုလ်ပညာသင် ထောက်ပံ့ကြေး(ဆု)
ပေးထားသော ကလေး ၁၆ ဦးကို ၂၀၁၅ Dec မှ
၂၀၁၇ May အထိ ၁၈ လ ကို ထောက်ပံ့ ခဲ့ပြီးဖြစ်ပါသည်၊။
ကလေး ၅ဦး ကို အဖွဲ့ မှ ချီးမြှင့် ပါသည်။
ကျန် ၁၁ ဦး ကို Senior လူရည်ချွန် မောင်နှမ များ မှ တဦးချင်း ဆီ
ထောက်ပံ့ ချီး မြှင့် ပေးပါသည်။
၂၀၁၇ Jun မှ ၂၀၁၇ Nov ထိ ၆ လ အတွက် သက်ဆိုင်ရာ
Acc သို့ သွင်းပေးကြပါသည်။
Acc သွင်းပေးရန် မအား ကြသူများ ကို သွားရောက်Collect လုပ်ပြီး Acc ထဲ သွင်းပေးပါသည်။
ယနေ့ ၆ထပ်ကွမ်း လူရည်ချွန် ပါမောက္ခ Dr ရတနာကျော်
(သင်္ဃန်းကျွန်း စံပြ ဆေးရုံကြီး )
ထံမှ ၂၀၁၇ Jun မှ ၂၀၁၇ Dec ထိ ကလေး တဦး အတွက်ဆုချီးမြှင့် ငွေ ၆ သိန်း လက်ခံရရှိ ပါသည်။
နက်ဖြန် သက်ဆိုင်ရာ Acc ထဲ သွင်းပါမည်။
.
Crd
Kyaw Htay, Kay Thi, တက္ကသိုလ်စိုးစံ..etc
..........
.
ကိုနေဦး တင်ပြခြင်း
ကို M Zaw Aung ရဲ့ 1Sep 2019 online application ကိစ္စ ဖြစ်ပါတယ်။
.
link
https://m.facebook.com/groups/76491580738?view=permalink&id=10156813642880739
.
LYC ပညာသင်ဆု မဟုတ်ပါ
လူရည်ချွန် တက္ကသိုလ်ပညာသင် ထောက်ပံ့ကြေးသာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဆယ်တန်း ၂၀၁၈ လုရည်ချွန်များထဲကမှ တက္ကသိုလ်ပညာဆက်လက်ဆည်းပူးရန် အမှန်တကယ်ခက်ခဲနွမ်းပါးသူများကိုသာ စိစစ်ရွေးချယ်ပြီးကူညီထောက်ပံ့ပေးတာဖြစ်ပါတယ်။ ဆု ဆိုတဲ့ scholarship မျိုးမဟုတ်ပါ။
ယနေ့အထိ လူရည်ချွန်တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေးလျှောက်လွှာလက်ခံရရှိထားသူများမှာ ...
၁။ မောင်သူရိန်စိုး 4D, 495 marks
ဝန်းသိုမြို့၊ စစ်ကိုင်းတိုင်း
၂။ မအေးသဉ္ဇာမြင့် 5D, 494 marks
ဆားလင်းကြီး၊ ယင်းမာပင်ခရိုင် စစ်ကိုင်းတိုင်း
၃။ မစုရီထွန်း 4D, 462 marks
တာချီလိတ်မြို့၊ရှမ်းအရှေ့
၎။ မောင်စိုးလင်းထက် 4D, 480 marks. ရန်အောင်ရွာ၊ပျော်ဘွယ်မြို့နယ်၊ ရမည်းသင်းခရိုင်၊ မန္တလေးတိုင်း။
၅ မမေသူလင်းထက် 4D, 486 marks, ပျော်ဘွယ်မြို့၊ ရမည်းသင်းခရိုင်၊ မန္တလေးတိုင်း။
မမြတ်မင်းသစ်နွယ် .. စစ်ကိုင်း
မောင်ခန့်ဇော်နိုင် .... ရွှေဘို
တို့ရဲ့လျှောက်လွှာအမြန်ချောပို့များရောက်မလာသေးပါ။ မီးရထားနဲ့ပို့လို့ လမ်းပျက်နေပြီးမရောက်သေးတာလားမသိပါ။
.
Crd ကိုနေဦး
..............
.
.
သုံးသပ်ခြင်း
မ.ဆ.လ လက်ထက်က ပညာချွန်ဆု၊ ပညာသင်ဆု(စတိုင်ပင်)၊ ကျောင်းလခလွတ်ငြိမ်းဆု၊ အေဂျီတီအိုင်၊ သက်မွေးပညာကျောင်းများစွာ အစိုးရက ထောက်ပံပါတယ်။ အခုခေတ် သမတဦးသိန်းစိန် ပညာချွန်ဆု ရသူများ ပိုက်ဆံမရ တာမျိုးလဲ ကြားရလို့ စိတ်မကောင်းပါ။ ရွေးခံရပြီး ငွေမရလဲ ကျောင်းသားကတော့ ကျောင်းဆက်တက်ဖြစ်အောင် တက်ရမှာပါ။ အစိုးရ စီးပွားတိုးတက်ချိန် ပညာရေးဌာန က ယခင်နည်းတူ သက်မွေးပညာသင်ဆု အမြောက်အများ ပေးနိုင်တော့မှာပါ။
.
မနှစ်က ရာနဲ့ချီ ၁၀တန်းအောင်တဲ့ လူရည်ချွန် မျိုးဆက်သစ်များမှာ တက္ကသိုလ်ပညာသင် အခက်ခဲရှိလို့ လျှောက်သူ ၁၀ဦးခန့် ပဲရှိလို့ ကျန်တဲ့ 90% က မိဘတတ်နိုင်ကြပါတယ်။ တချို့လည်း တပ်မတော် ပညာသင်ဆုရတော့ အဆင်ပြေသွားမှာပါ။
.
.
မိမိဘဝ ပညာရေးထောက်ပံ့မှု
ကျနော်တို့ ငယ်စဉ်က ပညာသင်ဆု (စတိုင်ပင်) တလ ၁၂၀ကျပ် ပေးတဲ့အခါ မရရှိပါဘူး။ မိဘ ဝန်ထမ်းလဲ ဖြစ်ပြီး ဆိုတော့ ရွေးချယ်အဖွဲ့က မူအရ မပေးပါဘူး။ (ကလေး၈ယောက် မှာ အကြီးဆုံးသား၊ အလွန်ခက်ခဲပါတယ်)။ စက်မှုတက္ကသိုလ် တက်ရမယ် ဆိုတော့ မုံရွာဒေသကောလိပ် မော်ကွန်းထိန်း ဦးစိန်ဌေး ရုံးခန်းကို သွားပြောပါတယ်။ ကျောင်းလခလွတ်ငြိမ်းခွင့် တလ ၃၀ကျပ် ၄နှစ်လုံး ရရှိခဲ့တာ အတော်များတဲ့ငွေပါ။ မမျှော်လင့်ပဲ ရိုးသားလှတဲ့ ဖခင်ကြီးကို အဲဒီခေတ်ကာလ ကျောက်စိမ်းမြို့တော် မိုးကောင်းမြို့ ရဲစခန်းမှုး အဖြစ် ကချင်ပြည်နယ် ပါတီလူကြီး ဦးလကွယ်တူး၊ ဦးလဘန်လ တို့က ပြောင်းရွှေ့ပေးတော့ ကျောင်းစရိတ် မိမိသာမက ညီ ညီမတွေလဲ အဆင်ပြေသွား ပါတယ်။ ဖခင်ကြီးက ရိုးသား ကြောက်တတ်တော့ မိခင်ကြီးကပဲ လူကြီးတွေဆီ သွားပြောပြ မှ ပညာကြိုးစားတဲ့ လူငယ်လေးတဦး ဖခင် ငွေရွှင်တဲ့ ကိုတာရတဲ့ နေရာ ရခဲ့ပါတယ်။ ၄နှစ်အကြာ ဖခင်ကြီးလဲ တရားခံပြေးမှုနဲ့ အရေးယူခံရပါတယ်။ ၁၉၈၀ တုန်းက ၃၀ကျပ်က ယခုခေတ် တလ ၅သောင်း နဲ့ ညီပါတယ်။
.
ပညာသင်ဆု လာလျှောက်တဲ့ အရွေးမခံရတဲ့ မျိုးဆက်သစ် လူရည်ချွန် များကို စာနာမိပါတယ်။ သူတို့ တက္ကသိုလ် ပညာသင်စရိတ် အဆင်ပြေမှာပါ၊ ပြေပါစေ ဆုတောင်း လိုက်ပါတယ်။
M Zaw Aung
......
.
ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် (ဝန်ကြီး ငြိမ်း)
ဒေါက်တာ မြင့်ုမြင့်သိန်း ကလေး အထူးကုဆရာဝန်ကြီး တို့လည်းအလှူရှင်တွေပါ။
နောက်ဆုံး ပိတ် လူရည်ချွန် ထောက်ပံ့ကြေး အလှူ ရှင်မှာ မှာ မမြင့်မြင့်သိန်း ဆက်သွယ်ပေးတဲ့ မုံရွာ မှ ပြင်ပ အလှူ ရှင်ဒီဇိုင်းနာ မပုံ့ ဖြစ်ပါတယ်။ ဘဏ္ဍာရေးမှူးနှင့်ဆက်သွယ် ပြီး လူရည်ချွန်အဖွဲ့ ဦးစီးသည့် ထောက်ပံ့မှု ကို ဆောင်ရွက်ပါမယ်။မကွေးဆေးကျောင်းသား ရွှေဘို လူရည်ချွန်ဖြစ်ပါတယ်။
Tint Tint Kyi LYC EC ကော်မတီဝင်

No comments:
Post a Comment